#Local_News
Published_ 2 January 2023
ဇန်နဝါရီလတွင် စစ်ကိုင်း၊ ကချင် ရှမ်းနှင့်မွန်ဒေသများတွင် မြူကျရက် ပိုများနိုင်ပြီး ဇန်နဝါရီတစ်လလုံးတွင် မြူကျရက် ၁၈ ရက်မှ ၂၅ ရက်အထိရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်၊၊
အဆိုပါ မြူကျရက်များကို၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလလပတ်အတွက် မိုးလေဝသခန့်မှန်းချက်တွင် ထုတ်ပြန်ဖော်ပြထားခြင်းဖြစ်သည်၊၊
ဇန်နဝါရီလ ပထမဆယ်ရက်တာကာလအတွင်း ခန့်မှန်းချက်၌ တနင်္သာရီတိုင်းဒေသကြီးတွင် ဇန်နဝါရီလပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့်အောက်(သို့မဟုတ်) ၃၅ ဒီဂရီဖာရင်ဟိုက်နှင့် အောက်လျောနည်းနိုင်သဖြင့် ပုံမှန်ထက်ပိုအေးနိုင်မည် ဖြစ်သည်၊၊
ဇန်နဝါရီတစ်လတာအတွင်း မြူအခြေအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် ၁၈ ရက်မှ ၂၅ ရက်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တိုတွင် (၁၀)ရက်မှ (၁၇)ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ၂ရက်မှ (၉)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 2 January 2023
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်၊ အောင်မင်္ဂလာကားဝန်း စစ်ကိုင်လမ်းနှင့် တနင်္သာရီလမ်းတို့တွင် ပိုင်ရှင်မဲ့အမျိုးသားအလောင်း(၂)လောင်းတွေ့ရှိရကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်၊၊
ဇန်နဝါရီ(၂)ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြိုနယ်၊ အောင်မင်္ဂလာကားဝန်း စစ်ကိုင်လမ်းတွင် ပိုင်ရှင်မဲ့အမျိုးသားအလောင်း ၁ လောင်း၊ တနင်္သာရီလမ်းတွင် ပိုင်ရှင်မဲ့အမျိုးသား အလောင်း ၁ လောင်း စုစုပေါင်း အမျိုးသားအလောင်း (၂)လောင်း သေဆုံးနေသည်ဟု ဆက်သွယ်အကူညီတောင်းခံမှုကြောင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သေဆုံးနေသော အမျိုးသား (၂) လောင်းအား မေဓာဝီဆေးရုံသို့ ပို့ဆောင်ပြီး (PR-5/7)ဖြစ် အပ်နှံကူညီပေးခဲ့ကြောင်းနှင့် မိသားစုဝင်များ ဆက်သွယ်နိုင်ရန် ဓာတ်ပုံများတင်ထားပေးကြောင်း သိရသည်၊၊
သေဆုံးသူများကို သိရှိပါက ပုလဲအရန်မီးသတ်တပ်ဖွဲ့ 09-946659399 သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#LocalNews
Published_ 1st January 2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အနီး မြန်မာ့ပင်လယ်ပြင် ၊ မြိတ်မြို့၏ အနောက်မြောက်ဘက် ရေမိုင် ဒသမ ၅ မိုင်အနီး ငါးဖမ်းဝါးလတ်လှေတစ်စီး မီးလောင်ရာတွင် ၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၃၁ ရက်က အဆိုပါမီးလောင်မှုဖြစ်ပွားနေသည်ကို ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များက သွားရောက်ကူညီကယ်ဆယ်ရေးများ ပြုလုပ်ခဲ့ရခြင်းဖြစ်သည်။
မီးလောင်သော ငါးဖမ်းလှေမှာ သုခမောင်(၇)ငါးဖမ်းဝါးလတ်လှေဖြစ်ပြီး မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့မှ ရေယာဉ်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ တင်ဆောင်ထားသည့် အရပ်ဘက်ရေယာဉ်များနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရကြောင်း၊လှေပေါ်ပါ လှေသား ၃ ဦး မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် ယခုအခါ မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 1st January 2023
