August 24, 2025- The Myanmar Government Information Team has warned that the TNLA and PDF terrorist groups who destroyed the world-famous historic Gokteik Viaduct with mines will face strong retaliation.
“This viaduct is a source of national pride and is widely used by the public. Its destruction is a cruel and ruthless act committed by TNLA and PDF terrorists. Regarding this, we will continue to carry out severe retaliatory actions,” Brigadier General Zaw Min Tun, head of the government’s Information Team, stated.
He added, “Based on current assessments, it seems highly unlikely that the viaduct can be repaired soon.”
On Sunday, August 24, at around 9:10 a.m., TNLA and PDF terrorists detonated mines on the northern side of the Gokteik Viaduct, which connects Nawnghkio and Kyaukme. The explosions damaged both the steel trusses and the brick supports of the structure.
The Gokteik Viaduct is a world-renowned historic landmark. Construction began in April 1899 and was completed on January 1, 1900. The 2,260-foot-long viaduct connects two mountain ridges and was built under contract by the Myanmar government of the time with American bridge construction companies from Pennsylvania and Maryland.
During World War II, the viaduct was twice destroyed by both Allied and Japanese forces. In May 1948, four months after Myanmar’s independence, Myanmar Railways began restoration work, which was completed in August 1951.
This latest attack is seen as a deliberate act by TNLA terrorists, who have been suffering defeats due to military offensives.
#ymg/knl
ဩဂုတ် ၂၄ ၊၂၀၂၅
မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ ကမ္ဘာကျော် သမိုင်းဝင် ဂုတ်ထိပ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည့် TNLA နှင့် PDF အကြမ်းဖက်အဖွဲ့များကို ပြင်းထန်စွာ လက်တုန့်ပြန်သွားမည်ဟု အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတိပေးပြောကြားလိုက်ပါတယ်။
“ တစ်နိုင်ငံလုံးက ဂုဏ်ယူရပြီး အများပြည်သူတွေသုံးစွဲနေတဲ့ ဒီတံတားကို ဖျက်ဆီးလိုက်တဲ့လုပ်ရပ်ဟာ TNLA နှင့် PDF အကြမ်းဖက်သောင်းကျန်းသူတွေက ရက်စက်ယုတ်မာမှုဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနှင့် ပြင်းထန်တဲ့ လက်တုန့်ပြန်မှုတွေ ဆက်လက်ဆောင်ရွက် သွားပါမယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာများကို ပြောကြားပါတယ်။
