#World_Health
Published 28 March 2026
■ ခန္ဓာကိုယ်ထဲက ကော်လာဂျင်ပရိုတိန်းမော်လီကျူးတွေဟာ အရေပြား၊ အရိုး၊ ကြွက်သား၊ အရွတ်၊ အရိုးနုတို့ရဲ့ ကြံ့ခိုင်ကျန်းမာမှုကို ကူညီပေးကာ တွယ်ဆက်တစ်ရှူးတွေကိုလည်း ထောက်ပံ့ပေးပါတယ်။
■ အရေပြားအထူးကု ဂျူရှာဘာရှာဆာရင်က ကော်လာဂျင်မြှင့်တင်ပေးနိုင်မယ့် အစားအစာတွေကို ဖော်ပြသွားပါတယ်။
■ အကောင်းဆုံးအရာတွေကတော့..
အချဉ်သီးများ - ဗိုက်တာမင်(စီ)က လူ့အရေပြားထဲက ကော်လာဂျင်ကို တိုက်ရိုက်မြှင့်တင်ပေးပါတယ်။
■ အရိုးပြုတ်ရည် - ကော်လာဂျင်တိုးစေတဲ့ အမိုင်နိုအက်ဆစ်တွေ အလွန်ကြွယ်ဝပါတယ်။
ကြက်သား - ကော်လာဂျင်တည်ဆောက်ဖို့ လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေဖြစ်တဲ့ ဂလိုင်စင်းနဲ့ ပရိုလင်းတို့ ဖြည့်စွမ်းပေးနိုင်ပါတယ်။
■ ကော်လာဂျင်အသင့်အတင့် ပေးစွမ်းနိုင်တဲ့ အစားအစာတွေကတော့..
ဘယ်ရီသီးများ - ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝကာ အရေပြားထဲက ကော်လာဂျင်ဖြိုခွဲမှုကို နှေးစေပါတယ်။
■ ဥများ - ကော်လာဂျင်ဖြစ်တည်ဖို့ လိုအပ်တဲ့ ပရိုလင်းနဲ့ ဂလိုင်စင်းတို့ ပါဝင်ပါတယ်။
■ အစိမ်းရင့်ရောင်ဟင်းရွက်များ - သူတို့မှာပါဝင်တဲ့ ဗိုက်တာမင်-စီနဲ့ ကယ်ရိုတီနွိုက်တို့က ကော်လာဂျင်ဖွဲ့စည်းမှုကို ထောက်ပံ့ပေးပါတယ်။
■ ငါး - ကော်လာဂျင်ပပ်တိုက်နဲ့ အမိုင်နိုအက်ဆစ်တို့ ဖြည့်စွမ်းပေးတာကြောင့် အရေပြားအတွက် အကျိုးပြုစေပါတယ်။
■ ပဲစေ့များ - ကော်လာဂျင်ထုတ်လုပ်ခြင်းနဲ့ အရေပြားပြုပြင်ခြင်းတို့အတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေကို ထောက်ပံ့ပေးပါတယ်။
■ အနည်းငယ်သာ ထောက်ပံ့နိုင်တဲ့ စားစရာတွေထဲမှာတော့ အခွံမာသီးများ၊ ခရမ်းချဉ်သီးများ၊ ဝိုင်နီတို့ ပါဝင်ပါတယ်။
Source: NDTV.
