ဂျပန်ကုမ္ပဏီထုတ် ဖြည့်စွက်ဆေးများ အသက်အန္တရာယ်ဖြစ်စေသည်အထိ ပြဿနာဖြစ်ခဲ့သဖြင့် ပိုမိုထိန်းသိမ်းကွပ်ကဲပေးရန်အစိုးရကို တောင်းဆိုနေကြ
ဂျပန်ဆေးဝါး ထုတ်လုပ်ရေး ကိုဘာယာရှီကုမ္ပဏီမှ ထုတ်လုပ်တဲ့ ဖြည့်စွက်ဆေးများ ပါဝင်တဲ့ သတင်းကိစ္စဆိုးကြီး ဖြစ်ပျက်နေရာ ကျန်းမာရေး စားသုံးထုတ်ကုန်များကို အစိုးရအနေနဲ့ ပိုမိုထိန်းသိမ်းကြီးကြပ်ပေးဖို့ ဂျပန်မှ ဝယ်ယူသုံးစွဲသူများအဖွဲ့က တောင်းဆိုလာကြပါတယ်။
#World_News
Published 18 June 2024
#ဂျပန်ကုမ္ပဏီထုတ်ဖြည့်စွက်ဆေး #အသက်အန္တရာယ်ဖြစ်စေ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 18 June 2024
၁။ ရန်ကုန်၊ မန္တလေးရှိရွှေဆိုင်(၉)ဆိုင်တွင် ရွှေထည်များကို YGEA စျေးနှုန်း(၄၅)သိန်းကျော်ဖြင့် ရောင်းချပေးနေ
၂။ ဇီဝဇိုးငှက်အိမ်ဆောက်လုပ်မွေးမြူသည့်လုပ်ငန်းတွင် သိန်းထောင်ချီအထိ ရင်းနှီးမြှုပ်နှံသူများရှိလာဟုဆို
၃။ နောင်တရားဒေသ၌ နယ်သာလန်နှင့်တရုတ်မျိုး မိုးအာလူး ဧက ၃၀၀၀ခန့် နောင်တရားဒေသမှာနယ်သာလန်နှင့်တရုတ်မျိုးများ စိုက်ပျိုး
၄။ ဂျပန်ကုမ္ပဏီထုတ်ဖြည့်စွက်ဆေးများ အသက်အန္တရာယ်ဖြစ်စေသည်အထိပြဿနာဖြစ်ခဲ့သဖြင့် ပိုမိုထိန်းသိမ်းကွပ်ကဲပေးရန်အစိုးရကိုတောင်းဆိုနေကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
#World_News
Published 18 June 2024
▪️ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားနိုင်ငံသို့ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တို့မှာ သွားရောက်လည်ပတ်မှာ ဖြစ်တယ်လို့ နှစ်ဖက်နိုင်ငံတို့က ပြောကြားလိုက်ပါတယ်။
▪️ ဒါဟာ ယူကရိန်းကို ကျူးကျော်ပြီးကတည်းက ရုရှားနဲ့ မြောက်ကိုရီးယားတို့ ဆက်ဆံရေး အလျင်အမြန် တိုးတက်လာတာကို ဖော်ပြနေပါတယ်။
▪️ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း ရုရှားသို့ လာရောက်စဥ်က ပူတင်ကို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။
▪️ ပူတင်ဟာ ၂၀၀၀ ခုနှစ် ဇူလိုင်လတုန်းက မြောက်ကိုရီးယားသို့ နောက်ဆုံးရောက်ရှိခဲ့ပါတယ်။
▪️ အမေရိကန် အနေနဲ့ကတော့ မြောက်ကိုရီးယားနဲ့ ရုရှားတို့ ဆက်ဆံရေးမြှင့်တင်လာခြင်းဟာ စိုးရိမ်ဖြစ်လာပြီး ပူတင်က ယူကရိန်းစစ်ပွဲအတွက် လက်နက်ထောက်ပံ့မှုတွေရရှိဖို့ ကြိုးပမ်းနိုင်တယ်လို့ ဆိုပါတယ်။
▪️ ထိုခရီးစဥ်အတွင်း ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ လုံခြုံရေးကိစ္စရပ်များ အပါအဝင် ရင်းနှီးချစ်ကြည်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိတယ်လို့ ရုရှားနိုင်ငံခြားရေး ပေါ်လစီအကြံပေး ယူရီအူရှာကော့ဗ်က ဆိုပါတယ်။
▪️ ပူတင်က မြောက်ကိုရီးယားကို သွားပြီးရင် ဇွန်လ ၁၉-၂၀ ရက်နေ့တွေမှာ ဗီယက်နမ်သို့ သွားရောက်မှာဖြစ်ကြောင်း ခရမ်လင်ဌာနချုပ်က ဆိုပါတယ်။
