August 6, 2025,Nay Pyi Taw- Two private companies will begin exploration for oil and natural gas in three onshore blocks in the Pyae (Pyay) Sedimentary Basin region.
The two private companies, HNA Myanmar Oil & Gas Ltd and Future Engineering & Gold, Mining Co., Ltd, signed production sharing contracts with the Myanma Oil and Gas Enterprise, which is under the Ministry of Energy. The signing ceremony took place today, August 6, at the Ministry of Energy in Nay Pyi Taw.
According to a press release from the Ministry of Energy, HNA Myanmar Oil & Gas Ltd will carry out increased oil extraction operations in onshore blocks IOR-4 (Pyae region) Area-1 and IOR-6 (Myanaung region) Area-3. Meanwhile, Future Engineering & Gold, Mining Co., Ltd. will perform similar work in block IOR-7 (Shwepyithar region) Area-2.
Union Minister for Energy U Ko Ko Lwin, who presided over the contract signing ceremony, stated, "The Pyae, Myanaung, and Shwepyithar oil fields, which are located in the larger Pyae Sedimentary Basin, have a great history and good potential. We believe that if we can carry out exploration, evaluation, and drilling using modern technologies and equipment, it will be very beneficial for the state and will be successful."
Officials from the private companies and senior officials from the Ministry of Energy also attended the signing ceremony.
The Ministry of Energy has been allowing Local entrepreneurs to operate 10 onshore blocks in mature oil fields under a production sharing contract system. According to the Ministry's press release, the first block approved in October 2024 is already producing natural gas, which is being used to provide electricity to that region.
#ymg/knl
၆ ဩဂုတ် ၂၀၂၅
ကုန်းတွင်းလုပ်ကွက်တွေဖြစ်တဲ့ “ပြည်” အနည်ကျချိုင့်ဝှမ်းကြီး ဒေသ(၃)ခုတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များထုတ်လုပ်နိုင်ရန် ပုဂ္ဂလိက ကုမ္ပဏီ(၂)ခုက စတင်ဆောင်ရွက်တော့မယ်လို့သိရ ပါတယ်။
အဆိုပါ ပုဂ္ဂလိက ကုမ္ပဏီ (၂)ခုကတော့ HNA Myanmar Oil & Gas Ltd နှင့် Future Engineering & Gold, Mining Co., ltd တို့ဖြစ်ကြပြီး စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် ယင်းကုမ္ပဏီများ ဩဂုတ် ၆ ရက်က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနတွင် စာချုပ်များလက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပါတယ်။
HNA Myanmar Oil & Gas Ltd ကုမ္ပဏီသည် ကုန်းတွင်းလုပ်ကွက် IOR-4 (ပြည်ဒေသ) ဧရိယာ - ၁ နှင့် IOR-6 (မြန်အောင်ဒေသ) ဧရိယာ - ၃ တို့တွင်လည်း ကောင်း၊Future Engineering & Gold, Mining Co., ltd. သည် IOR-7 (ရွှေပြည်သာဒေသ) ဧရိယာ - ၂ တွင်လည်းကောင်း ရေနံ အထွက်တိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံနှင့် သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ကြောင်း စွမ်း အင်ဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“ယနေ့စာချုပ်ချုပ်ဆိုမည့် ပြည်ရေနံမြေ၊ မြန်အောင်ရေနံမြေနှင့် ရွှေပြည်သာရေနံမြေ တို့သည် ပြည်အနည်ကျချိုင့်ဝှမ်းကြီးအတွင်း တည်ရှိသည်ဖြစ်ရာ အစဉ်အလာကောင်းများနှင့် အလား အလာ ကောင်းများရှိသည့် ရေနံမြေများဖြစ်သဖြင့် ခေတ်မီနည်းပညာများ၊ ခေတ်မီစက်ကိရိယာများ အသုံး ပြု၍ ရှာဖွေခြင်း၊ အကဲဖြတ်ခြင်း၊ တူးဖော်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော် အတွက် များစွာအထောက်အကူပြုမည်ဖြစ်ပြီး အောင်မြင်မည်ဟုလည်းယုံကြည်တယ်”လို့ အဆိုပါ စာချုပ်ချုပ် ဆိုပွဲကို ဦးဆောင်တက်ရောက်တဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အခမ်း အနားမှာပြောကြားခဲ့ပါတယ်။