“ တံတားကြီးပြန်လည်ပြင်ဆင်ဖို့ဆိုတာက သုံးသပ်ချက်အရတော့ တော်တော်နှင့် လုပ်နိုင်မယ် မထင် သေးဘူး” ဟုသူကဆက်လက်ပြောဆိုပါတယ်။
ဩဂုတ် ၂၄ တနင်္ဂနွေက မနက် ၉နာရီ ၁၀မိနစ်ခန့်တွင် နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကို ဆက်သွယ်ထားသည့် အဆိုပါ ဂုတ်ထိတ်တံတားကို မြောက်ဖက်ခြမ်းတွင် TNLA နှင့် PDF အကြမ်းဖက်သောင်းကျန်းသူများက မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါမိုင်းခွဲဖျက်စီးမှုကြောင့် သံမဏိတံတားဘောင်ပျက်စီးသွားပြီး အုတ်တံတားဘောင်လည်းပျက်စီး သွား ခဲ့ကြောင်းသိရှိရပါတယ်။
ဂုတ်ထိပ်တံတားသည် ကမ္ဘာကျော် သမိုင်းဝင်တံတားကြီးတစ်ခုဖြစ်ပြီး ၁၈၉၉ ခုနှစ် ဧပြီလတွင် စတင် ဆောက်လုပ်ခဲ့ပြီး ၁၉၀၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်တွင် တံတားတည်ဆောက်မှုပြီးစီးခဲ့သည်ဟု မှတ်တမ်း များတွင် ဖော်ပြထားပါတယ်။
တောင်ထိပ် ၂ ခုကို ဆက်သွယ်ထားသည့် ၂၂၆၀ ပေအမြင့်ရှိသော အဆိုပါ ဂုတ်ထိပ်တံတားကို ထိုစဉ်က မြန်မာပြည်အစိုးရသည် အမေရိကန်နိုင်ငံ ပင်ဆီလဗေးနီးယားနှင့် မေရီလန် တံတား ဆောက်လုပ်ရေး ကုမ္ပဏီအား ငှါးရမ်းကာ ဆောက်လုပ်စေခဲ့တာဖြစ်ကြောင်းသိရပါတယ်။
ဂုတ်ထိပ်တံတားသည် ဒုတိယကမ္ဘာစစ်ကြီးအတွင်း မဟာမိတ်များနှင့် ဂျပန်စစ်တပ်တို့၏ နှစ်ကြိမ်တိုင် ဖျက်စီးခြင်းခံခဲ့ရပြီး လွတ်လပ်ရေးရပြီး ၁၉၄၈ ခု၊ မေလတွင် မြန်မာအစိုးရ မီးရထားဌာနက ပြန်လည်ပြု ပြင်မှုများလုပ်ခဲ့ရပါတယ်။၁၉၅၁ ခု၊ ဩဂုတ်လတွင် ပြုပြင်မှုပြီးစီးခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြ ထားပါတယ်။
ယခုတစ်ဖန် မြန်မာနိုင်ငံတွင် တပ်မတော်၏ ထိုးစစ်ကြောင့် စစ်ရှုံးနေသည့် TNLA အကြမ်းဖက် သောင်းကျန်းသူများက ရည်ရွယ်ချက်ရှိရှိ ဖျက်စီးခဲ့ခြင်းဖြစ်ပါတယ်။
#ymg/knl
၂၃ ဩဂုတ် ၂၀၂၅
“ဗီဇာတွင်ဖော်ပြထားသည့် ခွင့်ပြုထားသောအချိန်ထက် ကျော်လွန် နေထိုင်ခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်း၊ အများပြည်သူ့ဘေးကင်းရေးကို ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက် လှုပ်ရှားမှုများတွင် ပုံစံတစ်မျိုး မျိုးဖြင့်ပါဝင်ခြင်း သို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့ခြင်း အပါအဝင် အရည်အချင်း မပြည့်မီကြောင်း ညွှန်ပြသည့်အချက်များကို ရှာဖွေနေ”
နိုင်ငံခြားသားများအပေါ် နှိမ်နှင်းမှု တိုးမြှင့်လုပ်ဆောင်လာမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြည်နှင် ဒဏ်ခံရခြင်းသို့ ဦးတည်နိုင်လာသော အမေရိကန် တွင် တရားဝင် ဗီဇာဖြင့် နေထိုင်ခွင့်ရရှိထားသူ သန်း ၅၅ ကျော်ကို ဥပဒေချိုးဖောက်မှုများ ရှိ၊ မရှိ ပြန်လည်စစ်ဆေးနေသည်ဟု ထရမ့်အစိုးရအဖွဲ့က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
