#World_Health
Published 26 December 2025
■ ဆိုရှယ်မီဒီယာတွေပေါ်မှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေ နေ့စဉ်နဲ့အမျှ ဖော်ပြနေကြပြီး အခုလည်း ခြေထောက်မှာ ကြက်သွန်နီထားပြီး အိပ်စက်တဲ့အကြောင်း ရေပန်းစားနေပါတယ်။
■ အိပ်ရာဝင်တဲ့အခါ ကြက်သွန်နီကို ခြေထောက်မှာထားပြီးအိပ်ရင် တစ်ကိုယ်လုံးကို အဆိပ်ရှင်းလင်းပေးတယ်ဆိုပြီး ဖော်ပြသူတစ်ဦးက တင်ထားပါတယ်။
■ အိပ်နေစဉ် ခြေဖဝါးမှာ ကြက်သွန်နီတွေ ထားခြင်းဖြင့် ခန္ဓာကိုယ်ကနေ အဆိပ်အတောက်တွေ ဖယ်ရှားပေးကာ ကိုယ်တွင်းစနစ်တွေ ညီညွတ်မျှတစေတယ်လို့ ဆိုထားပါတယ်။
■ ကြက်သွန်နီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဆာလ်ဖာတို့လို အကျိုးပြုဒြပ်ပေါင်းတွေ ပါဝင်တယ်ဆိုပေမယ့် အရေပြားပေါ်မှာထားခြင်းကတော့ အကျိုးအာနိသင်တွေ ရစေမှာမဟုတ်ဘူးလို့ ဆိုရမှာပါ။
■ ကြက်သွန်နီကို ခြေထောက်မှာထားခြင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်တယ်ဆိုတဲ့ ယူဆချက်ကို ဘယ်သိပ္ပံနည်းကျထောက်ခံချက်မှ မပေးထားဘဲ အရေပြားဟာ ခိုင်ခံ့တဲ့ အကာအကွယ်လိုဖြစ်ပြီး ပြင်ပဒြပ်ပေါင်းတွေ သွေးကြောထဲဝင်ရောက်စေတာမျိုး မရှိဘူးလို့ အိန္ဒိယမှ ဒေါက်တာဂျာဂါဒစ်ရှ်ဟိုင်ယာမက်က ရှင်းပြပါတယ်။
■ ကိုယ်ခံအားအတွက် အထောက်အကူပြုတာမျိုး လိုချင်ရင်တော့ ခြေထောက်မှာကပ်တာထက် စားပေးရင်ပိုပြီးကောင်းပါတယ်။
■ သူ့မှာပါဝင်တဲ့ အော်ဂဲနိုဆာလ်ဖာဒြပ်ပေါင်းတွေက နှလုံးသွေးကြောကျန်းမာရေးအတွက် အထောက်အကူ ပြုနိုင်စေပါတယ်။
■ ကြက်သွန်နီက သွေးတိုး၊ ဆီးချို၊ အဝလွန်ခြင်းတို့လို ဇီဝဖြစ်စဉ်ရောဂါတွေကို ထိန်းချုပ်ကာကွယ်ပေးနိုင်သလို အင်ဆူလင်ထုတ်လွှတ်ခြင်း၊ ကိုလက်စထရောလျှော့ချပေးခြင်း၊ ဇီဝဖြစ်စဉ် ထိန်းညှိပေးခြင်းတို့လည်း ထောက်ပံ့ပေးပါတယ်။
Source: NDTV.