စာချုပ်ချုပ်ဆိုပွဲတွင် စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်အတူ အဆိုပါပုဂ္ဂလိကုမ္ပဏီ များမှ တာဝန်ရှိသူတွေ၊ စွမ်းအင်ဝန်ကြီးဌာန ဌာနဆိုင်ရာ အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။
စွမ်းအင်ဝန်ကြီးဌာနသည် သက်တမ်းရင့်ရေနံမြေများမှ ကုန်းတွင်းလုပ်ကွက်(၁၀)ကွက်ကို တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ တိုးတက်ထွက်ရှိလာသော ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ်ဖြင့် လုပ်ငန်းများဆောင်ရွက်ခွင့်ပြုပေးလျက်ရှိတယ်လို့ လည်း သိရပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ်ခွင့်ပြုပေးခဲ့သည့် လုပ်ကွက်အနေဖြင့် ယခုအချိန်တွင် သဘာဝ ဓာတ်ငွေ့များထုတ်လုပ်နေပြီး ယင်းဒေသ၏ လျှပ်စစ်မီးရရှိရေးအတွက် အသုံးပြုလျက်ရှိနေပြီဖြစ်တယ်လို့လည်း စွမ်းအင်ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#ymg/knl
YANGON, Myanmar, August 5, 2025- The National Defence and Security Council announced that Pro Tem President U Myint Swe's health is in a concerning state, and he is receiving treatment in the intensive care unit.
According to the statement, Pro Tem President U Myint Swe was readmitted to the 1,000-bed Military Hospital No. 2 on July 24, 2025, due to a decline in his health, including weight loss, loss of appetite, fever, and reduced alertness, which occurred in July.
The Pro Tem President has previously received medical treatment for Parkinson's disease and related neurological disorders. He was treated at Mount Elizabeth Medical Center in Singapore from April 15 to 19, 2024, and then at the 1,000-bed Military Hospital No. 2 from May 27 to June 18, 2024.
After his discharge, a special medical team led by Union Minister of Health Professor Dr. Thet Khaing Win continued to monitor and treat U Myint Swe.
However, as his condition did not improve, he was granted medical leave to rest and receive treatment at home starting from July 18, 2024. His health subsequently deteriorated, necessitating his return to the hospital.
Due to Pro Tem President Myint Swe's health-related leave from the National Defence and Security Council, Commander-in-Chief of Defence Services Senior General Min Aung Hlaing has been serving as the Pro Tem President (On Duty) on the council.
#ymg/knl
၅ ဩဂုတ် ၂၀၂၅
ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေစိုးရိမ်နေရပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသခံယူနေရတယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေူကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကိုယ်အလေးချိန်လျော့ကျခြင်း၊ အစာ ကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှုလျော့နည်းလာခြင်းတို့ကြောင့် ဇူလိုင်လ ၂၄ ရက်နေ့တွင် အမှတ် (၂)တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀) ၌ ထပ်မံဆေးရုံတက်ရောက် ကုသမှု ခံယူခဲ့ရတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယာယီသမ္မတသည် အာရုံကြောများ နှေးကွေးတုန့်ဆိုင်း သည့်ရောဂါ (Parkinson's Disease) ၊၎င်းနှင့် ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါများကြောင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံMount Elizabeth Medical Center တွင် လည်းကောင်း၊ မေလ ၂၇ ရက်နေ့မှ ဇွန်လ၁၈ ရက်နေ့အထိအမှတ်(၂) တပ်မတော်ဆေးရုံကြီးခုတင် (၁၀၀၀) တွင် လည်းကောင်း
ဆေးကုသမှုများခံယူခဲ့ရပါတယ်။
ဆေးရုံဆင်းပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေအား ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သော အထူးဆေးကုသမှုအဖွဲ့ဖြင့်ကျန်းမာရေးစစ်ဆေးကုသ မှုများ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။
သို့သော်သူ၏ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ နေအိမ်၌ပင်ဆေးခွင့်ဖြင့်အနားယူ၍ ဆေးကုသမှု ဆက်လက်ခံယူ နေခဲ့ စဉ် ကျန်းမာရေးအခြေအနေဆိုးရွားလာသဖြင့် ဆေးရုံပြန်လည်တက်ခဲ့ရခြင်းဖြစ်ကြောင်းသိရပါတယ်။
ယာယီသမ္မတဦးမြင့်ဆွေသည်ကျန်းမာရေးအခြေအနေကြောင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီတွင် ခွင့်တင်ထားသဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတ(တာဝန်)ဖြင့် အဆိုပါကောင်စီတွင် တာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်။
#ymg/knl
၄ ဩဂုတ် ၂၀၂၅
တောင်ငူဘူတာရုံကို ခေတ်မီဘူတာရုံတစ်ခုအဖြစ် အသစ်တည်ဆောက်ရန် စီစဉ်နေကြောင်း သိရပါ တယ်။
အဆိုပါဘူတာရုံအသစ်နှင့်ဆက်စပ်ပြီး တောင်ငူမြို့ရှောင် ရထားလမ်းကိုလည်း ဖောက်လုပ်နေပါတယ်။
အဆိုပါဆောင်ရွက်ချက်များကို လအက နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသယာယာရေးကော်မရှင် (လအက) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဩဂုတ် ၂ ရက်နေ့က သွားရောက်စစ်ဆေးကြည့်ရှု ခဲ့ပါတယ်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တောင်ငူမြို့ရှောင် ရထားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရထားလမ်းအူကြောင်းနှင့် ရထားလမ်းဆိုင်ရာအချက်အလက်များ၊ တောင်ငူဘူတာရုံအသစ် တည်ဆောက်ရေး လျာထား ဆောင်ရွက် ထားရှိမှု၊ ရထားလမ်းနှင့် ဘူတာအဝင်ကားလမ်းနယ်နိမိတ်သတ်မှတ်မှု၊ဖို့မြေလုပ်ငန်းဆောင်ရွက် သွား မည့်အစီအမံများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
ရှင်းလင်းတင်ပြမှုများအပေါ် လအကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရထားလမ်း နှင့် ဘူတာရုံ အသစ် တည်ဆောက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်စေရေး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လုပ်ငန်းစဉ်အဆင့်အလိုက် အရည်အသွေး ပြည့်မီအောင် တည်ဆောက်သွားဖို့ မှာကြားခဲ့ကြောင်း သိရပါတယ်။
#ymng/knl
July 31, 2025, Nay Pyi Taw-The National Defense and Security Council has declared a state of emergency in 63 townships across nine regions and states with Order No. 1/2025, which holds the force of law.
The order states that this declaration is to effectively suppress armed terrorist violence and to establish regional stability, peace, and the rule of law.
The townships where a state of emergency has been declared are as follows: 5 townships in Kachin State, 3 in Kayah State, 2 in Kayin State, 7 in Chin State, 9 in Sagaing Region, 5 in Magway Region, 3 in Mandalay Region, 14 in Rakhine State, and 15 in Shan State.
