#World_News

Published 09 August 2025

▪️ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ညှိနှိုင်းဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဩဂုတ် ၁၅ ရက်နေ့ကျရင် အလက်စ်ကာမှာ တွေ့ဆုံသွားမယ်လို့ ထရမ့်က သောကြာနေ့မှာ ပြောခဲ့ပါတယ်။

▪️ ယူကရိန်းသမ္မတ ဇယ်လန်စကီ အပါအဝင် အဖက်ဖက်က အပစ်အခတ်ရပ်စဲရေးရရှိရန် နီးစပ်လာပြီလို့ ပြောပြီးနောက် လူအများမျှော်လင့်နေတဲ့ ကြေညာချက်ကို ထရမ့်က ဆိုရှယ်မီဒီယာမှာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

▪️ ဒီထဲမှာ ယူကရိန်းက နယ်မြေကြီးကြီးမားမား လက်လျှော့ရမယ့် အခြေအနေ ပါဝင်နေပါတယ်။

▪️ နှစ်ဖက်စလုံး အဆင်ပြေဖို့အတွက် နယ်မြေလဲလှယ်တာတွေ ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ်။

▪️ ရုရှားဘက်ကလည်း အစည်းအဝေးပြုလုပ်မယ့်အကြောင်း အတည်ပြုလိုက်ပါတယ်။

▪️ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ရေရှည်ငြိမ်းချမ်းရေးရရှိဖို့ အဓိကထားဆွေးနွေးသွားမှာဖြစ်ကြောင်း ပူတင်လက်ထောက် ယူရီအူရှာကော့ဗ်က ပြောပါတယ်။

▪️ ဇယ်လန်စကီတော့ ရုရှားကို ဆက်လက်ဖိအားပေးနေသရွေ့ အပစ်အခတ်ရပ်စဲရေး ရရှိနိုင်မယ်လို့ မိန့်ခွန်းပြောခဲ့ပါတယ်။

▪️ ယူကရိန်းက စစ်ပွဲအဆုံးသတ်ရေးအတွက် အလိုက်သင့်ပြောင်းလဲပေးနိုင်တဲ့သဘော ထုတ်ဖော်ထားပါတယ်။

▪️ အဖြစ်နိုင်ဆုံး သဘောတူညီမှုက ခါဆန်နဲ့ ဇာပိုရစ်ဇ်ဇီယာ စစ်မြေပြင်တွေမှာ ရုရှားက တိုက်ခိုက်မှု ရပ်တန့်မှဖြစ်ပါမယ်။

Source: Reuters.