၆ ဇန်နဝါရီ ၂၀၂၄
အလာစကာလေကြောင်းလိုင်းလေယာဉ်တစ်စီးဟာ ကောင်းကင်ယံမှာပျံသန်းနေစဉ် လေယာဉ်ရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ ပြတင်းမှန်ပြုတ်ထွက်သွားတဲ့အတွက် ခရီးသည်တွေရဲ့ပစ္စည်းတွေ လေထဲကိုစုပ်ယူခံလိုက်ရပြီး လေယာဉ်လည်း ပေါ့တ်လန်းမှာ အရေး ပေါ်ဆင်းသက်ခဲ့ရပါတယ်။
သောကြာနေ့(ဇန်နဝါရီ၅ရက်) ကာလီဖိုနီးယားပြည်နယ် အွန်တာရီယိုကိုပျံသန်းတဲ့အဆိုပါ လေယာဉ်ဟာ ပို့တ်လ်လန်းမှာ ထွက်ခွာပျံတက်ပြီး ၃၅မိနစ်အကြာမှာ အဆိုပါကြောက်ဖက်ဘွယ်ရာ မတော်တဆမှုနှင့်ကြုံရတဲ့အတွက် လေဆိပ်ကိုပြန်လှည့် ခဲ့ရတာဖြစ်ပါတယ်။
ခရီးသည် ၁၇၁ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦးလိုက်ပါစီးနင်းလာတဲ့ အဆိုပါလေယာဉ်ဟာ မတော်တဆမှုနှင့်ကြုံခဲ့ရတာလို့ လေကြောင်းလိုင်းက သတင်းထုတ်ပြန်ပေမယ့် အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။
ခရီးသည်တွေရဲ့ ဆဲလ်ဖုန်းတွေနှင့်ကိုယ်ပိုင်ပစ္ဏည်းတွေဟာ ပေါက်ပြဲသွားတဲ့ လေယာဉ်ကိုယ်ထည်အပေါက်ကြီးထဲကနေ အပြင်ကိုစုပ်ယူသွားခြင်းခံခဲ့ကြရပါတယ်။အဲဒီအပေါက်ကြီးအနားထိုင်နေတဲ့ကလေးငယ်တစ်ဦးရဲ့ အင်္ကျီလေထဲပါသွားပြီး သူ့ အရေပြားတွေနှင့် တိုက်ခတ်တဲ့လေကြောင့် နီမြန်းသွားကုန်ပါတယ်။
လေယာဉ်အရေးပေါ်ဆင်းသက်ပြီးနောက် မီးသတ်ဌာနဟာ ဒဏ်ရာအနည်းအကျဉ်းရရှိခဲ့သူတွေကို ပြုစုစောင့်ရှောက် ပေးခဲ့ပါတယ်။
အဆိုပါလေယာဉ်ဟာ မကြာသေးမီကတည်ဆောက်ခဲ့တဲ့ ဘိုအင်း ၇၃၇ -၉ မက်စ်737-9 Max အမျိုးအစားဖြစ်ပြီး အန္တရာယ် ကင်းကြောင်းလကမှတ်လည်း ၂၀၂၃ အောက်တိုဘာ ၂၅ရက်ကရရှိခဲ့ပြီးဖြစ်ပါတယ်။ ယခုဖြစ်ရပ်ကြောင့် အလာစကာ လေကြောင်းဟာ ယင်းရဲ့ 737-9 Max လေယာဉ်အားလုံးကို ပျံသန်းခွင့်ယာယီရပ်ဆိုင်းလိုက်ပါတယ်။
ဖြစ်စဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီး သိရတာနှင့်ချက်ခြင်းသတင်းထုတ်ပြန်ပေးမယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။
Source NYP
#USNews
#World_Science
Published 06 January 2024
ကမ္ဘာမြေပေါ်မှာ ရွှေတွေကို သတ္တုတွင်းကနေ တူးဖော်ရရှိပေမယ့် အာကာသမှာတော့ ကြယ်များပွတ်တိုက်ရာကနေ ဖြစ်ပေါ်လာပါတယ်။
အာကာသထဲက နျူထရွန်ကြယ်နှစ်ခု တိုက်မိတဲ့အခါ သံထက်လေးတဲ့ ရွှေနဲ့ အခြားသတ္တုများ ဖြစ်ပေါ်ပါတယ်။
ကြွေလာတဲ့ကြယ်တွေ ပွတ်တိုက်တဲ့အခါ လှိုင်းများဖြစ်ပေါ်ပြီး ကီလိုနိုဗာလို့ခေါ်တဲ့ အလင်းတန်းများ ထွက်ပေါ်လာပါတယ်။