ရွှေဈေးတွေ အတော်လေးကျဆင်းနေပြီး ၁၉၈၃ နောက်ပိုင်း တစ်ပတ်တည်းနဲ့ ကျဆင်းမှုအကြီးဆုံးဖြစ်ခဲ့ကာ တရုတ်တောင်ပိုင်းရှင်ကျန်မှာ ဝယ်လိုအား မြင့်တက်နေပါတယ်။
#World_Business
Published 27 March 2026
#ရွှေဈေး #တရုတ်တောင်ပိုင်းရှင်ကျန်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 27 March 2026
■ အမေရိကန်ဒေါ်လာ ငွေသားစက္ကူတွေမှာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ လက်မှတ်ကို ယခုနွေရာသီမှစပြီး ရေးထိုးသွားမှာဖြစ်ကာ လက်ရှိသမ္မတတစ်ဦးရဲ့လက်မှတ် ငွေသားပေါ်မှာပါရှိတာ ပထမဆုံးဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ကြာသပတေးနေ့က ပြောပါတယ်။
■ အမေရိကန် လွတ်လပ်ရေး နှစ်ပေါင်း ၂၅၀ ပြည့်အတွက် ဖြစ်သလို အမေရိကန် ဘဏ္ဍာရေးမှူးရဲ့ လက်မှတ်ပါဝင်တာလည်း ၁၆၅ နှစ်အတွင်း ပထမဆုံးဖြစ်ပါတယ်။
■ ပထမဆုံး ဒေါ်လာ ၁၀၀ တန်တွေကို ဇွန်လမှာ ထရမ့်နဲ့ ဘဏ္ဍာထိန်း စကော့ဘက်ဆန့်တို့ရဲ့ လက်မှတ်တွေ ရိုက်နှိပ်မှာဖြစ်ကာ နောက်လတွေမှာတော့ ကျန်တဲ့ဒေါ်လာတန်တွေ ရိုက်နှိပ်မှာ ဖြစ်ပါတယ်။
■ ဘဏ္ဍာတိုက်ကတော့ သမ္မဟောင်း ဂျိုးဘိုင်ဒင်ရဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဂျဲနတ်ယယ်လန်နဲ့ လင်းမာလာဘာတို့ရဲ့ လက်မှတ်တွေ ပါဝင်တဲ့ ငွေသားတွေ ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။
■ ထရမ့်အစိုးရအဖွဲ့နဲ့ အပေါင်းအပါတွေက သမ္မတနာမည်ကို အဆောက်အအုံတွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရအစီအစဉ်တွေ၊ စစ်သင်္ဘောတွေ၊ ဒင်္ဂါးတွေအပေါ်မှာ ထည့်သွင်းသွားဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။
■ ဒီအစီအစဉ်ဟာ ထရမ့်ရဲ့ ဒုတိယမြောက် သမ္မတသက်တမ်းအတွင်း အမေရိကန် စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ငွေကြေးတည်ငြိမ်မှု အားကောင်းတာကို ညွှန်ပြနေတယ်လို့ ဘက်ဆန့်က ပြောထားပါတယ်။
■ ဖက်ဒရယ်ဥပဒေအရ သက်ရှိထင်ရှားပုဂ္ဂိုလ်တွေ အမေရိကန်ပိုက်ဆံတွေမှာ ရိုက်နှိပ်တာကို တားမြစ်ထားပေမယ့် အတုအပတိုက်ဖျက်ရေးအတွက် ပြောင်းလဲမှုပြုလုပ်ဖို့အတွက်တော့ ခွင့်ပြုထားပါတယ်။
■ လက်ရှိဘဏ္ဍာရေးမှူး ဘရန်ဒန်ဘီ့ချ်နဲ့ ဘဏ္ဍာရေးမှူးဟောင်း ဂျိုဗီတာကာရန်ဇာတို့က ဒီပြောင်းလဲမှုကို ထောက်ခံနေကာ ထရမ့်ရဲ့ သမ္မတသက်တမ်းအတွင်း စီးပွားရေးအောင်မြင်မှုများကို ချီးကျူးခဲ့ပါတယ်။
Source: Reuters
#World_Science
Published 27 March 2026