အမေရိကန် ပြည်ဝင်ခွင့် ဗီဇာရရှိထားသူများတွင် နိုင်ငံအတော်များများမှ ကမ္ဘာလှည့်ခရီးသည်များလည်း ပါဝင်ပြီး ၎င်းတို့သည် အမေရိကန်သို့ ဝင်ရောက်ခွင့် သို့မဟုတ် နေထိုင်ခွင့်အတွက် အရည်အချင်းမပြည့်မီကြောင်း ဖော်ပြနိုင်သည့် မည်သည့်အချက်အလက်ကိုမဆို တွေ့ရှိနိုင်ရန်အတွက် “စဉ်ဆက်မပြတ် စိစစ်မှု” ပြုလုပ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက Associated Press ၏ မေးခွန်း တစ်ခုကို စာဖြင့် ဖြေကြားခဲ့သည်။
ထိုသို့သော အချက်အလက်များကို တွေ့ရှိပါက ဗီဇာကို ရုပ်သိမ်းမည်ဖြစ်ပြီး ဗီဇာကိုင်ဆောင်ထားသူသည် အမေရိကန်တွင် ရှိနေပါက ၎င်းအား နှင်ထုတ်ခြင်းခံရနိုင်သည်ဟု သိရသည်။
သမ္မတ ဒေါ်နယ်ထရမ့် ရာထူးစတင်ပြီးနောက်ပိုင်း ၎င်း၏အစိုးရအဖွဲ့သည် အမေရိကန်တွင် တရားမဝင် နေထိုင်သည့် ရွှေ့ပြောင်းနေထိုင်သူများအပြင် ကျောင်းသားနှင့် အပြန်အလှန်လည်ပတ်ရေးအစီအစဉ် ဗီဇာကိုင်ဆောင် ထားသူများကိုပါ ပြည်နှင်ထုတ်ခြင်းများကို အာရုံစိုက်လုပ်ဆောင်ခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အသစ်တွင် အချိန်ယူရသည့် စဉ်ဆက်မပြတ်စိစစ်မှု လုပ်ငန်းစဉ်သည် ယခင်ကထက် ပိုမိုကျယ်ပြန့်လာပြီး အမေရိကန်တွင် နေထိုင်ခွင့်ရရှိထားသူများသည်ပင် ၎င်းတို့၏ ခွင့်ပြု မိန့်များကို ရုတ်တရက် ရုပ်သိမ်းခံရနိုင်ကြောင်း ဖော်ပြထားသည်။
အမိမြေလုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်နှစ်တွင် အမေရိကန်၌ အမြဲတမ်း နေထိုင်ခွင့်လက်မှတ် (green-card) ကိုင်ဆောင်ထားသူ ၁၂.၈ သန်းနှင့် ယာယီဗီဇာဖြင့် နေထိုင်သူ ၃.၆ သန်း ရှိခဲ့ကြောင်းသိရသည်။
လူဝင်မှုကြီးကြပ်ရေးမူဝါဒဌာန (Migration Policy Institute) မှ တွဲဖက်ညွှန်ကြားရေးမှူး Julia Gelatt က ပြန်လည်စိစစ်မည့် လူဦးရေ ၅၅ သန်းတွင် အမေရိကန်ပြင်ပရောက်ရှိနေပြီး တစ်ကြိမ်ထက်ပိုဝင် ထွက်နိုင်သည့် ခရီးသွားဗီဇာ ကိုင်ဆောင်ထားသူအချို့လည်း ပါဝင်လိမ့်မည်ဟု ပြောကြားခဲ့သည်။ အမေ ရိကန်သို့ လုံးဝပြန်မလာဖွယ်ရှိသူများအတွက် အရင်းအမြစ်များကို အကုန်အကျခံ သုံးစွဲခြင်း၏ တန်ဖိုး အပေါ်လည်း သူမက မေးခွန်းထုတ်ခဲ့သည်။
ဗီဇာတွင်ဖော်ပြထားသည့် ခွင့်ပြုထားသောအချိန်ထက် ကျော်လွန် နေထိုင်ခြင်း၊ ရာဇဝတ်မှုကျူးလွန် ခြင်း၊ အများပြည်သူ့ဘေးကင်းရေးကို ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက် လှုပ်ရှားမှုများတွင် ပုံစံတစ်မျိုး မျိုးဖြင့်ပါဝင်ခြင်း သို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့ခြင်း အပါအဝင် အရည်အချင်း မပြည့်မီကြောင်း ညွှန်ပြသည့်အချက်များကို ရှာဖွေနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ သည်။
