#World_Technology
Published 13 August 2024
▪️ မာ့ခ်ဇူကာဘက်ရဲ့ အဖေဖြစ်သူ သွားဆရာဝန် ထောက်ပံ့ထားတဲ့ ဘော့စ်တွန်အခြေစိုက် နည်းပညာကုမ္ပဏီက ကမ္ဘာ့ပထမဆုံး စက်ရုပ်ထိန်းချုပ် သွားခွဲစိတ်ခြင်းလုပ်ငန်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။
▪️ ပါဆက်ပ်တစ်ကုမ္ပဏီရဲ့ ဉာဏ်ရည်တု ပုံရိပ်ဖော်ဆော့ဖ်ဝဲကို စက်ရုပ်လက်ဖြင့် ပေါင်းစပ်ထားတာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ နည်းပညာပိုင်းမှာ စွန့်စားအောင်မြင်မှုတစ်ခု ဖြစ်လာပါတယ်။
▪️ ကိုလံဘီယာ ဘာရန်ကွီလာမှာ စတင်ပြုလုပ်ခဲ့ပြီး စက်ရုပ်က လူနာရဲ့သွားကို ထိုးဖောက်ဖြတ်တောက်ခဲ့ပါတယ်။
▪️ သွားကုသခြင်း လုပ်ငန်းစဉ်တွေမှာ ထိရောက်တိကျမှု မြှင့်တင်ပေးနိုင်ပြီး လူနာတွေအတွက် ပိုမိုကောင်းမွန်တဲ့ သွားနဲ့ခံတွင်း စောင့်ရှောက်မှု ရွေးချယ်နိုင်ခွင့်ရစေမယ်လို့ ကုမ္ပဏီစီအီးအို ဒေါက်တာ ခရစ္စစီရီယဲလိုက ပြောသွားပါတယ်။
▪️ နောက်ဆုံးရည်မှန်းချက်အနေနဲ့ အလိုအလျောက်စက်တွေ အသုံးပြုပြီး သွားအစားထိုးခြင်းနဲ့ အလားတူကုသမှုတွေကို ၁၅ မိနစ်တည်းဖြင့် ပြုလုပ်နိုင်ရန် ဖြစ်တယ်လို့ ကုမ္ပဏီက ကြေညာသွားပါတယ်။
▪️ ထိုနည်းပညာဟာ စက်ရုပ်လက်များဖြင့် ခွဲစိတ်မှုမပြုလုပ်ခင် လူနာသွားဖုံးအောက်ကို ပုံရိပ်ဖတ်ပြီး AI ကိုအသုံးပြုကာ ဆန်းစစ်သွားတာ ဖြစ်ပါတယ်။
▪️ AIစက်ရုပ်စနစ်ဟာ ရောဂါရှာဖွေရေးနဲ့ ကုသစီစဉ်မှုအတွက် သုံးဖက်မြင်အချက်အလက်များ အသုံးပြုပြီး စောစီးတိကျစွာ ရှာဖွေနိုင်မှာဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။
▪️ ဒီစနစ်ဟာ အထူးစမ်းသပ်ဖန်တီးထားတာဖြစ်ပြီး သွားဆရာဝန်များအနေနဲ့ လူနာတွေကို ဘေးကင်းစွာ ကုသနိုင်ဖို့ အကူအညီပေးနိုင်ကြောင်း ဒေါက်တာ အက်ဒ်ဝပ်ဇူကာဘက်က ပြောပြပါတယ်။
▪️ မာ့ခ်ဇူကာဘက်ရဲ့အဖေက ပါဆက်ပ်တစ်အတွက် ဒေါ်လာသန်း ၃၀ ထောက်ပံ့ပေးထားသူတွေထဲက တစ်ဦးဖြစ်ပါတယ်။
▪️ ဒီနည်းပညာဖြင့် ပိုမိုဘေးကင်းတိကျတဲ့ ရောဂါရှာဖွေမှုတွေ ပြုလုပ်နိုင်လိမ့်မယ်လို့ ဟားဗတ်ဆေးတက္ကသိုလ်မှ ဂျာမန်ဂယ်လူချီက ပြောပြသွားပါတယ်။
#Source: New York Post
#World_News
Published 13 August 2024
▪️ အီရန်ဟာ ယခုသီတင်းပတ်အတွင်း အစ္စရေးလ်ကို တိုက်ခိုက်မှုကြီး ပြုလုပ်နိုင်ဖွယ်ရှိတယ်လို့ အမေရိကန် အိမ်ဖြူတော်က သတိပေးလိုက်ပါတယ်။
▪️ ဩဂုတ် ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဒီလိုတိုက်ခိုက်မှုမျိုးတွေအတွက် ပြင်ဆင်ထားရမယ်လို့ ပြောသွားပါတယ်။