The full declaration (unofficial translation) is as follows:
The Republic of the Union of Myanmar
National Defense and Security Council
Declaration of State of Emergency
Order No. 1/2025 with the Force of Law
7th Wakhong Waxing Day, 1387 ME
(July 31, 2025)
For the purpose of effectively suppressing armed terrorist violence and establishing regional stability, peace, and the rule of law, the following townships in the respective regions and states are declared under a state of emergency in accordance with Section 412(a) of the Constitution of the Republic of the Union of Myanmar (2008):
(a) Kachin State
(1) Sumprabum Township
(2) Shwegu Township
(3) Injangyang Township
(4) Sawlaw Township
(5) Chipwi Township
(b) Kayah State
(1) Shartaw Township
(2) Phasaung Township
(3) Mese Township
(c) Kayin State
(1) Kawkareik Township
(2) Kyainseikgyi Township
(d) Chin State
(1) Kanpetlet Township
(2) Htantalang Township
(3) Paletwa Township
(4) Tonzang Township
(5) Mindat Township
(6) Matupi Township
(7) Falam Township
(e) Sagaing Region
(1) Htigyaing Township
(2) Kawlin Township
(3) Pinlebu Township
(4) Khin-U Township
(5) Wetlet Township
(6) Kani Township
(7) Depayin Township
(8) Pale Township
(9) Indaw Township
(f) Magway Region
(1) Pauk Township
(2) Myaing Township
(3) Saw Township
(4) Htilin Township
(5) Yesagyo Township
(g) Mandalay Region
(1) Mogok Township
(2) Singu Township
(3) Ngazun Township
(h) Rakhine State
(1) Ramree Township
(2) Pauktaw Township
(3) Ponnagyun Township
(4) Rathedaung Township
(5) Gwa Township
(6) Maungdaw Township
(7) Buthidaung Township
(8) Kyauktaw Township
(9) Minbya Township
(10) Myebon Township
(11) Mrauk-U Township
(12) Thandwe Township
(13) Ann Township
(14) Taungup Township
(i) Shan State
(1) Namatu Township
(2) Mabain Township
(3) Kutkai Township
(4) Namhkam Township
(5) Theinni Township
(6) Kunlong Township
(7) Namhsan Township
(8) Mantong Township
(9) Hopang Township
(10) Laukkai Township
(11) Konkyan Township
(12) Momate Township
(13) Kyaukme Township
(14) Hsipaw Township
(15) Mongla Township
2. This order shall remain in effect for ninety (90) days from today.
Signed
Min Aung Hlaing
Senior General
Acting President (Duty)
၃၁ ဇူလိုင် ၂၀၂၅
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် တိုင်းဒေသကြီးနှင့်ပြည်နယ်(၉)ခုရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်တွင် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၅ဖြင့် အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန်ကြေညာခြင်းဖြစ်တယ်လို့ အမိန့်တွင် ဖော်ပြ ထားပါတယ်။
