#Local_News
Published 26 June 2025

▪️ ၂၀၂၅ခုနှစ် JLPT စာမေးပွဲဖြေဆိုမည့်သူများအတွက်စည်းကမ်းချက်များ ထပ်မံတိုးမြင့်လိုက်ကြောင်းJLPT စာမေးပွဲကျင်းပရေးကော်မတီ၊မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းမှ သိရသည်။

▪️ ၂၀၂၅ ခုနှစ် JLPT စာမေးပွဲမှစတင်၍ ကျောင်းပရဝုဏ်အတွင်း စာမေးပွဲချိန်နှင့် အနားပေးချိန်များအပါအဝင် စာမေးပွဲပြီးဆုံးသည်အထိ လက်ကိုင်ဖုန်းများ နှင့် အခြားဓာတ်ပုံရိုက်ကူးနိုင်ပြီး ဆက်သွယ်ရေးလုပ်ငန်းများ ပါဝင်သည့်ကိရိယာများအားလုံးကို သုံးစွဲခွင့်မပြုကြောင်း၊ စာမေးပွဲခန်းအတွင်း သို့မဟုတ် အနားပေးချိန်များအတွင်း လက်ကိုင်ဖုန်းကို အသုံးပြုသည့် စာမေးပွဲဖြေဆိုသူများရှိပါက မသမာသူ (Misconduct)အဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း၊

▪️ မဖြစ်မနေလက်ကိုင်ဖုန်းကိုအရေးပေါ်သုံးစွဲရန်လိုအပ်လာပါက အခန်းစောင့်ဆရာ/ဆရာမထံသို့ အကြောင်းကြား ရမည်ဖြစ်ပြီး စာဖြေဌာနခေါင်းဆောင်၏ခွင့်ပြုချက်ရရှိမှသာ ရုံးခန်းအတွင်းသွားရောက်အသုံးပြုရမည်ဖြစ်‌ကြောင်း သိရသည်။

▪️ ယခုနှစ်မှစတင်ပြောင်းလဲလာသော စည်းကမ်းချက်အရ တယ်လီဖုန်းယူဆောင်လာခြင်းကြောင့် မသမာသူ (Misconduct) ဖြစ်နိုင်ချေနှုန်း မြင့်မားပါသဖြင့် ယူဆောင်လာခြင်းမပြုရန် အထူးတိုက်တွန်းကြောင်း၊
မဖြစ်မနေ ယူဆောင်လာရမည်ဆိုပါက လည်း သတ်မှတ်ထားသည့်အတိုင်းလုပ်ဆောင်ရန်လိုအပ်ကြောင်း အသိပေးထားသည်။

▪️ စည်းကမ်းချက်အသစ်ကြေငြာချက်များအား JLPT Official Website တွင်လည်းလေ့လာနိုင်ကြောင်း သိရသည်။

#YMG/SW #Yangon_Times