
Published 12 Feb 2023
အမေရိကန်ရေနံကုမ္ပဏီ ချက်ဗရွန်ကော်ပိုရေးရှင်း Chevron Corp (CVX.N) က မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ကနေဒါ ကုမ္ပဏီ အမ်တီအိုင် MTI ကို ရောင်းချဖို့ သဘောတူခဲ့ကြတယ်လို့ ကြေညာပါတယ်။ အရောင်းအဝယ်ပြီးဆုံးပါက ချက်ဗရွန်ဟာ မြန်မာနိုင်ငံက ထွက်ခွာမှာဖြစ်ပါတယ်။
၂၀၂၁ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ချက်ဗရွန်နှင့် အခြားရေနံကုမ္ပဏီတွေ မြန်မာနိုင်ငံကထွက်ခွာဖို့ ဆုံးဖြတ်ပြီး တစ်နှစ်အကြာမှာ ယခုသဘောတူညီချက်ထွက်ပေါ်လာတာဖြစ်တယ်လို့ ရိုက်တာက သတင်းရေးသားပါတယ်။
အမေရိကန်ကုမ္ပဏီ ချက်ဗရွန်ဟာ ရတနာ စီမံကိန်းမှ သူ့ပိုင်ဆိုင်တဲ့ ၄၁.၁ ရာခိုင်နှုန်းကို MTI ကိုရောင်းချရန် သဘောတူခဲ့ တာဖြစ်ပါတယ်။ ရတနာစီမံကိန်းဟာ သဘာဝဓာတ်ငွေ့တွေကို ပြည်တွင်းမှာအသုံးပြုတဲ့အပြင် ထိုင်းနိုင်ငံကိုပါ တင်ပို့နေပါတယ်။
၂၀၂၂ ဇူလိုင်လတုန်းကလည်း ပြင်သစ်ရေနံကုမ္ပဏီ တိုတယ်လ်စွမ်းအင် ဟာ သူ့ရဲ့ပိုင်ဆိုင်မှုတွေရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပါတယ်။
ယခင်က ချက်ဗရွန်ဟာ ရတနာစီမံကိန်းမှာ ၂၈ ရာခိုင်နှန်းရှယ်ယာသာရှိခဲ့ရာမှ တိုတယ်လ်ရဲ့ ရှယ်ယာအချို့ကို ဝယ်ယူပြီး ၄၁ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်မှုတိုးမြှင့်ခဲ့တာဖြစ်ပါတယ်။
မြန်မာနစက အစိုးရကလည်း ယခုအခါ မြန်မာ့စွမ်းအင်ကဏ္ဍမှာ ရုရှားနိုင်ငံမှ စွမ်းအင်ကုမ္ပဏီတွေကို ဖိတ်ခေါ်ထားရာ စိတ်ဝင်စားမှုတွေရှိနေကြောင်းလည်း သိရှိရပါတယ်။
-ymg/knl
#Chevron_Corp_Myanmar
#Myanmar
#Myanmar_Oil_and_Gas
- Category: Myanmar

Published 12 Feb 2023
မြန်မာနိုင်ငံမှာ ပြဿနာတွေ ဒီအတိုင်းဆက်ရှိနေရင် စစ်တပ်အုပ်ချုပ်တာ သက်ဆိုးရှည်သွားမှာမို့ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲဟာ ကျင်းပသင့်တယ် လို့ ဂျပန်အထူးကိုယ်စားလှယ်မစ္စတာ ဆာဆာကာဝါကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အမျိုးသားသင့်မြတ်ရေး အထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ က နစ်ကေးအေးရှား မီဒီယာနှင့် မေးမြန်းခန်းတစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
အဝေးကဝေဖန်နေကြခြင်းက ပြဿနာကိုဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်းသူကပြောပါတယ်။
အာဆီယံအနေနှင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့ နစကနှင့် အာဆီယံအကြား လုပ်ငန်းလုပ်ကိုင်နေတဲ့ working-level အဆင့် ဆွေးနွေးပွဲတွေ ကျင်းပသင့်တယ်လို့ ဂျပန်အထူးကိုယ်စားလှယ်ကပြောပါတယ်။သူက အဲဒီ အလုပ်လုပ်သူတွေအဆင့် ထိတွေ့ဆက်ဆံမှုကို မကြာခဏပိုမိုပြုလုပ် ပေးဖို့လိုအပ်ပြီး မြန်မာနိုင်ငံမှာ ရုံးတစ်ရုံးဖွင့်သင့် တယ်လို့လည်း နစ်ကေးအေးရှားကိုပြောခဲ့ပါတယ်။