“ကျွန်တော်တို့ရဲ့ စိစစ်မှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ဥပဒေစိုးမိုးရေး သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မှတ်တမ်းများ ဒါမှမဟုတ် ဗီဇာထုတ်ပေးပြီးနောက် အရည်အချင်းမပြည့်မီနိုင်ကြောင်း ညွှန်ပြနေတဲ့ တခြားအချက်အလက်တွေ အပါအဝင် ရရှိနိုင်တဲ့ အချက်အလက်အားလုံးကို ပြန်လည်စစ်ဆေးပါတယ်” ဟု အဆိုပါဌာနက ပြောကြားခဲ့သည်။
ထို့အပြင် ကုန်တင်ယာဉ်မောင်းများအတွက် အလုပ်သမားဗီဇာထုတ်ပေးခြင်းကို ရပ်ဆိုင်းတော့မည်ဟု နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ကြာသပတေးနေ့တွင် “X” ၌ ပြောကြားခဲ့သည်။ ၎င်းအပြောင်း အလဲသည် ချက်ချင်းအကျိုးသက်ရောက်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“အမေရိကန်လမ်းတွေပေါ်မှာ နိုင်ငံခြားသား ကုန်တင်ယာဉ်မောင်းတွေ များလာတာဟာ အမေရိကန် နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသလို အမေရိကန် ကုန်တင်ယာဉ်မောင်းတွေရဲ့ အသက်မွေးဝမ်းကြောင်းကိုလည်း ထိခိုက်စေပါတယ်” ဟု ရူဘီယိုက ရေးသားခဲ့သည်။
ထရမ့်အစိုးရအဖွဲ့သည် လွန်ခဲ့သည့်လအနည်းငယ်က ကုန်တင်ယာဉ်မောင်းများ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောနိုင်ဆိုနိုင်ဖတ်ရှုနိုင်ခြင်းရှိရမည့် လိုအပ်ချက်ကို ပြဋ္ဌာန်းခဲ့သည်။ ယာဉ်အန္တရာယ် ကင်းရှင်းရေးလမ်းညွှန်ဆိုင်းဘုတ်များကို ဖတ်ရှုနိုင်စွမ်း သို့မဟုတ် အင်္ဂလိပ်စကား ပြောဆိုနိုင်စွမ်းမရှိ သည့် ယာဉ်မောင်းများကြောင့် လူသေဆုံးမှုများအပေါ် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် လမ်းအန္တရာယ်ကင်းရှင်းရေးကို တိုးတက်စေရန်ရည်ရွယ်၍ အဆိုပါလိုအပ်ချက်ကို ပြဋ္ဌာန်းခြင်းဖြစ်သည် ဟု ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့၏ “စိစစ်ခြင်းနှင့်ပြန်လည်စစ်ဆေးခြင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်း များကို ပြန်လည်သုံးသပ်ရန်အတွက် အဆိုပါအလုပ်သမားဗီဇာများ ထုတ်ပေးခြင်းကို ခေတ္တရပ်ဆိုင်းထား ကြောင်း ကြာသပတေးနေ့နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
“ကျွန်တော်တို့ရဲ့ လမ်းတွေပေါ်က ယာဉ်မောင်းတိုင်းဟာ အမြင့်မားဆုံးစံနှုန်းကို ပြည့်မီရေး အသေအချာ ဆောင်ရွက်တာဟာ အမေရိကန် ကုန်တင်ယာဉ်မောင်းတွေရဲ့ အသက်မွေးဝမ်းကြောင်းကို ကာကွယ်ဖို့နဲ့ လုံခြုံစိတ်ချရတဲ့ကုန်စည်ပို့ဆောင်ရေးကွင်းဆက်ကို ထိန်းသိမ်းဖို့အတွက် အရေးကြီးပါတယ်” ဟု အဆို ပါ ဌာနက ပြောကြားခဲ့သည်။
နိုင်ငံခြားဆက်ဆံရးကောင်စီမှ အကြီးတန်းအဖွဲ့ဝင် Edward Alden က နိုင်ငံခြားသား အလုပ်သမားများ က ကုန်တင်ယာဉ်မောင်းလုပ်သားရှားပါးမှုကို ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေကြောင်း ပြောကြား ခဲ့သည်။