မက်စ်ပလန့်ခ်တက္ကသိုလ်နဲ့ ပေါ့စ်ဒမ်တက္ကသိုလ်တို့မှ သုတေသီများက တစ်ခုတည်းသော မှတ်တမ်းတင်နိုင်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ကီလိုနိုဗာ ပေါက်ကွဲမှုကို လေ့လာခဲ့ပါတယ်။
ဒါကိုအခြေခံကာ ဒီလေ့လာပုံက သံထက်လေးတဲ့ သတ္တုတွေဖြစ်ပေါ်ခဲ့တဲ့ တစ်ခုတည်းသော မှတ်တမ်းကို နားလည်စေရန် အထောက်အကူ ဖြစ်စေမှာပါ။
ထိုနည်းလမ်းဖြင့် အလွန်သိပ်သည်းတဲ့ အရာတွေကို ခွဲခြမ်းစိတ်ဖြာနိုင်မှာ ဖြစ်ကြောင်း၊ ကြယ်တွေပေါင်းတဲ့အခါ လေးလံတဲ့ သတ္တုဒြပ်စင်တွေ ဘယ်လောက်ထွက်လာကြောင်း သိပ္ပံပညာရှင် ဒီထရက်ချ်က ပြောပြသွားပါတယ်။
ကြယ်တွေကြွေတဲ့အခါ သူတို့ကို အားဖြည့်ပေးနေတဲ့ နျူကလီးယားပေါင်းစပ်ခြင်း ဖြစ်စဥ်ကလည်း ရပ်တန့်သွားပါတယ်။
ကြယ်တွေတစ်ခုနဲ့တစ်ခု တိုက်မိတဲ့အခါ နျူထရွန်တွေ အာကာသထဲ လွင့်စင်သွားပြီး အလွန်လေးလံတဲ့ ဒြပ်စင်တွေ ဖြစ်လာပါတယ်။
ထိုဒြပ်စင်တွေက သံထက်လေးတဲ့ အခြားဒြပ်စင်များအဖြစ် ဆွေးမြည့်လာပြီး ထိုသတ္တုတွေထဲက တစ်မျိုးက ရွှေဖြစ်ပါတယ်။
#World_Science #ကြယ်များပွတ်တိုက်ကာရွှေဖြစ်လာ #ကီလိုနိုဗာပေါက်ကွဲမှု #ပညာရှင်များလေ့လာနေ #Source: WION
#World_Politics
Published 06 January 2024
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ပြည်နယ်တစ်ခုရဲ့ ရီပတ်ဘလစ်ကန် ပင်မမဲပေးမှုကနေ ပိတ်ပင်ခံရတဲ့ တရားစီရင်ရေး ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ဖို့ ကြိုးစားရာ အမေရိကန် တရားရုံးချုပ်က အဆိုပါ အယူခံဝင်ချက်ကို ကြားနာရန် ဒီဇင်ဘာ ၅ ရက်နေ့က သဘောတူလိုက်ပါတယ်။
ဒါဟာ ၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် နိုင်ငံရေးအရ ကြီးမားတဲ့ ဂယက်ရိုက်ခတ်မှုတွေ ရှိလာပါတယ်။
ထရမ့်ကို ပြည်နယ်ရဲ့ ရီပတ်ဘလစ်ကန် ပင်မမဲပေးမှုမှာ ပါဝင်ခွင့်မရသင့်ဘူးလို့ ကိုလိုရာဒိုပြည်နယ် တရားရုံးချုပ်ကနေ ဒီဇင်ဘာ ၁၉ ရက်နေ့က စီရင်ချက်ချတာဟာ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၄ ကြိမ်မြောက်ပြင်ဆင်ချက်အရ ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့မှာ ပုန်ကန်မှုပေါ်ပေါက်ရန် လှုံ့ဆော်ခဲ့တဲ့အပေါ် အခြေပြုထားပါတယ်။