▪️ ရုရှားက ယူကရိန်းကို တိုက်ခိုက်ဖို့အတွက် မြောက်ကိုရီးယားက လက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ အမေရိကန်က စွပ်စွဲထားပေမယ့် နှစ်နိုင်ငံစလုံးက ငြင်းဆိုထားပါတယ်။
▪️ ထိုခရီးစဥ်ကြောင့် မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား စစ်ရေးပူးပေါင်းမှု ပိုမိုမြှင့်တင်လာမှာကို တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက စိုးရိမ်နေပါတယ်။
#Soure: Reuters
Published 17 June 2024
ရှားပါးရောဂါတစ်မျိုး ခံစားနေရတဲ့ အင်္ဂလန်မှ အမျိုးသမီးတစ်ဦးဟာ အိပ်နေစဥ် ဈေးဝယ်ထွက်ခဲ့ရာ ယူရိုငွေ ၃၀၀၀ (ရူပီး ၃.၂ သိန်း)ကျော် ကုန်သွားခဲ့ပါတယ်။
အသက် ၄၂ နှစ်အရွယ် ကယ်လီနိုက်စ်ဟာ အိပ်နေစဥ် လှုပ်ရှားမှုပြုလုပ်ခြင်း (parasomnia)လို့ ခေါ်တဲ့ရောဂါမျိုး ခံစားနေရတယ်လို့ South West သတင်းဌာနသို့ ပြောကြားခဲ့ကာ ဒီရောဂါကြောင့် လူကမသိဘဲ ဈေးဝယ်ထွက်မိတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အိပ်ရာဝင်တဲ့အခါ ဒီညဘာတွေဖြစ်လာမလဲဆိုတာ စဥ်းစားရင်း အလွန်စိတ်ညစ်ရတယ်လို့ ကလေး ၃ ယောက်အမေဖြစ်သူက ပြောပြပါတယ်။
ညဥ့်နက်ကြီးမှ ဈေးဝယ်ထွက်မိတဲ့အခါမှာ ပလတ်စတစ် ဘတ်စ်ကတ်ဘောကွင်းကြီး၊ ဆေးရောင်ဗူး၊ စာအုပ်များ၊ ကလေးကစားကွင်း၊ ရေခဲသေတ္တာများ၊ စားပွဲများ၊ Haribo သကြားလုံးရာနဲ့ချီ ပါဝင်ပါတယ်။
စားစရာများကို ပြန်အပ်လို့မရသလို ကလေးများက ဆေးရောင်ဗူးများမြင်ပြီး သိမ်းထားလိုက်ရပါတယ်။
သူမရဲ့ ခရက်ဒစ်ကတ်နဲ့ ငွေကြေး အချက်အလက်များအကြောင်းကို လူလိမ်တွေထံ မသိလိုက်ဘဲ ပေးလိုက်မိသဖြင့် ၃၁၇ ဒေါ်လာ ဆုံးရှုံးခဲ့ပါတယ်။
သူ့အချက်အလက်တွေ ရောင်းစားခံလိုက်ရတယ်လို့ သံသယရှိသဖြင့် အကောင့်ထဲကငွေတွေ ထုတ်ထားလိုက်ရကာ ဘဏ်ကလည်း အကောင့်ကို ပိတ်သိမ်းပေးခဲ့ပါတယ်။
ဒါ့အပြင် ဆီးချိုဆေးများ အလွန်အကျွံ သုံးစွဲခဲ့မိသလို ပြတင်းပေါက်များ၊ တံခါးများ ဖွင့်ခြင်းတို့လည်း တွေ့ရှိရသဖြင့် ဆေးရုံတင်ခဲ့ရပါတယ်။
ဒီအခြေအနေအတွက် အသက်ရှူလမ်းကြောင်းကို ဖိအားပေးတဲ့စက် (CPAP)ကို ညဘက်အသုံးပြုနေရကာ အနည်းငယ် အထောက်အကူ ဖြစ်ပေမယ့် အိပ်နေစဥ် မသိလိုက်ဘဲ ထိုကိရိယာကို ဖြုတ်ပစ်တတ်ပါတယ်။
ထိုရောဂါဟာ အိပ်ပျော်နေစဥ်မှာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်တတ်ကာ အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။
ဦးနှောက်က တစ်စိတ်တစ်ပိုင်း နိုးကြားနေပြီး လူနာတွေဟာ ကိုယ်တိုင်မသိလိုက်ဘဲ ပြုလုပ်နေမိတာ ဖြစ်ပါတယ်။
non-REM အိပ်စက်ခြင်းအဆင့်မှာ ထိုရောဂါ အသက်ဝင်လာတယ်ဆိုရင် အိပ်နေစဥ်လမ်းလျှောက်ခြင်း၊ စားသောက်ခြင်းတို့ ပြုလုပ်တတ်ပါတယ်။
REM အဆင့်မှာဆိုရင်တော့ အိပ်မက်ဆိုးမက်ခြင်း၊ အိပ်နေစဥ်လေဖြတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
Source: India Today