ဤလုပ်ရပ်ကို အမေရိကန်ကုမ္ပဏီများနှင့် တက္ကသိုလ်များ၊ ဆေးရုံများကဲ့သို့သော အခြားအဖွဲ့အစည်း များအနေဖြင့် နိုင်ငံခြားသားအလုပ်သမားများအား အလုပ်ခန့်ခြင်းနှင့် ဆက်လက်ခန့်ထားခြင်းများကို အား မပေးသည့် အစိုးရ၏ စုပေါင်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်သင့်သည်” ဟု Alden က အီးမေးလ်တွင် ရေးသားခဲ့သည်။
“ဒီမှာ ရည်ရွယ်ချက်က အလုပ်သမားအတန်းအစားတစ်ခုကို ပစ်မှတ်ထားဖို့မဟုတ်ဘဲ နိုင်ငံခြားသား အလုပ်သမားတွေကို အလုပ်ခန့်ထားရင် အန္တရာယ်ရှိတယ်ဆိုတဲ့ သတင်းစကားကို အမေရိကန် အလုပ် ရှင်တွေဆီ ပို့ဖို့ပဲ ဖြစ်ပါတယ်။ “စီးပွားရေးဆိုင်ရာ အကျိုးဆက်တွေဟာ အလုပ်အမျိုးအစားအနည်းငယ်က နိုင်ငံခြားသားအလုပ်သမားတွေရဲ့ ဗီဇာတွေ ရုပ်သိမ်းခံရတာထက် အများကြီး ပိုပြီးကြီးမားလာလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အစိုးရအဖွဲ့သည် ဗီဇာလျှောက်ထားသူများအပေါ် လူကိုယ်တိုင်တွေ့ဆုံမေးမြန်းခြင်းအပါအဝင် ပိုမိုတင်း ကျပ်သည့် ကန့်သတ်ချက်များနှင့် လိုအပ်ချက်များကို တဖြည်းဖြည်းချမှတ်လာခဲ့သည်။ ဗီဇာကိုင်ဆောင် သူအားလုံးကို ပြန်လည်စိစစ်ခြင်းသည် အစောပိုင်းတွင် အစိုးရက ပါလက်စတိုင်းလိုလားသူများ သို့မဟုတ် အစ္စရေးဆန့်ကျင်သူများဟု ယူဆသည့် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော ကျောင်းသားများကိုသာ အဓိက ထား၍ စိစစ်ခြင်းလုပ်ငန်းစဉ်အား သိသိသာသာ ချဲ့ထွင်လိုက်ခြင်းဖြစ်သည်ဟု ယူဆရသည်။
ပြန်လည်စိစစ်ရာတွင် ဗီဇာကိုင်ဆောင်သူအားလုံး၏ လူမှုမီဒီယာအကောင့်များ၊ ၎င်းတို့၏ ဇာတိနိုင်ငံရှိ ဥပဒေစိုးမိုးရေးနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မှတ်တမ်းများအပြင် အမေရိကန်တွင် ရှိနေစဉ် ကျူးလွန် ခဲ့သည့် အမေရိကန်ဥပဒေချိုးဖောက်မှုများလည်း ပါဝင်မည်ဖြစ်ကြောင်း အရာရှိများက ပြောကြားခဲ့သည်။
ပြန်လည်စိစစ်မှုများတွင် ယခုနှစ်အစောပိုင်းက စတင်မိတ်ဆက်ခဲ့သော စည်းကမ်းချက်အသစ်များအရ ဖြစ်နိုင်သလောက်လူမှုမီဒီယာစာမျက်နှာများအားလုံးကို သေချာစိစစ်ခြင်းအပါအဝင် ယခင်၊လက်ရှိနှင့် အနာဂတ် ဗီဇာလျှောက်ထားသူများအပေါ် အချက်အလက်စုဆောင်းရန်အတွက် ကိရိယာအသစ်များ ပါဝင်မည်ဖြစ်သည်။ အဆိုပါစည်းကမ်းချက်အသစ်များအရ လျှောက်ထားသူ ဗီဇာတွေ့ဆုံမေးမြန်းမှု အတွက် လာရောက်သည့်အခါ ၎င်းတို့၏ လက်ကိုင်ဖုန်းများနှင့် အခြားအီလက်ထရွန်နစ်ပစ္စည်းများ သို့မဟုတ် အပလီကေးရှင်းများမှ privacy ကိုယ်ရေးကိုယ်တာလျှို့ဝှက်ထားရှိမှု လုံခြုံရေးဆက်တင်များကို မဖြစ်မနေဖြုတ်ပေးရန်လိုအပ်လာမည်။
“အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ အများပြည်သူဘေးကင်းရေးကို ကာကွယ်ဖို့အတွက် ထရမ့်အစိုးရရဲ့ ကတိကဝတ်တစ်စိတ်တစ်ပိုင်းအနေနဲ့ ရာထူးစတင်ယူတဲ့နေ့ကတည်းကစပြီး နိုင်ငံခြားရေး ဝန်ကြီး ဌာန ဟာ ပြီးခဲ့တဲ့နှစ် အချိန်ကာလတူထက် ဗီဇာနှစ်ဆကျော်၊ ကျောင်းသားဗီဇာဆိုရင် လေးဆနီးပါး ရုပ်သိမ်း ခဲ့ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အမေရိကန်သို့ လာရောက်လိုသော နိုင်ငံခြားသားအများစု၊ အထူးသဖြင့် ကာလကြာရှည်စွာ ပညာ သင်ကြားရန် သို့မဟုတ် အလုပ်လုပ်ရန် ဆန္ဒရှိသူများသည် ဗီဇာလိုအပ်သည်။ ချွင်းချက်အနေဖြင့် အချိန် တိုခရီးသွားလာခြင်း သို့မဟုတ် စီးပွားရေးကိစ္စအတွက် လာရောက်သည့် အဓိကဥရောပနှင့် အာရှ နိုင်ငံ (၄၀)မှ နိုင်ငံသားများသည် ဗီဇာလျှောက်ထားရန်မလိုဘဲ သုံးလအထိ နေထိုင်ခွင့်ပြုသည့် ဗီဇာကင်းလွတ် ခွင့်အစီအစဉ်တွင် ပါဝင်ကြသည်။
သို့သော် ကမ္ဘာ့နေရာအများစုဖြစ်သည့် လူဦးရေထူထပ်သော တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ရုရှားနှင့် အာဖရိကနိုင်ငံအများစုသည် ယင်းအစီအစဉ်တွင် မပါဝင်သောကြောင့် ၎င်းတို့နိုင်ငံသားများ အမေရိကန် သို့ ခရီးသွားရန်အတွက် ဗီဇာလျှောက်ထားရမည်ဖြစ်သည်။
ယခုသီတင်းပတ်အစောပိုင်းတွင် ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ဗီဇာသက်တမ်းကျော်လွန်နေထိုင်ခြင်းနှင့် ပြည်နယ်၊ ဒေသဆိုင်ရာနှင့် ဖက်ဒရယ် ဥပဒေများကို ချိုးဖောက်ခြင်းတို့ကြောင့် ကျောင်းသားဗီဇာပေါင်း ၆,၀၀၀ ကျော်ကို ရုပ်သိမ်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါဥပဒေချိုးဖောက်မှုများတွင် အများစုမှာ တိုက်ခိုက်မှု၊ အရက် သို့မဟုတ် မူးယစ်ဆေးဝါးသုံးစွဲပြီး ယဉ်မောင်းနှင်မှုနှင့် အကြမ်းဖက်မှုကို ထောက်ပံ့မှုတို့ဖြစ်ကြောင်း သိရသည်။
ဗီဇာ ၆,၀၀၀ အနက် ၄,၀၀၀ ခန့်သည် ဥပဒေချိုးဖောက်မှုများကြောင့်ဖြစ်ပြီး သတ်မှတ်ထားသော အကြမ်းဖက်အဖွဲ့အစည်းများ သို့မဟုတ် အကြမ်းဖက်ဝါဒကို ထောက်ပံ့သည့် နိုင်ငံများကို ကူညီခြင်း အပါအဝင် အကြမ်းဖက်မှုနှင့်သက်ဆိုင်သည့်ကိစ္စများကြောင့် ဗီဇာ ၂၀၀ မှ ၃၀၀ ခန့် ရုပ်သိမ်းခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
Trump administration reviews 55 million visa holders for violations by FRANCE 24 with AP
MINBU, Myanmar, Aug 20, 2025 — Myanmar has lost about 7% of its forest cover over the past 20 years, the country’s leader said on Tuesday, pledging new tree-planting efforts to slow the pace of deforestation.
Senior General Min Aung Hlaing, chairman of the State Security and Peace Commission, said forest coverage stood at 49% in 2005 but had declined to 42.19% in 2025.
“We are working to increase forest coverage back to around 50%,” he told a tree-planting event in Minbu, central Myanmar, on August 19, part of a nationwide reforestation campaign across 13 districts.