တရားသူကြီးတွေက ထိုအမှုကို ပုံမှန်ထက် အလျင်အမြန် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပုန်ကန်မှုမှာ ပါဝင်ပတ်သက်တဲ့ မည်သူ့ကိုမဆို တားမြစ်ပိတ်ပင်ထားတဲ့ အခြေခံဥပဒေအရ ထရမ့်ဟာ သမ္မတရာထူးအတွက် ယှဥ်ပြိုင်ခွင့် မရသင့်ဘူးလို့ ပြည်နယ်တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ကိုလိုရာဒိုရီပတ်ဘလစ်ကန်ပါတီကနေ သီးခြားအယူခံဝင်တာကိုတော့ တရားရုံးချုပ်က တုန့်ပြန်ဖြေကြားခြင်း မရှိပါဘူး။
ထရမ့်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဗင်ချောင်က အယူခံဝင်မှုကို ကြားနာမယ့် တရားရုံးဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ကာ ထရမ့်ကို ယှဥ်ပြိုင်ခွင့်မရစေရန် လက်ဝဲနိုင်ငံရေးသမားများ၊ နိုင်ငံရေးလှုပ်ရှားသူများက ငွေကြေးအင်အားကောင်းကောင်းဖြင့် ကြိုးပမ်းအားထုတ်နေကြတာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
ရီပတ်ဘလစ်ကန် အများစုကတော့ မဲပေးမှုမှာ ပါဝင်ခွင့်မရအောင် ကြိုးပမ်းနေတာတွေဟာ ရွေးကောက်ပွဲ အနှောင့်အယှက်ဖြစ်စေတယ်လို့ ဆိုကြပါတယ်။
အခြားတစ်ဖက်မှာတော့ ထရမ့်ကို ပုန်ကန်မှုအတွက် အခြေခံဖွဲ့စည်းပုံဥပဒေအရ ဆောင်ရွက်တာဟာ ဒီမိုကရေစီစံချိန်ကို ထိန်းသိမ်းရာရောက်တယ်လို့ ဆိုကြပါတယ်။
အယူခံဝင်မှုကို ကြားနာရန် ဆုံးဖြတ်လိုက်တာဟာ တရားသူကြီးတွေအတွက် သက်ရောက်မှုတွေ ရှိလာနိုင်ပြီး နိုင်ငံရေးအငြင်းအခုံ သဘာဝအရ ဘယ်ဘက်ကိုပဲ ယိုင်သည်ဖြစ်စေ ပါတီတစ်ဖက်ဖက်ကို ဘက်လိုက်တယ်လို့ စွပ်စွဲခံရမယ့် အလားအလာ ရှိနေပါတယ်။
#World_Politics #သမ္မတရွေးကောက်ပွဲ #ဒေါ်နယ်ထရမ့်အားပိတ်ပင်ခြင်းပြုမပြု #အမေရိကန်တရားရုံးချုပ်က ဆုံးဖြတ် #Source: CNA
#World_Health
Published 06 January 2024
၂၀၂၄ နှစ်သစ်မှာ အသက်ရှည်ကျန်းမာလာစေရန် အချို့လူတွေက ဆုံးဖြတ်ချက်တွေ ပြုလုပ်လာကြပါတယ်။
သိပ္ပံနည်းကျ အသိပညာတွေ ထွန်းကားလာပေမယ့် လူတွေရဲ့ ပျမ်းမျှနေထိုင်သက်တမ်းက ဆယ်စုနှစ်များအတွင်း လျော့နည်းလာပါတယ်။
ဒါကြောင့် အခြားလူကြိုက်များနေတဲ့ အကြောင်းအရာတွေထက် ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် နည်းလမ်းငါးမျိုးကို ဖော်ပြလိုက်ပါတယ်။
(၁) ဂလူးကို့စ်နည်းပါးပြီး ရောင်ရမ်းခြင်းကိုဆန့်ကျင်တဲ့ အစားအစာများစားခြင်း
ဂလူးကို့စ်ပါဝင်မှုနှုန်း နည်းပါးတဲ့ စားစရာတွေက အဆီကျစေပြီး နေ့စဥ်ကယ်လိုရီ စားသုံးမှုလုံလောက်ပါက ကြွက်သားထိန်းသိမ်းပေးပါတယ်။