#World_Health
#Published 18 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 18 June 2024
မြေပဲထောပတ်ဟာ ပရိုတိန်း၊ အမျှင်ဓာတ်၊ မပြည့်ဝဆီများ၊ ဗိုက်တာမင်များ၊ သတ္တုဓာတ်များ စသဖြင့် အာဟာရဓာတ်များ ကြွယ်ဝပါတယ်။
မြေပဲထောပတ် တစ်ဇွန်းမှာ ၉၀ ကယ်လိုရီခန့် ပါဝင်ပြီး သင်မသိသေးတဲ့ အခြားအကျိုးကျေးဇူးလည်း ရှိပါသေးတယ်။
(၁) အပင်မှရတဲ့ ပရိုတိန်းများ ကြွယ်ဝစွာပါဝင်ပြီး အာဟာရလိုအပ်ချက်များနဲ့ ကိုက်ညီပါတယ်။
(၂) မရှိမဖြစ် အာဟာရဓာတ်များ ဖြစ်တဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗိုက်တာမင်-အီးတို့ ပါဝင်ပါတယ်။
(၃) သကြားမပါတဲ့ မြေပဲထောပတ် စားမယ်ဆိုရင် သွေးတွင်းသကြားဓာတ် မတက်စေပါဘူး။
(၄) သူ့မှာပါတဲ့ မပြည့်ဝဆီက ကောင်းကျိုးပြု ကိုလက်စ်ထရောလ် (HDL) ထုတ်လုပ်ပေးသဖြင့် နှလုံးသွေးကြောရောဂါများ ကာကွယ်ပေးပါတယ်။
(၅) အဆီဓာတ်နဲ့ အမျှင်ဓာတ်များကြောင့် ဗိုက်ပြည့်ဝနေစေပါတယ်။
(၆) ပရိုတိန်းဓာတ် မြင့်မားတာကြောင့် အမိုင်နိုအက်ဆစ် ကြွယ်ဝကာ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပြီးနောက် ကြွက်သားကို ပြန်လည်အားဖြည့်စေပါတယ်။
(၇) ကလေးငယ်များ အသက် ၅ လခန့်အရွယ်မှာ မြေပဲထိတွေ့စေခြင်းဖြင့် နောက်ပိုင်းမှာ မြေပဲဓာတ်မတည့်ခြင်းမျိုး ကာကွယ်ပေးနိုင်ပါတယ်။
(၈) စက်ရုံတွေကထုတ်တဲ့ မြေပဲထောပတ်ပစ္စည်းတွေမှာ သကြား၊ ဆား၊ ဟင်းရွက်ဆီများ ထည့်သွင်းကြတာကို သတိပြုသင့်ပါတယ်။
အရသာရှိပြီး အာဟာရဓာတ်တွေ ကြွယ်ဝပေမယ့် စားသုံးတဲ့ ပမာဏ၊ ကန့်သတ်ချက်တွေကို သတိပြုရမှာ ဖြစ်ပါတယ်။
ဒါကြောင့် သဘာဝအတိုင်း ပြုလုပ်ထားတဲ့ မြေပဲထောပတ်တွေကိုသာ ဝယ်ယူသင့်ပါတယ်။
Source: The Jerusalem Post.
#World_Health
#Published 18 June 2024
#YMG #Yangon_Times #Yangon_Media_Group
အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ကြား စစ်ပွဲအဆုံးသတ်ရေးအတွက် အပစ်အခတ်ရပ်စဲရန် ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေချိန်မှာ ဂါဇာမှ မိန်းကလေးငယ်တစ်ဦးက ရာဖာမြို့ အပျက်အစီးများကြားမှာ ဂီတာတစ်လက်ငှားတီးနေပြီး သူမခံစားနေရတာတွေကို ဖော်ထုတ်ကာ စစ်ပွဲအမြန်ဆုံး အဆုံးသတ်ရန် မျှော်လင့်နေပါတယ်။
#World_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 17 June 2024
၁။ ပဲစင်းငုံဈေးများ စံချိန်တင်မြင့်တက်လာ
၂။ လာမည့်တောင်ပြုန်းပွဲ၊ အဘထွက်ပွဲများအတွက် အိုးစည်ဒိုးပတ်များ စုဆောင်းထုတ်လုပ်နေ
၃။ ကြက်သွန်ဖြူဈေး ဆက်လက်မြင့်တတ်ပြီး ရန်ကုန်ဈေးကွက်တွင် အရောင်းဝယ်အေးနေ
၄။ အစ္စရေးလ်-ဟားမတ်စ်တို့၏ ပဋိပက္ခစစ်ပွဲကြား ဒုက္ခခံစားနေရတာတွေကို တေးသီချင်းများဖြင့် ထုတ်ဖော်ပြသနေသည့် ဂါဇာမိန်းကလေးငယ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
Page 229 of 944