■ ကမ္ဘာမြေဆွဲအား မရှိတဲ့နေရာမှာ ၂၄ နာရီတိုင်အောင် ရှိနေတဲ့အခါ လူတစ်ယောက်ကို ဆိုးဆိုးရွားရွား ထိခိုက်တာမရှိပေမယ့် သွေးလည်ပတ်မှု၊ မျှခြေစနစ်၊ ဦးနှောက်လုပ်ဆောင်ချက်တို့မှာ သိသာထင်ရှားစွာ ပြောင်းလဲလာပါတယ်။
■ ခန္ဓာကိုယ်က မိနစ်ပိုင်းအတွင်းမှာပဲ စတင်ပြီးတော့ အလိုက်သင့်ပြောင်းလဲလာတယ်လို့ ပရက်စ်ဟဲ့သ်ဆေးရုံမှ ဒေါက်တာ အာရ်အာရ်ဒုတာက ပြောပါတယ်။
■ ကမ္ဘာမြေဆွဲအားက သွေးတွေကို ခြေထောက်ဆီ ဆွဲယူပေမယ့် ဆွဲအားမရှိရင်တော့ သွေးနဲ့ အရည်တွေက ရင်ဘတ် ဦးခေါင်းဆီသို့ ရွေ့သွားကာ မျက်နှာဖောင်းအစ်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ ခံစားရနိုင်ပါတယ်။
■ ဒါတွေကို ပိုလျှံတဲ့အရည်တွေအဖြစ် မှတ်ယူပြီး ဆီးပိုထွက်စေသဖြင့် ပထမဆုံး ၂၄ နာရီအတွင်း သွေးရည်ကြည်ပမာဏ လျော့နည်းလာပါတယ်။
■ ဆွဲအားမရှိရင် နှလုံးက သွေးတွေအပေါ်ရောက်အောင် အားစိုက်ညှစ်ထုတ်စရာ မလိုတော့သလို အစပိုင်းမှာ သွေးပေါင်ချိန် အနည်းငယ် ကျဆင်းနိုင်ပါတယ်။
■ ၂၄ နာရီကျော်လာတဲ့အခါ ဒီပြောင်းလဲမှုတွေ သိပ်မသိသာတော့ဘဲ ကျန်းမာသူတွေမှာဆိုရင် ခံနိုင်ရည်ရှိလာပါတယ်။
■ အရိုးနဲ့ ကြွက်သားတွေကတော့ ၂၄ နာရီလောက်နဲ့ အားနည်းယုတ်လျော့သွားတာမျိုး မရှိပါဘူး။
■ ဦးနှောက်က ပုံမှန်ဆိုရင် နားအတွင်းပိုင်း၊ မျက်လုံး၊ ကြွက်သား၊ အဆစ်တွေကနေ ခန္ဓာကိုယ်အနေအထား ထိန်းသိမ်းပေးပါတယ်။
■ ဆွဲအားမရှိတဲ့အခါမှာတော့ ကိုယ်ဟန်မျှခြေနဲ့ အမြင်အာရုံတွေကြား လွဲမှားကုန်ကြပြီး မူးဝေခြင်း၊ အော့အန်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
■ ကျန်းမာသူတစ်ယောက်အတွက် ဆွဲအားမရှိတဲ့နေရာမှာ တစ်ရက်တာနေထိုင်ခြင်းက နေရထိုင်ရ မကောင်းပေမယ့် ဘေးအန္တရာယ်တော့ မဖြစ်စေပါဘူး။
Source: Indian Express.
#World_Health
Published 27 March 2026
■ အဆင့်ဆင့်ထုတ်လုပ်ထုပ်ပိုး စားစရာတွေက ကလေးငယ်တွေရဲ့ စိတ်ခံစားချက်နဲ့ အပြုအမူပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုတွေကို သက်ရောက်စေနိုင်တယ်လို့ လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။
■ ဒီလိုစားစရာတွေ ပိုမိုစားသုံးတဲ့ ကလေးတွေမှာ စိုးရိမ်ပူပန်ခြင်း၊ ကြောက်စိတ်ဖြစ်ခြင်း၊ ရန်လိုခြင်း၊ ကဏာမငြိမ်ဖြစ်ခြင်း စတဲ့ပြဿနာတွေ ဖြစ်နိုင်ခြေများတယ်လို့ သုတေသီတွေက မတ်လ ၃ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