အသီးအရွက်များမှ ကာဗိုဟိုက်ဒရိတ်များကို အများအပြားစားသုံးသင့်ပြီး သံလွင်ဆီ ထောပတ်ဆီတို့လို ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီများ စားသုံးသင့်ပါတယ်။
(၂) ခွန်အားသုံးလေ့ကျင့်ခန်းများ ဦးစားပေးခြင်း
အသက်အရွယ်ကြောင့် ကြွက်သားဆုံးရှုံးမှုများ ကာကွယ်ဖို့အတွက် ခွန်အားပြု လေ့ကျင့်ခန်းတွေက အရေးကြီးပါတယ်။
ကြွက်သားထုကြီးထွားအောင် ပြုလုပ်ခြင်းဖြင့် နှလုံးရောဂါများ၊ ကင်ဆာရောဂါများလည်း ကင်းဝေးစေပြီး အဆီတွေကို အလျင်မြန်ဆုံးဖယ်ရှားနိုင်တဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။
(၃) သွေးပေါင်ချိန်တိုင်းတာခြင်း
သွေးပေါင်ချိန်ကို တိုင်းတာခြင်းက မိမိရဲ့ရောဂါအခြေအနေတွေကို စောင့်ကြည့်တဲ့နေရာမှာ အလွယ်ကူဆုံး နည်းလမ်း ဖြစ်ပါတယ်။
သွေးပေါင်ချိန်ကို ပုံမှန်ပမာဏအတွင်း ရှိနေအောင် အမြဲထိန်းသိမ်းသင့်ပြီး မြင့်တက်နေပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါပြီ။
သွေးပေါင်ချိန် ပုံမှန်ဖြစ်နေစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်စွာစားခြင်း၊ နေ့စဥ်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ဖိစီးမှုလျှော့ချခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
(၄) သွေးစစ်ဆေးခြင်း
အသက်ကြီးလာတာနဲ့အမျှ ရောင်ရမ်းလာခြင်း၊ ဟော်မုန်းကျဆင်းလာခြင်းတို့ ဖြစ်လာကာ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းရန် ခက်ခဲလာပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေမှာ သွေးစစ်ဆေးခြင်း ပြုလုပ်သင့်ပြီး အရေးကြီးတဲ့ ဓာတ်တွေကတော့ HbA1c ၊ အင်ဆူလင်၊ သွေးတွင်းအဆီဓာတ်၊ အေပိုလိုင်ပိုပရိုတိန်းဘီ၊ CRP ၊ ဟော်မုန်းများကို စစ်ဆေးသင့်ပါတယ်။
(၅) စိတ်ဖိစီးမှုဒဏ်ကို အတတ်နိုင်ဆုံးလျှော့ချခြင်း
ယေဘုယျကျန်းမာရေးအတွက် အရေးကြီးဆုံးတစ်မျိုးက ဖိစီးမှုကို ထိန်းချုပ်ဖို့ပါပဲ။
ဖိစီးမှုလျှော့ချဖို့အတွက် ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ ကမ်းခြေမှာ အနားယူခြင်း၊ ချွေးထုတ်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
ဒါ့အပြင် လုံလောက်စွာ အိပ်စက်ဖို့နဲ့ အပေါင်းအသင်းများနဲ့ ပြောဆိုဆက်ဆံဖို့ကလည်း အရေးကြီးပါတယ်။
#World_Health #သက်ရှည်ကျန်းမာစေရန် # နှစ်သစ်တွင်ကျင့်ကြံသင့်သည့်နည်းလမ်း #Source: New York Post