အာဆီယံအနေနှင့် နိုင်ငံတကာအသိုက်အဝန်းရဲ့ နားလည်မှု အသေအချာရရှိနိုင်မယ့် နေရာတစ်ခုကို ရှာဖွေဆောင်ရွက်သင့်တယ်လို့လည်း မစ္စတာဆာဆာကာဝါကအကြံပြုလိုက်ပါတယ်။
မြန်မာစစ်တပ်နှင့်နီးကပ်သူလို့ သူ့ကိုဝေဖန်နေတဲ့အပေါ်မှာလည်း “ ရလဒ်မထွက်ရင်တော့ အဓိပ္ပါယ်မရှိဖြစ်မှာပေါ့။ ဒါကြောင့် ကျွန်တော်က အဲဒါကို ခေါင်းထဲကိုမထည့်ဘူး” လို့ ပြန်လည်တုန့်ပြန်ပြောကြားခဲ့ပါတယ်။
Source: Nikkei Asia
#Myanmar
#Myanmar_Politics
- Category: Myanmar

Published 5 Feb 2023
အာဆီယံခေါင်းဆောင်များနှင့် မြန်မာနစက ခေါင်းဆောင်တို့အကြား အထူးအစည်းအဝေးတစ်ရပ်ကျင်းပဖို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားက ကြိုးစားကြံဆနေတယ်လို့ အာဆီယံသံတမန်တစ်ဦးကို ကိုးကားပြီး ဂျပန်နိုင်ငံ ကျိုဒိုသတင်းဌာနက သတင်းရေးသား လိုက်ပါတယ်။
အင်ဒိုနီးရှားဟာ အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွေ့အကြုံတွေ ဖလှယ်ဖို့ အကြီးတန်းတပ်မတော်အရာရှိကြီး တစ်ဦးကို မြန်မာနိုင်ငံသို့စေလွှတ်ခဲ့တယ်လို့လည်း အဆိုပါသတင်းကရေးသားပါတယ်။
အဲဒီအပြင် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုအနေဖြင့် သိပ်မကြာခင်ကာလအတွင်း မြန်မာနိုင်ငံကိုသွားရောက်ဖို့လည်း စီစဉ်နေတယ်လို့ နောက်ထပ် သံတမန်သတင်းအရင်းအမြစ်တစ်ခုကို ကိုးကားပြီး ကျိုဒိုသတင်းဌာနက ဆက်လက်ရေးသားပါတယ်။
အင်ဒိုနီးရှားက နှစ်ရက်ကြာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပအပြီးမှာ အဆိုပါသတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါဟာ အင်ဒိုနီးရှားရဲ့ သဘောထားတင်းမာတဲ့ မူဝါဒအပြောင်းအလဲ လက္ခဏာဖြစ်တယ်လို့လည်း ကျိုဒိုသတင်းဌာနကဆိုပါတယ်။
“ အာဆီယံခေါင်းဆောင်တွေနှင့် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်အကြား အထူးအစည်းအဝေးတစ်ခုဖြစ်နိုင်ခြေရှိနေပါတယ်” လို့ အာဆီယံသံတမန်အရင်းအမြစ်တစ်ခုက ကျိုဒိုသတင်းဌာနကိုပြောပါတယ်။
အဲဒီအစည်းအဝေးအတွက် ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း အဆိုပါသတင်းအရင်းအမြစ်က ပြောပါတယ်။ ဒါပေမယ့် အချိန်နှင့်နေရာတော့ မဆုံးဖြတ်ရသေးဘူးလို့လည်း သူကထပ်မံပြောပါတယ်။ ဒါပေမယ့် အာဆီယံဥက္ကဋ္ဌအဖြစ်အနေနှင့် အင်ဒိုနီးရှားဟာ ယခုနှစ် မေနှင့်စက်တင်ဘာလတွေမှာ ဒေသဆိုင်ရာထပ်သီးအစည်းအဝေးတွေကျင်းပဖို့တော့ရှိနေပါတယ်။
အထူးအစည်းအဝေးကိစ္စကို မေးမြန်းတဲ့အခါ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံပူးပေါင်းဆောင်ရွက်ရေးဌာန ညွန်ကြားရေးမှူးချုပ် ဆစ်ဒါတိုဆာယိုဒီပူရိုက “ ဒီအထူးအစည်းအဝေးအကြောင်း ကျွန်တော်အခုမှကြားဖူးတယ်” လို့တော့ ပြောပါတယ်။
Source Kyodo News
#Myanmar
#Myanmar_Politics
#Myanmar_ASEAN
- Category: Myanmar

Published 5 Feb 2023