▪️ အစ္စရေးလ်ဘက်ကလည်း ဒီလိုမျိုး အလားတူပြင်ဆင်ထားမယ်လို့ အမေရိကန်က မျှော်လင့်ထားသလို စိုးရိမ်ပူပန်နေရကြောင်း ပြောပါတယ်။
▪️ အရှေ့အလယ်ပိုင်း တင်းမာမှုမြင့်တက်လာတဲ့အတွက် အမေရိကန်က လေယာဉ်တင်သင်္ဘောအဖွဲ့နဲ့ ဒုံးကျည်ပစ်ရေငုပ်သင်္ဘော နေရာချထားကာ အစ္စရေးလ်ကို ထောက်ပံ့ကြောင်း ပြသထားပါတယ်။
▪️ အီရန်တိုက်ခိုက်လာနိုင်တဲ့ အကြောင်းအရင်းက ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယာ လုပ်ကြံခံရတာကို လက်တုန့်ပြန်တဲ့အနေဖြင့် ဖြစ်ပြီး ဒီလုပ်ကြံမှုကို အစ္စရေးလ်လုပ်တာလို့ သံသယရှိပေမယ့် တရားဝင် အတည်မပြုရသေးပါဘူး။
▪️ ဩဂုတ် ၅ ရက်နေ့ကပြုလုပ်တဲ့ ဂျီ၇ ကွန်ဖရန့်မှာလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အီရန်နဲ့ ဟက်ဇ်ဘိုလာတို့ ပူးပေါင်းပြီး အစ္စရေးလ်ကို တိုက်ခိုက်လာနိုင်တဲ့အကြောင်း သတိပေးခဲ့ပါတယ်။
▪️ ဧပြီ ၁၃ ရက်နေ့က အီရန်တိုက်ခိုက်ခဲ့တာထက် ပိုပြီးတိုက်ခိုက်လာနိုင်တယ်လို့ အစ္စရေးလ်ကလည်း ခန့်မှန်းထားပါတယ်။
▪️ အီရန်က အစ္စရေးလ်ကို လက်စားချေခွင့်ရှိမရှိဆိုတာ သံသယဖြစ်စရာတောင် မလိုဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ဆာကာနာနီက ပြောပါတယ်။
▪️ လက်စားချေခွင့်ရှိတယ်လို့ ပြောနေပေမယ့် အီရန်ဟာ ဒေသတွင်းတင်းမာမှု မြင့်တက်လာမှာ မလိုလားဘူးလို့လည်း ပြောပါတယ်။
▪️ ရန်လိုတိုက်ခိုက်လာသူတွေကို အပြစ်ပေးပြီး အစ္စရေးလ်အကြမ်းဖက်မှုတွေကို တားဆီးကာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းနိုင်မယ်လို့ ယူဆထားပါတယ်။
#Source: WION
#World_Health
Published 13 August 2024
▪️ အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးဆိုတာဟာ အစာခြေစနစ် ဘယ်လောက်ကောင်းမွန်လဲဆိုတာကို ပြသနေပြီး အစာအိမ်၊ အူအင်္ဂါများနဲ့ အခြားအစာခြေအင်္ဂါများ အတူတကွ လုပ်ဆောင်ကြပါတယ်။
▪️ အစာခြေစနစ်မှာပါတဲ့ ပိုးမွှားတွေကလည်း အရေးပါနေပြီး လုပ်ဆောင်ချက်များစွာ လုပ်ပေးပါတယ်။
▪️ အူလမ်းကြောင်းပြဿနာ ဖြစ်တဲ့အခါ ခန္ဓာကိုယ်မှာ လက္ခဏာအများအပြား ဖြစ်ပေါ်စေပါတယ်။
▪️ အူလမ်းကြောင်းကျန်းမာရေး တိုးတက်စေမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း စသဖြင့် ဖိစီးမှုလျော့ကျအောင် ပြုလုပ်ပြီး စိတ်တည်ငြိမ်အောင် လုပ်နိုင်ပါတယ်။