သောင်းနဲ့ချီတဲ့ လူတွေဟာ လက်ရှိအချိန်ထိ ဂါဇာမြို့မှာ အကြောင်းအမျိုးမျိုးကြောင့် သောင်တင်နေဆဲဖြစ်ပြီး အစာရေစာ၊ အခြေခံသန့်ရှင်းမှုများ မရရှိဘဲ ခက်ခက်ခဲခဲအသက်ရှင်နေရပါတယ်။
#Gaza_Crisis
Published_5 January 2024
#လူအများအပြားသောင်တင်နေဆဲ #အစာရေစာပြတ်လပ်နေကြ
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_5 January 2024
၁။ ရန်ကုန်တွင် ချောင်းဆိုး၊ ဖျားနာသူများ ပြန်များလာ၍ Mask များ ပြန်တပ်လာ
၂။ ဓါတ်မြေဩဇာဈေးနှုန်းများ ကြီးမြင့်လာသည့်အတွက် ဇီဝသဘာဝမြေဩဇာတွဲဖက်အသုံးပြုနိူင်ရန် တောင်သူများကို သင်တန်းများပို့ချပေးနေဟုဆို
၃။ မြန်မာ့ဝါးလက်မှုထည်များ တစ်လလျှင်ကျပ်သိန်းရာကျော်အထိ ဝင်ငွေရရှိအောင် ရောင်းအားကောင်းနေ
၄။ ဂါဇာမြို့တွင် လူအများအပြားသောင်တင်နေဆဲဖြစ်ကာ အစာရေစာပြတ်လပ်နေကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published_5 January 2024
ခရီးသည် ရာပေါင်းများစွာတင်ဆောင်လာတဲ့ရထားနှစ်စီး ဇန်နဝါရီ (၅)ရက်သောကြာနေ့က အင်ဒိုနီးရှားနိုင်ငံမှာ တိုက်မိကြရာ အနည်းဆုံး လူ(၄)ဦး သေဆုံးပြီး ၂၂ ဦးဒဏ်ရာရရှိခဲ့ကြပါတယ်။
အနောက်ဂျာဗားပြည်နယ်မှာ အဆိုပါ ရထားတိုက်မှုကြောင့် ရထားနှစ်စီးစလုံးရဲ့ ရှေ့ပိုင်းအတွဲတွေ အားလုံး ပျက်စီးသွားပြီး နောက်တွဲတွေဟာ စပါးခင်းတွေထဲ လမ်းချော်တိမ်းမှောက်ကုန်ကြပါတယ်။
စီးနင်းလာတဲ့ ခရီးသည် ၅၀၀ ဦးခန့်ထဲမှာ သေဆုံးသူတွေမရှိဘဲ သေဆုံးသူ (၄)ဦးစလုံးဟာ ရထားအမှုထမ်းတွေဖြစ်ကြတယ် လို့သိရပါတယ်။ သေဆုံးသူတစ်ဦးဟာ တွဲပျက်အောက်ပိနေလို့ ဆွဲထုတ်လို့မရသေးဘူးလို့လည်း သတင်းများကဆိုပါတယ်။
သောကြာနေ့ မနက် ၆နာရီခွဲမှာ ခရီးသည် ၂၈၇ ဦးပါလာတဲ့ မြို့တွင်းဆွဲရထားတစ်စီးနှင့် ခရီးသည်၁၉၁ ဦးပါလာတဲ့ လိုကယ်လ်ရထားတစ်စီးတို့ ဆီကယ်လန်ကာအနီးတိုက်မိခဲ့ကြတာဖြစ်တယ်လို့ရထားကုမ္ပဏီ PT KAI ကပြောပါတယ်။
ဒဏ်ရာရသူအရေအတွက်ကတော့ အမျိုးမျိုးပြောနေကြပါတယ်။ ရဲတွေက ၃၇ဦးဒဏ်ရာရတယ်လို့ဆိုပြီး ရထားကုမ္ပဏီ ကတော့ ၂၂ ဦးလို့ပြောပါတယ်။
ရထားနှစ်စီးတိုက်ရတဲ့ အကြောင်းရင်းကို ယခုထက်ထိမသိရသေးပါဘူး။ ပို့ဆောင်ရေးဝန်ကြီးဌာနက လူတွေကယ်ထုတ်ဖို့ အကူအညီပေးရေးအဖွဲ့စေလွှတ်ပြီး ရထားတိုက်ရတဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်မယ်လို့ပြောပါတယ်။
#Local_News #ခရီးသည်တင်ရထားနှစ်စီးတိုက်မိ #(၄)ဦးသေဆုံးပြီး(၂၂)ဦးဒဏ်ရာရ #Source CNA
Page 230 of 825