ပါကစ္စတန်သမ္မတဟောင်းနှင့် စစ်တပ်အကြီးအကဲဟောင်း အငြိမ်းစား ဗိုလ်ချူပ်ကြီး ပါဗေးမူရှာရက်ဟာ ဒူဘိုင်းက ဆေးရုံ တစ်ရုံမှာ တနင်္ဂနွေနေ့ ဖေဖော်ဝါရီ (၅)ရက် မနက်က ကွယ်လွန်သွားတယ်လို့ မီဒီယာများရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။ အသက် ၇၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗိုလ်ချူပ်ကြီး ပါဗေးမူရှာရက်ဟာ ၂၀၁၉ခုနှစ်ကတည်းကမကျန်းမာခဲ့တာ ဖြစ်ပြီး နှလုံးရောဂါနှင့်သွေးတိုးရောဂါတွေကြောင့် မကြာသေးမီက ကျန်းမာရေးအခြေအနေပိုဆိုးရွားလာခဲ့ပါတယ်။
မူရှာရက်ဟာ amyloidosis အမ်မလိုဒိုဆစ် လို့ခေါ်တဲ့ ပုံမှမဟုတ်တဲ့ အမ်မလွိုက်ပရိုတိန်းကြောင့်ဖြစ်ပေါ်ရတဲ့ ဖြစ်တောင့်ဖြစ်ခဲ ရောဂါတစ်မျိုးခံစားနေခဲ့ရပါတယ်။
၁၉၉၉ခုနှစ်မှာ ပါကစ္စတန်နိုင်ငံရဲ့ သွေးထွက်သံယိုမဲ့ အာဏာသိမ်းမှုကိုဦးဆောင်ခဲ့တဲ့ ဗိုလ်ချူပ်ကြီး မူရှာရက်ဟာ အဲဒီတုန်းက ဝန်ကြီးချုပ် နာဝါရှာရစ်နှင့်သူ့အဖွဲ့တွေကို ဖမ်းဆီးခဲ့ပါတယ်။ သူဟာ ဒူဘိုင်းက အမေရိကန်ဆေးရုံမှာ ကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
မူရှာရက်ဟာ ၂၀၁၆ခုနှစ် မတ်ချ်လကတည်းက ဒူဘိုင်းမှာနေထိုင်ခဲ့ပါတယ်။ သူဟာ ၂၀၀၇အခြေခံဥပဒေကို ဆိုင်းငံ့ ထားခဲ့တဲ့အတွက် ၂၀၁၃ခုနှစ်တုန်းက အစိုးရလုပ်ခဲ့တဲ့ ပါကစ္စတန်မူစလင်အဖွဲ့ချုပ်-နာဝက်စ်က သူ့ကို နိုင်ငံတော်သစ္စာဖောက်မှုနှင့်တရားစွဲဆိုတာကို ရင်ဆိုင်ခဲ့ရပါတယ်။
သူဟာ ဒူဘိုင်းကိုဆေးကုသခံဖို့သွားရင်းနှင့် အဲဒီကတည်းကလုံခြုံရေးနှင့် ကျန်းမာရေးအခြေအနေကြောင့် ပါကစ္စတန်ကို ပြန်မလာခဲ့ပါဘူး။
သူဟာ ပါကစ္စတန်ရဲ့ သက်တမ်းအရှည်ဆုံးသမ္မတဖြစ်ခဲ့ပါတယ်။သူဟာ ၂၀၀၂ခုနှစ် ပြည်လုံးကျွန်ဆန္ဒခံယူပွဲပြီးနောက် သမ္မတအဖြစ်အရွေးကောက်ခံရပြီး ၂၀၀၈ခုနှစ်အထိ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
Source WION
#Pakistan_Politics
#Pervez_Musharraf
#Pervez_Musharraf_died
- Category: World

#Myanmar_News
Published 5 Feb 2023
နစက (၂)နှစ်ပြည့်အပေါ် နိုင်ငံအချို့နှင့် ကုလသမဂ္ဂ တာဝန်ရှိသူအချို့၏ သတင်းထုတ်ပြန်ချက်များသည် မှန်ကန်မှုမရှိ၊ ဘက်လိုက်သည့် တစ်ဖက်သတ်ထုတ်ပြန်ချက်များဖြစ်တဲ့အတွက် မြန်မာနိုင်ငံက ပြတ်သားစွာပယ်ချတယ်လို့ နစက နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ (၄)ရက် စနေနေ့က သတင်ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါကြေညာချက်တွင် “ကုလသမဂ္ဂရည်ရွယ်ချက်နှင့် အခြေခံမူများကို လိုက်နာရန်ပျက်ကွက်ပြီး မြန်မာနိုင်ငံ ပြည်တွင်းရေးကိုစွက်ဖက်နေသည့် နိုင်ငံအချို့နှင့် လုပ်ပိုင်ခွင့်ကိုကျော်လွန် လုပ်ဆောင်နေသူ ကုလသမဂ္ဂမှတာဝန်ရှိသူအချို့၏ တာဝန်မဲ့ပြောဆိုလုပ်ဆောင်ချက်များကို မြန်မာနိုင်ငံက ပြတ်သားစွာ ကန့်ကွက်ပယ်ချတယ်Ó လို့ ဖော်ပြထားပါတယ်။