■ ငယ်ဘဝမှာ စက်ရုံထုတ်လုပ်မှု အနည်းဆုံးစားစရာတွေဖြစ်တဲ့ သစ်သီး၊ ဟင်းရွက်တို့ ပြောင်းစားရုံဖြင့် အပြုအမူပိုင်းနဲ့ စိတ်ခံစားမှုပိုင်း ဖွံ့ဖြိုးမှုတွေကို မှန်ကန်စွာ ထောက်ပံ့ပေးနိုင်မယ်လို့ တိုရွန်တိုတက္ကသိုလ်မှ အာဟာရသိပ္ပံ လက်ထောက်ပရော်ဖက်ဆာ ဒေါက်တာ ကိုဇီတာမီလီကူက ပြောထားပါတယ်။
■ အဆင့်ဆင့်ထုတ်လုပ်စားစရာတွေဟာ ပြည့်ဝဆီတွေ၊ ကစီတွေ၊ သကြားတွေနဲ့ အများစုပြုလုပ်ထားသလို အရသာရှိပြီး ဆွဲဆောင်မှုရှိစေတဲ့ ဓာတုပစ္စည်းအမျိုးမျိုးလည်း ပါဝင်ပါတယ်။
■ ထိုစားစရာတွေထဲမှာ အချိုဓာတ်ပါတဲ့ အစာတွေ၊ မုန့်ဖုတ်ထုပ်တွေ၊ အသင့်စားအသားတွေ ပါဝင်ပါတယ်။
■ မူကြိုအရွယ်ကလေးပေါင်း ၂,၁၀၀ နီးပါးကို စောင့်ကြည့်ကာ အချက်အလက်များကို ဆန်းစစ်ခဲ့ကြပါတယ်။
■ ၃ နှစ်အရွယ်ကရတဲ့ အစားအသောက် အချက်အလက်တွေကို ၅ နှစ်အရွယ်ရောက်ချိန် စိတ်ခံစားချက်ပိုင်းနဲ့ အပြုအမူပိုင်း အခြေအနေတို့ကို နှိုင်းယှဉ်ခဲ့ကြပါတယ်။
■ အဆင့်ဆင့်ထုတ်လုပ်စားစရာတွေ ပိုစားတဲ့ကလေးတွေက စိတ်ခံစားမှုနဲ့ အပြုအမူပိုင်းပြဿနာတွေ ဖြစ်နိုင်ခြေပိုများတာ တွေ့ခဲ့ကြပါတယ်။
■ အသီးအနှံတွေ ထည့်စားခြင်း၊ အချိုရည်သောက်မယ့်အစား ရေသောက်ခြင်း စတဲ့ စားသောက်မှုပုံစ့များ ပြောင်းလဲခြင်းဖြင့် ကျန်းမာရေးနဲ့ ညီညွတ်စွာဖွံ့ဖြိုးစေမှာ ဖြစ်ပါတယ်။
Source: US News.
တရုတ်အရှေ့ပိုင်း အန်ဟွေ့ပြည်နယ် ဟယ်ဖေရှိ ယာဉ်ထိန်းရဲဌာနဟာ မော်တော်ယာဉ်လိုင်စင်နံပါတ်ပြားများ ဒရုန်းပို့ဆောင်ရေးလမ်းကြောင်းကို သောကြာနေ့က ပထမဆုံးတရားဝင်စတင်လိုက်ပါတယ်။
#Asia_Development
Published 26 March 2026
#တရုတ်အရှေ့ပိုင်းအန်ဟွေ့ပြည်နယ် #ဒရုန်း
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 26 March 2026
■ ဒူဘိုင်း/တယ်လ်အဗစ်၊ မတ် ၂၅ (ရိုက်တာ) - ပင်လယ်ကွေ့စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်၏ အဆိုပြုချက်ကို အီရန်က ပြန်လည်သုံးသပ်နေသော်လည်း ပိုမိုကျယ်ပြန့်လာသော အရှေ့အလယ်ပိုင်းပဋိပက္ခကို လျှော့ချရန်အတွက် ဆွေးနွေးပွဲများပြုလုပ်ရန် ရည်ရွယ်ချက်မရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
■ အီရန်အရာရှိများက အမေရိကန်နှင့် မည်သည့်ညှိနှိုင်းမှုမျိုးကိုမဆို လူသိရှင်ကြား လှောင်ပြောင်ပယ်ချခဲ့သဖြင့် အစောပိုင်းတုံ့ပြန်မှုများမှာ အနုတ်လက္ခဏာဆောင်ခဲ့သော်လည်း၊ နိုင်ငံခြားရေးဝန်ကြီး Abbas Araqchi ၏ မှတ်ချက်များအရ တီဟီရန်အနေဖြင့် ၎င်းတို့၏ တောင်းဆိုချက်များ ပြည့်ဝပါက စစ်ပွဲအဆုံးသတ်ရန် ညှိနှိုင်းလိုသည့် ဆန္ဒအချို့ရှိနေကြောင်း ဖော်ပြနေသည်။