▪️ (၂) လုံလောက်စွာ အိပ်စက်ခြင်းဖြင့် အူလမ်းကြောင်း ဘက်တီးရီးယားဖွဲ့စည်းပုံကို ကောင်းမွန်စေကာ ညဘက် ၇ နာရီမှ ၉ နာရီအထိ အိပ်စက်သင့်ပါတယ်။
▪️ (၃) ဖြည်းညင်းစွာ စားသောက်ပါက အစာခြေစနစ်အနေနဲ့ အစာတွေကို ချေဖျက်ဖို့ အချိန်ပိုမိုရရှိပါတယ်။
▪️ (၄) ရေဓာတ်လုံလောက်စွာ နေထိုင်ပါက အဆိပ်အတောက်များ ဖယ်ရှားပေးကာ အစာခြေခြင်းကို ထောက်ကူပေးပါတယ်။
▪️ (၅) ပရိုဘိုင်အိုတစ်နဲ့ ပရီဘိုင်အိုတစ် ဖြည့်စွက်ဆေးများ အသုံးပြုပေးခြင်းဖြင့် အူလမ်းကြောင်းကျန်းမာရေး တိုးတက်စေနိုင်ပါတယ်။
▪️ (၆) မိမိနဲ့ မတည့်တဲ့ အစားအစာတွေက အူလမ်းကြောင်းကို ထိခိုက်စေပြီး အစာခြေမှုကို နှောင့်ယှက်စေတာကြောင့် ထိုအစားအစာတွေကို စောင့်ကြည့်ရှောင်ရှားသင့်ပါတယ်။
▪️ (၇) အမျှင်ဓာတ် ကြွယ်ဝပြီး ပရိုဘိုင်အိုတစ်ပါဝင်တဲ့ အစားအစာတွေက အူလမ်းကြောင်းထဲက အကျိုးပြု ဘက်တီးရီးယားတွေကို ကြီးထွားစေပါတယ်။
▪️ (၈) မကြာခဏ လှုပ်ရှားလေ့ကျင့်မှု ပြုလုပ်ပေးပါက အူလမ်းကြောင်း လှုပ်ရှားမှုကို မြှင့်တင်ပေးပြီး အစာခြေစနစ် ကောင်းမွန်စေပါတယ်။
▪️ (၉) အူလမ်းကြောင်း ကျန်းမာရေးကို ထောက်ပံ့ပေးတဲ့ ဖြည့်စွက်ဆေးများက အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။
▪️ အစားအစာအနေနဲ့ဆိုရင် အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံ၊ ဟင်းရွက်၊ ဂျုံစပါး၊ ပဲတို့က ဝမ်းပုံမှန်သွားစေပါတယ်။
▪️ ကြက်သွန်ဖြူက အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေကို ဖွံ့ဖြိုးကြီးထွားစေပါတယ်။
▪️ အချဉ်ဖောက်ထားတဲ့ ဒိန်ချဉ်၊ ကင်မ်ချီတို့က အကျိုးပြုဘက်တီးရီးယားတွေကနေ လက်တစ်အက်ဆစ် ထုတ်လုပ်ပေးပါတယ်။
#Source: The Jerusalem Post
ရာစုနှစ်တစ်စုသက်တမ်းရှိနေတဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တော်က ခရစ်ယာန်ဘုရားကျောင်းတော်ကြီး တစ်ခုဟာ တောင်တက်သမားတွေအတွက် မိုးလုံလေလုံ တောင်တက်ရာ နေရာကြီးတစ်ခုအဖြစ် ပြောင်းလဲ လာနေပါတယ်။
Source CCTV+
၁၁ ဩဂုတ် ၂၀၂၄
YouTube နှင့် Google ရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆူဆန်ဝစ်ဂျစ်စကီဟာ ဩဂုတ်၁၀ ရက်စနေနေ့က အဆုတ်ကင်ဆာရောဂါနှင့် ကွယ်လွန်သွားပြီဖြစ်တယ်လို့သိရပါတယ်။
“ဆူဆန်ဝစ်ဂျစ်စကီ ကွယ်လွန်တဲ့သတင်းကို ကျွန်တော်ဝမ်းနည်းစွာနှင့်ပင် မျှဝေပေးချင်ပါတယ်။ ကျွန်တော့်ရဲ့ချစ်ဇနီးအဖြစ် ၂၆ နှစ်အတူရှိခဲ့ပြီး ကလေး ၅ ယောက်ရဲ့မိခင်ဖြစ်တဲ့သူမဟာ အဆုတ်ကင်ဆာရောဂါ (၂)နှစ်ကြာ ခံစားရပြီးနောက် ဒီကနေ့မှာ ကျွန်တော်တို့ကိုထားခဲ့ပါပြီ” လို့ ခင်ပွန်းဖြစ်သူ ဒင်နစ်ထရူးပါးက ဖေ့စ်ဘုတ်မှာ ပို့စ်တင်ခဲ့ပါတယ်။
