#World_Health
Published 26 December 2025

■ ဝိုင်သောက်ခြင်းကနေ အယ်ကိုဟောတွေ ဝင်လာပြီး သွေးတိုးခြင်း၊ အသည်းရောဂါ၊ အစာခြေစနစ်၊ စိတ်ကျန်းမာရေး၊ ကိုယ်ခံအားစနစ်တို့အပြင် ကင်ဆာပါ ဖြစ်နိုင်ခြေများစေပါတယ်။

■ ဒါပေမဲ့ ဝိုင်ကို အတော်အသင့် သောက်သုံးရင်တော့ နှလုံးအတွက် အကျိုးကျေးဇူးအချို့ ရနိုင်တယ်လို့ လန်ဒန်မှ နှလုံးအထူးကု အိုလီဗာဂတ်မန်းက ပြောပါတယ်။

■ ဝိုင်က မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချနိုင်ကာ နှလုံးရောဂါ၊ ကျောက်ကပ်ပြဿနာများ၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေနည်းစေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။

■ သူ့မှာပါတဲ့ ဒြပ်ပေါင်းတွေက သွေးကြောတွေ ပွင့်စေတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကလည်း နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။

■ ဒါပေမဲ့ အယ်ကိုဟော ဘယ်လောက်ပဲသောက်သောက် ဘေးကင်းတယ်မရှိဘူးလို့လည်း WHO က ဖော်ပြဖူးပါတယ်။

■ အုပ်စု(၁) ကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေက နှလုံးအကျိုးကျေးဇူးဆိုတာထက် ပိုပြီးများနေပါတယ်။

■ ဘယ်ရီသီး၊ စပျစ်သီးတွေက ဝိုင်လိုမျိုး အကျိုးကျေးဇူးပေးကာ ဝိုင်ရဲ့ဘေးထွက်ဆိုးကျိုးတွေ မပါရှိပါဘူး။

■ မသောက်ဖူးတဲ့သူကို သောက်ဖို့အားမပေးသလို အတော်အသင့်သောက်ခြင်းကလည်း အဓိကအရေးပါကြောင်း၊ အယ်ကိုဟောသောက်စရာတွေမှာ သကြားနဲ့ ကယ်လိုရီတို့ မြင့်မားစွာပါဝင်ကာ အသည်းကို ထိခိုက်စေကြောင်း ဂတ်မန်းက ပြောထားပါတယ်။

■ တစ်လအတွင်း ဝိုင်ခွက် ၂၀ ထက် ပိုမသောက်ဖို့လည်း အကြံပြုထားပါတယ်။

■ ဗြိတိန်နှလုံးဖောင်ဒေးရှင်းကတော့ တစ်ပတ်ကို အယ်ကိုဟော ၁၄ ခွက်ထက် ပိုမသောက်သင့်ဘူးလို့ အကြံပြုထားပါတယ်။

■ ဝိုင်က ဆေးမဟုတ်တာကြောင့် စားချင်တာစားပြီး ဝိုင်နဲ့ချေဖျက်တာမျိုး မလုပ်စေလိုဘူးလို့ ပြောသွားပါတယ်။

Source: The Guardian