■ ကြားခံများမှတစ်ဆင့် သတင်းစကားများ ဖလှယ်ခြင်းသည် "အမေရိကန်နှင့် ညှိနှိုင်းနေခြင်းကို မဆိုလိုပါ" ဟု Araqchi က နိုင်ငံပိုင်ရုပ်မြင်သံကြားတွင် ပြောကြားခဲ့သည်။ "သူတို့ရဲ့ သတင်းစကားတွေထဲမှာ အကြံပြုချက်တွေကို တင်ပြထားပြီး ဒါတွေကို အဆင့်မြင့်အာဏာပိုင်တွေဆီ ပေးပို့ထားပါတယ်။ လိုအပ်ရင်တော့ သူတို့ဘက်က ရပ်တည်ချက်တစ်ခု ထုတ်ပြန်ပါလိမ့်မယ်" ဟု သူကပြောသည်။
■ ထို့အပြင် အမေရိကန်၊ အစ္စရေးတို့နှင့် ပြုလုပ်မည့် မည်သည့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင်မဆို လက်ဘနွန်နိုင်ငံ ပါဝင်ရမည်ဟု အီရန်က ကြားခံများကို ပြောကြားထားကြောင်း အီရန်၏ ရပ်တည်ချက်ကို သိရှိသည့် ဒေသတွင်းသတင်းရင်းမြစ် ခြောက်ခုက ပြောသည်။
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝါရှင်တန်တွင် ဗုဒ္ဓဟူးနေ့ညက ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ပြောကြားရာ၌ အီရန်ခေါင်းဆောင်များသည် "တကယ်တော့ ညှိနှိုင်းနေကြတာပါ၊ သူတို့ သဘောတူညီချက်တစ်ခုရဖို့ အရမ်းလိုလားနေကြပေမယ့် ဒါကိုထုတ်ပြောဖို့ ကြောက်နေကြတာ။ ဘာလို့လဲဆိုတော့ သူတို့လူမျိုးတွေရဲ့ သတ်တာခံရမှာစိုးလို့ပါ။ နောက်ပြီး ကျွန်တော်တို့ရဲ့ သတ်တာခံရမှာကိုလည်း သူတို့ ကြောက်နေကြတယ်" ဟု ပြောသည်။
■ ပါကစ္စတန်မှတစ်ဆင့် ပေးပို့ခဲ့သည့် ထရမ့်၏ အချက် ၁၅ ချက်ပါ အဆိုပြုချက်တွင် အီရန်၏ သန့်စင်ပြီး ယူရေနီယံလက်ကျန်များကို ဖယ်ရှားရန်၊ ယူရေနီယံသန့်စင်မှုကို ရပ်တန့်ရန်၊ ဘောလစ်စတစ်ဒုံးကျည်အစီအစဉ်ကို ထိန်းချုပ်ရန်နှင့် ဒေသတွင်း မဟာမိတ်များအတွက် ရန်ပုံငွေထောက်ပံ့မှုများကို ဖြတ်တောက်ရန် တောင်းဆိုထားကြောင်း အဆိုပါအစီအစဉ်ကို သိရှိသည့် အစ္စရေးအစိုးရအဖွဲ့ သတင်းရင်းမြစ် သုံးခုအရ သိရသည်။
■ အိမ်ဖြူတော်ကမူ အဆိုပြုချက်၏ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့ပြီး တိုက်ခိုက်မှုများကို အရှိန်မြှင့်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ "သူတို့ဟာ စစ်ရေးအရ ရှုံးနိမ့်သွားပြီဆိုတာကို နားမလည်ဘူးဆိုရင်၊ သမ္မတထရမ့်က သူတို့ကို အရင်ကထက် ပိုပြင်းထန်တဲ့ ထိုးနှက်ချက်တွေ ကြုံရအောင် လုပ်ဆောင်သွားမှာပါ" ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က သတင်းထောက်များကို ပြောကြားခဲ့သည်။
