၁၂  မေ ၂၀၂၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကာတာနိုင်ငံရဲ့ ဘုရင်မိသားစုက သမ္မတရဲ့ လုပ်ငန်းသုံး Air Force One လေယာဉ်ကြီးအဖြစ် အသုံးပြုဖို့ အမေရိကန်ဒေါ်လာ သန်း ၄၀၀တန် ထူးဇိမ်ခံ ဘိုအင်း ၇၄၇-၈ ဂျက် လေယာဉ်ကြီးကို လက်ဆောင် ပေးဖို့ရှိနေပါတယ်။ သမ္မတသုံးလေယာဉ်ကြီး Air Force One အသစ်ကြီးကို ဘိုအင်းက ပေးအပ်ဖို့ နှောင့်နှေး နေလို့ ထရမ့်ကစိတ်မရှည်ဖြစ်နေတဲ့ အချိန်မှာ ကာာတာမိသားစုက ယခုလိုလက်ဆောင်ပေး  လိုက်တာဖြစ်ပါတယ်။

ကာတာကလက်ဆောင်ပေးမယ့် အဲဒီ ဇီမ်ခံလေယာဉ်ကြီးကို ကာတာအစိုးရက ယခင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ယခုလက်ဆောင်ပေးမယ့် လေယာဉ်ကို ထရမ့်သမ္မတသက်တမ်းအတွင်းသာ အသုံးပြုဖို့ဖြစ်ပြီး သမ္မတ သက်တမ်းကုန်ဆုံးတဲ့အခါ  ထရမ့်ရဲ့ သမ္မတ စာကြည့်တိုက်ဖောင်ဒေးရှင်းကို လွှဲပြောင်းပေးအပ်မယ်လို့ ဆိုပါတယ်။

2020 president trump set receive 1042878732020 president trump set receive 104287899

အဲသလို လက်ဆောင်ပေးမယ့်ကိစ္စဟာ အမေရိကန်နိုင်ငံရေးလောကာမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပါ တယ်။ ဥပဒေပညာရှင်တွေနှင့် ကွန်ဂရက်အမတ်တွေက ဒီလို နိုင်ငံခြားတိုင်းပြည်တစ်ခုရဲ့ လက်ဆောင်ကို လက်ခံတာဟာ အမေရိကန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ Emoluments Clause နှင့်ညိစွန်းနေတယ်လို့ သူတို့ကပြောပါတယ်။ အဲဒီအခြေခံဥပဒေပါ အပိုဒ်ဟာ  ကွန်ဂရက်ရဲ့ခွင့်ပြုချက်မရှိဘဲ ဖက်ဒရယ်အရာရှိ တွေ နိုင်ငံခြားတိုင်းပြည်တွေထံမှ လက်ဆောင်ရယူခြင်းကို တားမြစ်တာဖြစ်ပါတယ်။ အချို့သော ထရမ့်ရဲ့ မဟာမိတ်တွေကလည်း ကာတာနိုင်ငံရဲ့ အစွန်းရောက်အုပ်စုတွေနှင့် အဆက်အသွယ်ရှိနေမှုအပေါ် စိတ်ပူ နေကြပါတယ်။

ဒါပေမယ့် အိမ်ဖြူတော်ကတော့ ဒီလက်ဆောင်ဟာ ဥပဒေနှင့်ညီတယ်လို့ပြောလိုက်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ လေယာဉ်လက်ဆောင်ဟာ ထရမ့်ဆိုတဲ့ ပုဂ္ဂိုလ်ကိုပေးတာမဟုတ်ဘဲ အမေရိကန်အစိုးရကို ပေးတာကြောင့်ဖြစ်တယ်လို့ စောဒကတက်ထားပါတယ်။

ထရမ့်ဟာ သူ့ရဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း ကာတာကိုပါသွားရောက်ဖို့ပြင်ဆင်နေတဲ့အချိန် ဒီသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

Source: News Outlets