#World_News
Published 27 Decembed 2025

■ ယူကရိန်းသမ္မတ ဇယ်လန်စကီက စစ်ပွဲအဆုံးသတ်ရေး နယ်မြေကိစ္စများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တနင်္ဂနွေနေ့မှာ ဆွေးနွေးလိုနေပါတယ်။

■ အချက် ၂၀ ပါ ငြိမ်းချမ်းရေးမူဘောင်နဲ့ လုံခြုံရေးအာမခံချက် သဘောတူညီချက်တို့က ပြီးမြောက်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

■ နှစ်သစ်ကူးမတိုင်ခင် အကြောင်းအရာ အများအပြား ဆုံးဖြတ်ချက် ချသွားနိုင်တယ်လို့ ဇယ်လန်စကီ ပြောပါတယ်။

■ အမေရိကန်နဲ့ ယူကရိန်းတို့ကြား လုံခြုံရေးအာမခံချက်က အဆင်သင့်နီးပါး ဖြစ်နေကာ အချက် ၂၀ ပါဝင်တဲ့မူကြမ်းကလည်း ၉၀ ရာခိုင်နှုန်း ပြီးမြောက်နေပြီလို့ ဆိုပါတယ်။

■ ထရမ့်ကတော့ သူအသိအမှတ် မပြုခင်အထိ ဇယ်လန်စကီ ဘာမှမရနိုင်ဘူးလို့ ဆိုပါတယ်။

■ ယခင်က မဟာမိတ်များ လုံခြုံရေးအာမခံချက် ပျက်ယွင်းခဲ့တာကို စဉ်းစားပြီး ယူကရိန်းက တရားဝင်ခိုင်မာတဲ့ သဘောတူညီချက်မျိုး လိုချင်တာ ဖြစ်ပါတယ်။

■ ဇယ်လန်စကီနဲ့ အစည်းအဝေးမှာ မူကြမ်းထဲကကိစ္စမျ အချောသတ်ဖို့ ဆွေးနွေးသွားမယ်လို့ ထရမ့်ပြောပါတယ်။

■ ညှိနှိုင်းမှုများ ပြုလုပ်ရာမှာ နယ်မြေကိစ္စက ခက်ခဲတဲ့အခြေအနေ ရှိနေပြီး ရုရှားတို့က ဒိုနက်စ်အရှေ့ဘက်ကနေ ယူကရိန်းတို့ ဆုတ်ခွာပေးဖို့ အလိုရှိနေပါတယ်။

■ ယူကရိန်းက လက်ရှိမှာ တိုက်ခိုက်မှုတွေကို ရပ်တန့်လိုနေပါပြီ။

■ ယင်းတို့နှစ်ယောက် ဆွေးနွေးပွဲကို ဥရောပခေါင်းဆောင်တွေကလည်း အွန်လိုင်းကနေ ပါဝင်ဖွယ်ရှိနိုင်ပါတယ်။

■ ဇယ်လန်စကီက ထရမ့်နဲ့အတူ ရုရှားကို ဆက်လက်ဖိအားပေးသွားဖို့ စီစဉ်နေပါတယ်။

Source: Reuters