■ အဆင့်မြင့် အစ္စရေးကာကွယ်ရေးအရာရှိတစ်ဦးကမူ အီရန်အနေဖြင့် ဤစည်းကမ်းချက်များကို သဘောတူမည့်အပေါ် သံသယရှိကြောင်းနှင့် အမေရိကန်ညှိနှိုင်းရေးမှူးများက လိုက်လျောမှုများ ပြုလုပ်သွားမည်ကို အစ္စရေးက စိုးရိမ်နေကြောင်း ပြောကြားခဲ့သည်။ အစ္စရေးအနေဖြင့် မည်သည့်သဘောတူညီချက်တွင်မဆို မိမိဘက်မှ ကြိုတင်ကာကွယ်သည့်အနေဖြင့် တိုက်ခိုက်နိုင်ခွင့် (pre-emptive strikes) ကို ဆက်လက်ထိန်းသိမ်းထားလိုကြောင်း ဒုတိယသတင်းရင်းမြစ်တစ်ခုက ဆိုသည်။
■ အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့များကို ဦးဆောင်နေသည့် ဗဟိုစစ်ဌာနချုပ် အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး Brad Cooper က ဗီဒီယိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာ၌ အမေရိကန်သည် အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်ပေါင်း ၁၀,၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီး အီရန်၏ နယ်စပ်ပြင်ပသို့ သြဇာချဲ့ထွင်နိုင်စွမ်းကို ကန့်သတ်စေသည့် လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း ပြောကြားခဲ့သည်။
■ အီရန်၏ အကြီးဆုံးရေတပ်သင်္ဘော ၉၂ ရာခိုင်နှုန်းကို ဖျက်ဆီးနိုင်ခဲ့ပြီး ဒရုန်းနှင့် ဒုံးကျည်ပစ်လွှတ်မှုနှုန်းမှာ ၉၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း Cooper က ဆိုသည်။ အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်၏ ဒုံးကျည်၊ ဒရုန်းနှင့် ရေတပ်ထုတ်လုပ်ရေး စက်ရုံများနှင့် သင်္ဘောကျင်း သုံးပုံနှစ်ပုံကို ပျက်စီးစေခဲ့ သို့မဟုတ် ဖျက်ဆီးနိုင်ခဲ့သည်ဟု Cooper က ပြောကြားခဲ့သည်။
■ သို့သော်လည်း အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများမှာ လျော့ပါးသွားခြင်းမရှိဘဲ စစ်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်သလို၊ အီရန်ဘက်မှလည်း အစ္စရေးနှင့် အမေရိကန်မဟာမိတ်များအပေါ် ဒရုန်းနှင့် ဒုံးကျည်များဖြင့် ပြန်လည်တိုက်ခိုက်လျက်ရှိသည်။
■ အစ္စရေးစစ်တပ်က ဗုဒ္ဓဟူးနေ့တွင် အီရန်အပေါ် တစ်နေ့တာအတွင်း တိုက်ခိုက်မှုအသစ်များစွာ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး၊ ယင်းတွင် အီရန်၏ သင်္ဘောနှင့် ရေငုပ်သင်္ဘော တည်ဆောက်ရေးလုပ်ငန်းကို တိုက်ခိုက်မှုလည်း ပါဝင်သည်။ အီရန် SNN သတင်းဌာနက တီဟီရန်ရှိ လူနေရပ်ကွက်တစ်ခု ထိမှန်ခဲ့ပြီး ကယ်ဆယ်ရေးသမားများက အပျက်အစီးများကြားတွင် ရှာဖွေနေကြောင်း ဖော်ပြသည်။ ကူဝိတ်နှင့် ဆော်ဒီအာရေးဗီးယားတို့ကလည်း ဒရုန်းတိုက်ခိုက်မှုအသစ်များကို တွန်းလှန်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