Ò၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန် ထမ်းဆောင်မှုနှစ် နှစ်ပြည့်ခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံအချို့နှင့် ကုလသမဂ္ဂတာဝန်ရှိသူအချို့က အပြု သဘောမဆောင်သော သတင်းများထုတ်ပြန်ခဲ့ကြတယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။၊ အဲဒီထုတ်ပြန်ပြောဆိုချက်များတွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ ကျူးလွန်သူကို ထုတ်ဖော်ပြောကြားခြင်းမပြုဘဲ ရင်ဆိုင်ဖြေရှင်းနေသည့် အစိုးရအပေါ် အပြစ်တင်ကာ၊ အကြမ်းဖက်အုပ်စုများဖြစ်သည့် NUG၊ CRPH နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူ ၅ဝဝဝ ကျော် အသက်ဆုံးရှုံးရသည်ကို ဖုံးကွယ်ထားခြင်းကြောင့် အများပြည်သူကိုအထင်အမြင် လွဲမှားစေတယ်Ó လို့လည်း ကြေညာချက်က ဆိုပါတယ်။
Òနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ရာတွင်ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကိုချမှတ်ခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်မှုများနှင့် အဖျက်အမှောင့်လုပ်ရပ်များ _ ပိုမိုအားကောင်းလာစေမည့် ထုတ်ပြန်မှုများ ပြုလုပ်နေမည့်အစား ပြည်သူများ၏ဆန္ဒနှင့်အညီ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေးအတွက် အစိုးရမှဆောင်ရွက်နေသည့် ကြိုးပမ်းအားထုတ်နေမှုများကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို လေးစားလျက် အပြုသဘော အထောက်အကူပြုသင့်တယ်Ó လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဆက်လက်ပြီး “ နိုင်ငံတော်အစိုးရအနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်တွင် အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြုမှုများကို သက်သေပြခဲ့ပြီး တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံးစေရန် တစ်နိုင်ငံလုံး အကြားအလပ်မရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲသည် စစ်မှန်သော ဒီမိုကရေစီစနစ်အတွက် မဖြစ်မနေလိုအပ်သည့် အခြေခံလမ်းစဉ်တစ်ရပ်ဖြစ်ကြောင်းနှင့်. နိုင်ငံအချို့နှင့် ကုလသမဂ္ဂတာဝန်ရှိသူအချို့ အနေဖြင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး တိုက်တွန်းလျက်ရှိသော်လည်း တစ်ဖက်တွင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲကျင်းပရေး အစိုးရ၏ ကြိုးပမ်းမှုများအပေါ် ပြစ်တင်ဝေဖန်လျက်ရှိသည်မှာ ရှေ့နောက်မညီကြောင်းတွေ့ရှိရတယ်Ó လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။
လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကဏ္ဍနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်ကျရောက်မှုအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေး ဆိုင်ရာ အာဆီယံညှိနှိုင်းရေးဗဟိုဌာန (AHA Centre) နှင့်လည်းကောင်း၊ ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီများနှင့်လည်းကောင်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီများအနေဖြင့် မြန်မာနိုင်ငံတိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်ဖြစ်ရာ အမှန်စင်စစ်အားဖြင့် ၎င်းတို့ရရှိသင့်သည့်လုပ်ဆောင်ခွင့် (access) ရရှိနေမှုအပေါ် မေးခွန်းထုတ်ရန်ပင် မလိုအပ်ဘူးလို့လည်း နစက နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