(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များကို ယနေ့ ဇန်နဝါရီလ ၁ ရက်တွင် ချီးမြှင့်အပ်နှင်းခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားကာ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်အတွင်း ချီးမြှင့်ခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ (၇၄၄) ဦးကို ပေးအပ်ချီးမြှင့်ရာတွင် ယနေ့ ပထမနေ့အခမ်းအနားတွင် အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့ရရှိသူ(၃)ဦး၊ သတိုးသီရိသုဓမ္မဘွဲ့ရရှိသူ (၁)ဦး၊ အဂ္ဂမဟာ သရေစည်သူဘွဲ့ရရှိသူ (၄)ဦး၊ သတိုးမဟာသရေစည်သူဘွဲ့ရရှိသူ (၂)ဦး၊ မဟာ သရေစည်သူဘွဲ့ရရှိသူ (၆)ဦး၊ သရေစည်သူဘွဲ့ရရှိသူ (၁၁)ဦး၊ စည်သူဘွဲ့ရရှိသူ (၇၈)ဦး၊ သီဟသူရဘွဲ့ရရှိသူ (၁) ဦး၊ သူရဘွဲ့ရရှိသူ (၄)ဦး၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ (၅၀)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ (သံအမတ်ကြီးများ) (၂၈)ဦး၊ ဝဏ္ဏကျော်ထင် ဘွဲ့ရရှိသူ (အကြံပေးပုဂ္ဂိုလ်) (၈)ဦး၊ စုစုပေါင်း (၂၀၆)ဦးတို့ကို လက်ရောက် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က အဂ္ဂမဟာသီရိသုဓမ္မဘွဲ့နှင့် အဂ္ဂမဟာ သရေ စည်သူဘွဲ့ရရှိကြသည့် နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း)ဦးနု(ကိုယ်စား)သမီး ဒေါ်သန်းသန်းနု အားလည်းကောင်း၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးစန်းယု (ကိုယ်စား) သမီး ဒေါ်လဲ့လဲ့ယု အားလည်းကောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) ဗိုလ်ချုပ်မှူးကြီး စောမောင် (ကိုယ်စား) သား ဦးသီဟစောအားလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ယင်းနောက် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သည့် အဂ္ဂမဟာသရေစည်သူ ဘွဲ့ရရှိသည့် နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) ဦးနေဝင်း (ကိုယ်စား) သမီး ဒေါက်တာ ခင်စန္ဒာဝင်းအားလည်းကောင်း၊ သတိုးမဟာသရေစည်သူဘွဲ့ရရှိကြသည့် ကာကွယ်ရေး ဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်ကြီးသူရကျော်ထင် (ကိုယ်စား) ဦးသန့်ကျော်အားလည်းကောင်း၊ မဟာသရေစည်သူဘွဲ့ရရှိကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) ဦးဗဆွေ (ကိုယ်စား) သမီး ဒေါ်နေရည်ဗဆွေ၊ နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) သူရ ဦးထွန်းတင် (ကိုယ်စား)သား ဦးရဲမြင့်ထွန်း၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး အေးကို(ငြိမ်း) (ကိုယ်စား) မြေး ဒေါ်မေသက်ကျော်၊ ဒုတိယကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးထွန်းရီ(ငြိမ်း) (ကိုယ်စား) သား ဦးဇော်ထွန်းနှင့် ဒုတိယ ဝန်ကြီးချုပ်(ငြိမ်း) ဦးကျော်ငြိမ်း (ကိုယ်စား) သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့ကို လည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ကာသရေစည်သူဘွဲ့၊ စည်သူဘွဲ့၊ သီဟသူရဘွဲ့၊ သူရဘွဲ့၊ ဇေယျ ကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိကြသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဂုဏ်ပြုချီးမြှင့်ထိုက်သူအား ဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတရားတော်နှင့်အညီ ဆောင်ရွက်ခြင်းလည်းဖြစ်ပြီး တိုင်းပြည် အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအပေါ် ယခုကဲ့သို့ မှတ်တမ်းတင်ဂုဏ်ပြုချီးမြှင့်ခြင်း ခံရသကဲ့သို့ အနာဂတ်ကာလတွင်လည်း နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ သားစဉ်မြေးဆက်များကိုပါ ကြိုးပမ်းဆောင်ရွက်စေရန် စံနမူနာကောင်းများ ပြကြပါဟုလည်း နစက ဥက္ကဌက အခမ်းအနားတွင် တိုက်တွန်းခဲ့သည်။
နိုင်ငံတော်အတွက် မိမိအသက်ခန္ဓာကို ပဓာနမထားဘဲ ကြံ့ခိုင်သည့် စိတ်ဓာတ်၊ စံတင်ထိုက်သည့် စွမ်းရည်၊ ဂုဏ်ယူထိုက်သည့် စွန့်စားခြင်းမျိုးဖြင့် ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့သည့် ဂုဏ်ပြုသင့်ဂုဏ်ပြုထိုက်သူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့က ၂၀၀၉ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်နှင့် ၂၀၁၄ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာပြဋ္ဌာန်းချက်များကို ဖြည့်စွက်ပြဋ္ဌာန်းချက် များနှင့်အညီ စိစစ်ပြီးထောက်ခံတင်ပြချက်များအရ ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ချီးမြှင့်ရခြင်းဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 1 Jan 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးစိုးလင်းဟိန်း (Uncle ZAN Art & Watch Gallery)နှင့် အတူ
-"နာရီကို ငယ်ငယ်ကတည်းကကြိုက်တာဆိုတော့ တစ်ခါတစ်လေ ဈေးကြီးတာမျိုးမဟုတ်ဘဲ စိတ်ကူးထဲမှ ာကြိုက်တဲ့နာရီမျိုးစုံပတ်ဖြစ်လေ့ရှိကြောင်း
-တန်ဖိုးရှိနာရီဆိုတာထက် ရှားပါးနာရီတွေကို ပိုစုဖြစ်တယ် နာရီချစ်သူအချင်းချင်း ရောင်းဝယ်လဲလှယ်တာလုပ်လေ့ရှိကြောင်း
-နိုင်ငံခြားကဝင်တဲ့ နာရီတွေလည်းရှိတယ် နာရီတစ်လုံးစုဆောင်းတော့မယ်ဆိုရင် အတုလားအစစ်လား အချက်အလက်တွေကို သေချာလေ့လာစုဆောင်းလေ့ရှိကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published 1 Jan 2023
လာမယ့်နှစ်မှာ ငလျင်ကြောင့် ထိခိုက်ခဲ့ရတဲ့ မန္တလေးနန်းတွင်းအဆောက်အအုံတွေ မန္တလေးတိုင်းအတွင်းရှိ ရှေးဟောင်းအမွေအနှစ်တွေနဲ့ အင်းဝဘုရားတွေကို ပြုပြင်ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ မန္တလေးတိုင်းရှိ ရှေးဟောင်းသုတေသနဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 1 Jan 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးစိုးလင်းဟိန်း(Uncle ZAN Art & Watch Gallery)နှင့်အတူ
-"နာရီကို ငယ်ငယ်ကတည်းကကြိုက်တာဆိုတော့ တစ်ခါတစ်လေ ဈေးကြီးတာမျိုးမဟုတ်ဘဲ စိတ်ကူးထဲမှာ ကြိုက်တဲ့နာရီမျိုးစုံပတ်ဖြစ်လေ့ရှိကြောင်း
-တန်ဖိုးရှိနာရီဆိုတာထက် ရှားပါးနာရီတွေကို ပိုစုဖြစ်တယ် နာရီချစ်သူအချင်းချင်း ရောင်းဝယ်လဲလှယ်တာလုပ်လေ့ရှိကြောင်း
-နိုင်ငံခြားကဝင်တဲ့ နာရီတွေလည်းရှိတယ် နာရီတစ်လုံးစုဆောင်းတော့မယ်ဆိုရင် အတုလားအစစ်လား အချက်အလက်တွေကို သေချာလေ့လာစုဆောင်းလေ့ရှိကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Page 1280 of 1971