“ သူမဟာ လွန်ခဲ့တဲ့ (၂)နှစ်လုံးလုံး ခက်ခဲစွာနေထိုင်ခဲ့ရတယ်။ သူမဟာ သူမရဲ့ပရဟိတစိတ်ထားတွေနှင့် ကမ္ဘာကြီးကို ပိုမိုကောင်း မွန်အောင် စိတ်နှစ်လုပ်ဆောင်ခဲ့တယ်။ အဲဒီအထဲမှာ သူမခံစားနေရတဲ့ ရောဂါနှင့်ပတ်သက်တဲ့ သုတေသနလုပ်ငန်း ကို ပံ့ပိုးကူညီတာလည်းပါဝင်တယ်”လို့ Google ရဲ့ လက်ရှိ အမှုဆောင်အရာရှိချုပ် ဆန်ဒါပီချိုင်းက ပြောပါတယ်။
ဝစ်ဂျစ်စကီဟာ ၁၉၉၉ခုနှစ်မှာ Google မှာ စတင်အလုပ်လုပ်ခဲ့ပြီး သူမဟာနည်းပညာနယ်ပယ်ထဲက လူသိထင်ရှား အမျိုးသမီး တွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။
Google ဟာ ၂၀၀၆ခုနှစ်မှာ YouTube ကို ဒေါ်လာ ၁.၆၅ ဘီလျံနှင့်ဝယ်ယူခဲ့ပါတယ်။ သူမဟာ ၂၀၁၄ ခုနှစ်မှာ YouTube ရဲ့ စီအီးအိုမဖြစ်ခင် Google ရဲ့ ကြေညာထုတ်ကုန်ဆိုင်ရာ အကြီးတန်း ဒုတိယဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့ပါတယ်။ အဲဒီနောက်သူမဟာ ၂၀၂၃ မှာ သမိသားစုကိစ္စ၊ကျန်းမာရေးကိစ္စနှင့် ပုဂ္ဂလိက စီမံကိန်းတွေကြောင့် YouTube ကနေ ထွက်ခဲ့ ပါတယ်။ အဲဒီနောက်သူမဟာ Google ရဲ့ မိခင်ကုမ္ပဏီ အယ်ဖာဘက်မှာ အကြံပေးအဖြစ် လုပ်ခဲ့ပါတယ်။
Ref Reuters
#World_Science
Published 05 August 2024
▪️ လူသားတွေရဲ့ ခန္ဓာကိုယ်ထဲက မျိုးဗီဇအချက်အလက်တွေထဲမှာ ဇွန်ဘီဗိုင်းရပ်စ်တွေ ပုန်းကွယ်ရှိနေပြီး ပြင်ပ ဒီအင်န်အေကနေ လက်ဆင့်ကမ်းလာကာ မျိုးဆက်တွေကနေ လူသားတွေထံ ရောက်ရှိလာခဲ့ပါတယ်။
▪️ ထိုဗိုင်းရပ်စ်တွေက ပုန်းလျှိုနေတယ်လို့ ယူဆထားပေမယ့် မကြာသေးမီက လေ့လာချက်တွေမှာတော့ ထိုမျိုးဗီဇ အချက်အလက်တွေဟာ အန္တရာယ်ပေးနိုင်စွမ်း ရှိနေပါတယ်။
▪️ ကင်ဆာဆဲလ်တွေဟာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ဇွန်ဘီဗိုင်းရပ်စ်တွေကို အသုံးပြုကြတယ်လို့ ကိုလိုရာဒိုတက္ကသိုလ်မှ ဇီဝအချက်အလက်ပညာရှင် အတ်မာအိုင်ဗန်ချီဗစ်ဦးဆောင်တဲ့ သုတေသီအဖွဲ့က ရှာတွေ့ခဲ့ပါတယ်။
▪️ ယနေ့ဖြစ်ပွားနေတဲ့ ရောဂါတွေဟာ ထိုဗိုင်းရပ်စ်ကူးစက်မှုကြောင့်ဆိုတာကို ထင်ထင်ရှားရှား တွေ့ထားကြောင်း သုတေသနပြုစုသူ အက်ဒ်ဝပ်ချောင်က ဆိုပါတယ်။
▪️ အဆိုပါ ရှေးဟောင်းမျိုးဗီဇတွေဟာ ERV ဗိုင်းရပ်စ်တွေရဲ့ လက်ကျန်အစအနတွေဖြစ်ပြီး နို့တိုက်သတ္တဝါတွေ တည်ရှိဖို့အတွက် အရေးကြီးပါတယ်။