■ စျေးကွက်များက အဆိုပြုချက်အပေါ် အကောင်းမြင်တုံ့ပြန်
■ ဝါရှင်တန်က အီရန်ထံ အဆိုပြုချက်ပေးပို့ခဲ့သည်ဟူသော သတင်းများထွက်ပေါ်လာပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ကမ္ဘာလုံးဆိုင်ရာ ရှယ်ယာစျေးကွက်များ အနည်းငယ်ပြန်လည်ဦးမော့လာပြီး ရေနံစျေးနှုန်းများ ကျဆင်းသွားခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့မှုကို အနှောင့်အယှက်ဖြစ်စေပြီး ငွေကြေးဖောင်းပွမှုကို မြင့်တက်စေသည့် စစ်ပွဲအဆုံးသတ်တော့မည်ဟု ရင်းနှီးမြှုပ်နှံသူများက မျှော်လင့်နေကြသည်။
■ တစ်ချိန်တည်းမှာပင် ပင်တဂွန်စစ်ဌာနချုပ်သည် သမ္မတထရမ့်အား မြေပြင်ထိုးစစ်ဆင်ရန် ရွေးချယ်စရာများ ပိုမိုပေးနိုင်ရန်အတွက် လေထီးတပ်သား ထောင်ပေါင်းများစွာကို ပင်လယ်ကွေ့သို့ စေလွှတ်ရန် စီစဉ်နေကြောင်း၊ ယခုအခါ လမ်းခရီးတွင်ရှိနေသည့် မရိန်းတပ်ရင်း နှစ်ခုအပြင် ထပ်မံဖြည့်တင်းခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ရိုက်တာသို့ ပြောကြားခဲ့သည်။ ပထမဆုံး မရိန်းတပ်ဖွဲ့သည် ဧရာမ ကုန်းရေနှစ်သွယ်သွား တိုက်ခိုက်ရေးသင်္ဘောကြီးဖြင့် လကုန်ပိုင်းခန့်တွင် ရောက်ရှိလာနိုင်သည်။
■ အကယ်၍ အီရန်ပိုင်နက်အတွင်း တိုက်ခိုက်မှုများ ပြုလုပ်လာပါက ပင်လယ်နီဝအနီးတွင် စစ်မျက်နှာအသစ်တစ်ခု ဖွင့်နိုင်ကြောင်း အီရန်၏ တာ့စ်နင် (Tasnim) သတင်းဌာနက အမည်မဖော်လိုသူ စစ်ဘက်သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။ ယီမင်နှင့် ဂျီဘူတီနိုင်ငံကြားရှိ Bab al-Mandab ရေလက်ကြားတွင် အီရန်အနေဖြင့် "ယုံကြည်စိတ်ချရသော ခြိမ်းခြောက်မှု" တစ်ခု ပေးနိုင်စွမ်းရှိသည်ဟု အဆိုပါသတင်းရင်းမြစ်က ဆိုသည်။
■ အီရန်၏ ကျွန်းတစ်ကျွန်းကို သိမ်းပိုက်ရန် "ရန်သူများ" ၏ ကြိုးပမ်းအားထုတ်မှုတွင် ပူးပေါင်းပါဝင်ပါက အမည်မဖော်လိုသည့် အိမ်နီးချင်းနိုင်ငံကို တိုက်ခိုက်သွားမည်ဟု အီရန်လွှတ်တော်ဥက္ကဋ္ဌ Mohammad Baqer Qalibaf က ပြောကြားခဲ့သည်။
■ အမေရိကန်က "Operation Epic Fury" ဟုခေါ်ဆိုသည့် စစ်ဆင်ရေးစတင်ကတည်းက အီရန်သည် အမေရိကန်အခြေစိုက်စခန်းများရှိသည့် နိုင်ငံများကို တိုက်ခိုက်ခဲ့ပြီး၊ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံ ဖြတ်သန်းရာ ဟော်မုဇ် (Hormuz) ရေလက်ကြားကို ထိရောက်စွာ ပိတ်ဆို့ထားခဲ့သည်။
Source: Reuters
Page 1 of 1135