Myanmar has announced a five-year plan to expand tree planting through 2030, which it says will help curb environmental degradation and mitigate the impact of climate change.
Minbu was ranked among the world’s 15 hottest cities last year, highlighting the region’s vulnerability to extreme heat. At Tuesday’s event, officials and residents planted about 1,000 saplings of six species, including teak, tamarind and mahogany.
#ymg/knl
၁၉ ဩဂုတ် ၂၀၂၅
မြန်မာနိုင်ငံတွင် အနှစ်၂၀ အတွင်း သစ်တောဖုံးလွှမ်းမှု ၇ ရာခိုင်နှုန်းလျော့နည်းသွားတယ်လို့ သိရပါ တယ်။
ယင်းသို့လျော့နည်းသွားကြောင်းကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်( နလအ ကော်မရှင်) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအလယ်ပိုင်း မင်းဘူးမြို့မှာ ဩဂုတ်၁၉ ရက်က ကျင်းပတဲ့ အပူပိုင်းဒေသ (၁၃)ခရိုင်စိမ်းလန်းစိုပြေရေး၊ ၂ဝ၂၅ ခုနှစ် နိုင်ငံတော်အဆင့် ဒုတိယအကြိမ်လူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
“၂၀၀၅ ခုနှစ်က သစ်တောဖုံးလွှမ်းမှုအနေဖြင့် ၄၉ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုအခါ ၄၂ ဒသမ ၁၉ ရာခိုင် နှုန်းသာရှိတော့သည့်အတွက် ၇ ရာခိုင်နှုန်းခန့် လျော့နည်းသွားသည်ကိုတွေ့ရှိရပါတယ်။ သစ်တော ဖုံးလွှမ်းမှုကို ၅၀ ရာခိုင်နှုန်းခန့်တိုးတက်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြေရေးအတွက် ၂၀၂၅ - ၂၀၂၆မှ ၂၀၂၉-၂၀၃၀ အထိ ၅ နှစ်စီမံကိန်း တွင် ပျိုးပင်များထပ်မံတိုးချဲ့စိုက်ပျိုးသွားရန် စီမံဆောင်ရွက်ထားရှိပြီး ယင်းတို့ကို အောင်မြင်အောင် စိုက်ပျိုးဆောင်ရွက်သွားမည်ဆိုပါက ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက်များစွာအကျိုးဖြစ်ထွန်းစေ ကာရာသီဥတုဖောက်ပြန်မှုများကိုလည်း လျော့ပါးလာစေမည်ဖြစ်ကြောင်းလည်း နလအ ကော်မရှင် ဥက္ကဋ္ဌက ဆက်လက်ပြောဆိုပါတယ်။
ယခင်နှစ်က မင်းဘူးမြို့သည် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့ စာရင်းတွင် ပါဝင်ခဲ့ပြီး ယင်းဒေသတွင် ရာသီဥတု ပူပြင်းသည့်ဒဏ်များမခံစားရစေရန် အကောင်းဆုံးလုပ်ရပ်အဖြစ် သစ်ပင်စိုက်ပျိုးခြင်းများကိုဆောင်ရွက် ပေးတာဖြစ်တယ်လို့သိရပါတယ်။
သစ်ပင်စိုက်ပျိုးပွဲတွင် တမာ၊ ဖျောက်ဆိပ်၊ ပိတောက်၊ ယင်းမာ၊မဲဇလီ၊ စိန်ပန်းကြီး၊ ထုံးပေါက် စသည့် သစ်မျိုး ၆ မျိုး၊ ပျိုးပင်ပေါင်း ၁၀၀၀ ပင်ကိုလူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။
#ymg/knl
Demoso, August 19, 2025 — The Myanmar military (Tatmadaw) has fully regained control of Demoso Town in Kayah State on August 19, after it had been temporarily under the control of KNPP, KNDF, and PDF insurgents, according to an official statement released by the government’s Information Team.
During the 16-day military operation to retake Demoso, 23 clashes of varying scale broke out between Tatmadaw forces and insurgents. The operation resulted in the recovery of six enemy bodies and five assorted weapons, while some security personnel were reported killed or injured, the statement said.