▪️ ဒါပေမဲ့ ERV နဲ့ပတ်သက်ပြီး ကင်ဆာဆဲလ်တွေကတော့ မရှိသင့်တဲ့ အရာတွေ ဖြစ်ပါတယ်။
ကင်ဆာ ၂၁ မျိုးကို လေ့လာရာမှာ ERV မျိုးနွယ်တစ်ခုဖြစ်တဲ့ LTR10 မြင့်မားစွာပါဝင်တာကို တွေ့ခဲ့ကြပါတယ်။
▪️ ကျန်ရှိနေတဲ့ LTR10မျိုးဗီဇတွေကို လူသားတွေရဲ့ စအိုအူအကျိတ်ဆဲလ်တွေမှာ တွေ့ရပြီး ကင်ဆာဖြစ်လာစေတာ ဖြစ်ပါတယ်။
▪️ ကင်ဆာက ထိုဗိုင်းရပ်စ်ပျက်တွေကို အသုံးပြုကာ အကျိတ်တွေထဲက မျိုးဗီဇတွေကို ပုံစံပြောင်းလဲပစ်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ လူသားတွေရဲ့ ကိုယ်ခံအားစနစ်တွေ ပျက်ယွင်းတဲ့အခါ ဇွန်ဘီဗိုင်းရပ်စ်တွေ ပြန်ထလာနိုင်ပြီး ကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်တယ်လို့ သုတေသီများ ပြောပါတယ်။
#Source: WION
#World_Health
Published 05 August 2024
▪️ သက်သက်လွတ်စားသူတွေဟာ ပရိုတိန်းချို့တဲ့ခြင်း ဖြစ်နိုင်ခြေများတဲ့အတွက် အပင်အခြေပြု ပရိုတိန်းတွေ ထည့်စားပေးဖို့ အရေးကြီးပါတယ်။
▪️ ပရိုတိန်းက ခန္ဓာကိုယ်မှာလိုအပ်တဲ့ အာဟာရဓာတ်ကြီး ၃ မျိုးထဲမှာ အပါအဝင်ဖြစ်ပါတယ်။
ခန္ဓာကိုယ်ရှိ ကြွက်သားတစ်ရှူးတွေကို ပြုပြင်တည်ဆောက်ပေးပြီး ဇီဝကမ္မဖြစ်စဉ် အမျိုးမျိုးမှာလည်း ပါဝင်ပါတယ်။
▪️ ခန္ဓာကိုယ်နဲ့ စိတ် မျှတစွာတည်ရှိဖို့ရာအတွက် အရေးပါနေပြီး အမိုင်နိုအက်ဆစ်တွေနဲ့ ပရိုတိန်းတွေကို တည်ဆောက်ထားပါတယ်။
▪️ သက်သက်လွတ်စားသူတွေ အာဟာရဓာတ် မျှတစွာရရှိဖို့ ပရိုတိန်းကြွယ်ဝတဲ့ စားစရာတွေကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) မြေပဲထောပတ် - ကျန်းမာရေးအတွက် ကောင်းတဲ့အဆီများ၊ အိုမီဂါ-၃၊ အိုမီဂါ-၆ တို့အပြင် ပရိုတိန်းဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။
▪️ (၂) အုတ်ဂျုံ - ပရိုတိန်းနဲ့ အမျှင်ဓာတ်များ ကြွယ်ဝတာကြောင့် ထည့်သွင်းစားသုံးရန် အထူးသင့်လျော်ပါတယ်။
▪️ (၃) ဟင်းရွက်စိမ်းများ - ဟင်းနုနွယ်၊ ကညွတ်၊ ဂေါ်ဖီထုပ်၊ ပဲစိမ်းတို့မှာ ပရိုတိန်းကြွယ်ဝစွာ ပါဝင်ပြီး အခြားအာဟာရဓာတ်များလည်း ပါဝင်ပါတယ်။
▪️ (၄) အခွံမာသီးများနှင့်အစေ့အဆန်များ - ပရိုတိန်းအပြည့်အဝရရှိဖို့ ဒီစားစရာတွေကို နေ့လယ်စာ ညစာစားတိုင်း ထည့်သွင်းသင့်ပါတယ်။
▪️ (၅) ပဲအမျိုးမျိုး - အမျိုးမျိုးသော ပဲတွေကို သင့်လျော်စွာ ချက်ပြုတ်ပါက ပရိုတိန်းအများအပြား ရရှိနိုင်ပါတယ်။
#Source: DoctorNDTV
Page 232 of 980