အရေးပေါ်အခြေအနေကြေညာရာ၌ ကချင်ပြည်နယ်တွင် (၅)မြို့နယ်၊ ကယားပြည်နယ်တွင် (၃)မြို့နယ်၊ ကရင်ပြည်နယ်တွင် (၂)မြို့နယ်၊ ချင်းပြည်နယ်တွင် (၇)မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၉)မြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် (၅)မြို့နယ်၊မန္တလေးတိုင်းဒေသကြီးတွင် (၃)မြို့နယ်၊ ရခိုင်ပြည်နယ်တွင် (၁၄) မြို့နယ်နှင့် ရှမ်းပြည်နယ်တွင် (၁၅)မြို့နယ်တို့ အသီးသီးဖြစ်ကြပါတယ်။
အမိန့်ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
အရေးပေါ်အခြေအနေကြေညာခြင်း
ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁ /၂၀၂၅
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက်
(၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်)
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများချုပ်ငြိမ်းစေရန်နှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ အောက်ပါတိုင်းဒေသကြီးနှင့်ပြည် နယ်များရှိ ဖော်ပြပါမြို့နယ်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၄၁၂(က) အရ အရေးပေါ်အခြေအနေကြေညာလိုက်သည်-
(က) ကချင်ပြည်နယ်
(၁) ဆွမ်ပရာဘွမ်မြို့နယ်၊
(၂) ရွှေကူမြို့နယ်၊
(၃) အင်ဂျန်းယန်မြို့နယ်၊
(၄) ဆော့လော်မြို့နယ်၊
(၅) ချီဖွေမြို့နယ်၊
(ခ) ကယားပြည်နယ်
(၁) ရှားတောမြို့နယ်၊
(၂) ဖားဆောင်းမြို့နယ်၊
(၃) မယ်စဲ့မြို့နယ်။
(ဂ) ကရင်ပြည်နယ်
(၁)ကော့ကရိတ်မြို့နယ်၊
(၂) ကြာအင်းဆိပ်ကြီးမြို့နယ်။
(ဃ) ချင်းပြည်နယ်
(၁) ကန်ပက်လက်မြို့နယ်၊
(၂) ထန်တလန်မြို့နယ်၊
(၃) ပလက်ဝမြို့နယ်၊
(၄) တွန်းဇံမြို့နယ်၊
(၅) မင်းတပ်မြို့နယ်၊
(၆) မတူပီမြို့နယ်၊
(၇) ဖလမ်းမြို့နယ်။
(င) စစ်ကိုင်းတိုင်းဒေသကြီး
(၁)ထီးချိုင့်မြို့နယ်၊
(၂)ကောလင်းမြို့နယ်၊
(၃)ပင်လည်ဘူးမြို့နယ်၊
(၄) ခင်ဦးမြို့နယ်၊
(၅) ဝက်လက်မြို့ နယ်၊
(၆) ကနီမြို့နယ်၊
(၇) ဒီပဲယင်းမြို့နယ်၊
(၈) ပုလဲမြို့နယ်၊
(၉) အင်းတော်မြို့နယ်။
(စ) မကွေးတိုင်းဒေသကြီး
(၁) ပေါက်မြို့နယ်၊
(၂) မြိုင်မြို့နယ်၊
(၃) ဆောမြို့နယ်၊
(၄) ထီးလင်းမြို့နယ်၊
(၅)ရေစကြိုမြို့နယ်။
(ဇ) မန္တလေးတိုင်းဒေသကြီး
(၁) မိုးကုတ်မြို့နယ်၊
(၂)စဉ့်ကူးမြို့နယ်၊
(၃) ငါန်းဇွန်မြို့နယ်၊
(ဈ) ရခိုင်ပြည်နယ်
(၁) ရမ်းဗြဲမြို့နယ်၊
(၂) ပေါက်တောမြို့နယ်၊
(၃) ပုဏ္ဏားကျွန်းမြို့နယ်၊
(၄) ရသေ့တောင်မြို့နယ်၊
(၅) ဂွမြို့နယ်၊
(၆) မောင်တောမြို့နယ်၊
(၇)ဘူးသီးတောင်မြို့နယ်၊
(၈) ကျောက်တော်မြို့နယ်၊
(၉) မင်းပြားမြို့နယ်၊
(၁၀) မြေပုံမြို့နယ်၊
(၁၁) မြောက်ဦးမြို့နယ်၊
(၁၂) သံတွဲမြို့နယ်၊
(၁၃) အမ်းမြို့နယ်၊
(၁၄) တောင်ကုတ်မြို့နယ်။
(ည) ရှမ်းပြည်နယ်
(၁) နမ္မတူမြို့နယ်၊
(၂) မဘိမ်းမြို့နယ်၊
(၃) ကွတ်ခိုင်မြို့နယ်၊
(၄) နမ့်ခမ်းမြို့နယ်၊
(၅) သိန္နီမြို့နယ်၊
(၆) ကွမ်းလုံမြို့နယ်၊
(၇) နမ့်ဆန်မြို့နယ်၊
(၈)မန်တုံမြို့နယ်၊
(၉) ဟိုပန်မြို့နယ်၊
(၁၀) လောက်ကိုင်မြို့နယ်၊
(၁၁) ကုန်းကြမ်းမြို့နယ်၊
(၁၂) မိုးမိတ်မြို့နယ်၊
(၁၃) ကျောက်မဲမြို့နယ်၊
(၁၄) သီပေါမြို့နယ်၊
(၁၅) မိုင်းလားမြို့နယ်။
၂။ဤအမိန့်သည် ယနေ့မှစ၍ ရက်ပေါင်း (၉၀) အထိ အတည်ဖြစ်သည်။
ပုံ
မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ယာယီသမ္မတ(တာဝန်)
Page 6 of 243