According to the report, the insurgents had infiltrated and occupied areas in Demoso Township since November 2023, disguising themselves as local villagers.
The Tatmadaw further stated that, following the recapture, necessary security and clearance operations are continuing in Demoso Town.
Military columns have also cleared the roads linking Loikaw and Demoso, with the aim of reopening the main Loikaw–Demoso highway in the near future, the announcement added.
The Demoso offensive was part of the “Yan Naing Min” military operation, under which the Tatmadaw has conducted clearance campaigns against insurgent-controlled towns, villages, and transport routes across southern Shan State and Kayah State.
As part of this broader campaign, the Tatmadaw recaptured Hsihseng on May 15, 2024, reopened the Hopong–Hsihseng–Loikaw road on May 29, 2024, regained control of Mobye on July 6, 2025, reopened the Pinlaung– Hsawngpyaung- Pekon–Mobye–Loikaw road on July 11, 2025, and secured the entire eastern part of Pekon Lake on July 31, 2025, according to the statement.
#ymg/knl
၁၉ ဩဂုတ် ၂၀၂၅
KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ယာယီထိန်းချုပ်ထားသည့် ကယား ပြည်နယ်၊ ဒီးမော့ဆိုမြို့ အား တပ်မတော်က ယနေ့ဩဂုတ် ၁၉ ရက်တွင် အပြည့်အဝ ပြန်လည် ထိန်းချုပ် နိုင်ပြီလို့ အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
ဒီးမော့ဆို မြို့ပြန်လည်ထိန်းချုပ်ရေး တပ်မတော်ရဲ့စစ်ဆင်ရေးကာလ (၁၆)ရက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ်(၂၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူထံမှ အလောင်း(၆)လောင်းနှင့် လက်နက်မျိုးစုံ(၅)လက် သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံး၊ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများသည် ဒီးမော့ဆိုမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ကျေးရွာသူ၊ ကျေးရွာသားများအသွင်ဖြင့် စိမ့်ဝင်ပုံဖျက် ဝင်ရောက်နေရာယူခဲ့ကြောင်းသိရပါတယ်။
တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်တဲ့ အဆိုပါ ဒီးမော့ဆိုမြို့တွင် လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့်နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း အဆိုပါသတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။
တပ်မတော်စစ်ကြောင်းများက လွိုင်ကော်မြို့ နှင့် ဒီးမော့ဆိုမြို့တို့အား ဆက်သွယ်ထားသည့် လမ်း ကြောင်းအား အပြီးတိုင်ဆက်လက်ရှင်းလင်းပေးခြင်းဖြင့် လွိုင်ကော်၊ ဒီးမော့ဆို ဆက်သွယ်ရေး လမ်းမ ကြီးအား မကြာမီအချိန်တွင်ပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိတယ်လို့လည်း သတင်းထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။
တပ်မတော်က “ရန်နိုင်မင်း” စစ်ဆင်ရေးဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်/ပိတ်ဆို့ထားသည့် မြို့/ရွာများ၊ ဆက်သွယ်ရေးလမ်းကြောင်းများအား အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ပြီး ဒီးမော့ဆိုမြို့ကို ပြန်လည်ထိန်းချုပ် နိုင်ခဲ့တာဖြစ်ပါတယ်။
ရန်နိုင်မင်း” စစ်ဆင်ရေးဖြင့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ မေ ၁၅ ရက်နေ့တွင် ဆီဆိုင်မြို့အားပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဟိုပုံး-ဆီဆိုင်-လွိုင်ကော် လမ်းကြောင်းအား မေလ ၂၉ရက်နေ့တွင်လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့တွင် မိုးဗြဲမြို့အားပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပင်လောင်း-ဆောင်းပြောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းကြောင်းအား ဇူလိုင် ၁၁ ရက်နေ့တွင်လည်း ကောင်း၊ ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းဒေသတစ်ခုလုံးအား ဇူလိုင် ၃၁ ရက်နေ့တွင်လည်းကောင်း ပြန်လည် ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်းသိရှိရပါတယ်။
#ymg/knl
Page 3 of 243