Òမြန်မာနိုင်ငံကို ပုံမှန်အခြေအနေသို့ ရောက်ရှိစေလိုပါက မြန်မာအစိုးရမှ ရှေ့ဆက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ် ဆက်လက်အကောင်အထည်ဖော်ခြင်းမှတစ်ဆင့် နိုင်ငံတော်အေးချမ်းတည်ငြိမ်ရေးနှင့် ဒီမိုကရေစီဖြစ်ထွန်းရေး မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုရန် လိုအပ်တယ်Ó လို့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
-ymg/knl
#Myanmar
#Myanmar_Politics
#Yangon_Media_Group
- Category: Myanmar
Published 4 Feb 2023
နှစ်ရက်တာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖေဖော်ဝါရီ(၄)ရက်စနေနေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ ပြီးဆုံးခဲ့ပြီး နိုင်ငံရဲ့ နိုင်ငံရေးအကျပ်အည်းကို အဆုံးသတ်စေမယ့် လွန်ခဲ့တဲ့ (၂)နှစ်က သဘောတူထားခဲ့တဲ့ အချက်ငါးချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ မြန်မာကို တိုက်တွန်းလိုက်တယ်လို့ အေအက်ဖ်ပီက သတင်းပေးပို့ပါတယ်။
အရှေ့တောင်အာရှရဲ့ စီးပွားရေးအင်အားအကြီးဆုံး အင်ဒိုနီးရှားဟာ ၂၀၂၃ခုနှစ်အတွက် အာဆီယံရဲ့အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး ဒီနှစ်အကုန်မှာ အာဆီယံခေါင်းဆောင်များထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးမှာ ဖြစ်ပါတယ်။
ဂျာကာတာမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့အခြေအနေက လွှမ်းမိုးသွားခဲ့ပါတယ်။
Source AFP
#ASEAN_Foreing_Ministers_Meeting_Jakarta
#ASEAN_Chiar_Indonesia
#ASEAN_Myanmar
- Category: World
Published 3 Feb 2023
အင်အားကြီးနိုင်ငံတွေအနေနှင့် သူတို့ရဲ့ ပြိုင်ဆိုင်မှုတွေအတွက် အာဆီယံကို ကြားခံကိုယ်စားလှယ်အဖြစ် အသုံးမချကြဖို့ နှစ်ရက်ကြာပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပထမနေ့မှာ အင်ဒိုနီးရှားက ပြောလိုက်ပါတယ်။ မြန်မာ့အကျပ်အတည်းအပေါ် ညီညွတ်ကြဖို့နှင့်တိုးတက်မှုရှိကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။
အာဆီယံရဲ့ ၂၀၂၃ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားက အလှည့်ကျတာဝန်ယူတာဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာတော့ အာဆီယံ ခေါင်းဆောင်တွေအစည်းအဝေးကျင်းပဖို့ရှိပါတယ်။ အဲဒီအစည်းအဝေးကို ပုံမှန်အားဖြင့် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့ တက်ရောက်ကြပါတယ်။
Source AFP
#ASEAN
#ASEAN_FMs_Meeting_Jakarta
#ASEAN_Indonesia
- Category: Asean