#Local_News
Published_ 31 December 2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တွင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအထိမ်းအမှတ် Sticker Campaign ကို ယနေ့ ဒီဇင်ဘာ ၃၁ ရက်တွင် ပြုလုပ်ခဲ့ကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာက YMG သို့ပြောသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန် ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန(ပစန)တို့ ပူးပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
Sticker Campaign ၌ Sticker ၁၂၀၀၀ ခုကို ဆူးလေမှတ်တိုင်၊သခင်မြပန်းခြံ၊ စံပြဈေးမှတ်တိုင်၊ လှည်းတန်းလမ်းဆုံ၊ ကမ္ဘာအေးဘုရားမှတ် တိုင်၊ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားဝင်းရှိ ခရီးသည်တင် YBS ဘတ်စ်ကားများ၊အဝေးပြေးဘတ်စ်ကားများ၊ အဌားကားများ၊ အိမ်စီးကားများတွင် တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
#ymg/sth
#Yangon_Media _Group
#Local_News
Published_ 31 December 2022
အုန်းခိုင်ကြွေကျ၍ ဦးခေါင်းထိခိုက်ခဲ့သော ၂ နှစ်အရွယ်ကလေးငယ်အား ယနေ့ ဒီဇင်ဘာလ ၃၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်ဆေးရုံ၌ ဆေးဝါးကုသမှုခံယူရန် ထွက်ခွာလာပြီဖြစ်ကြောင်း ဒေသအခြေစိုက် ပုလဲဖြူလူမှုကူညီရေးအဖွဲ့တာဝန်ခံတစ်ဉီးက YMG သို့ ပြောသည်။
"ဒီနေ့ မနက်ပိုင်းမှာ ဘားအံပြည်သူ့ဆေးရုံကနေ ရန်ကုန်ကိုလွှဲပြောင်းတဲ့အတွက် သွားရမှာပါ။ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က လိုက်ပို့ပေးမှာပါ"ဟု ဆိုသည်။
အဆိုပါ ကလေးငယ်သည် ယမန့်နေ နံနက်ပိုင်းက ကော့ကရိတ်ပြည်သူ့ဆေးရုံမှတဆင့် ဘားအံပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူရာ သက်သာလာသည့်အခြေအနေရှိသော်လည်း ကလေးငယ် ဦးခေါင်းခွံတွင် ထိခိုက်ဒဏ်ရာရထားခြင်းကြောင့် ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသေးကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်ကကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ဝင်းကြီး ဗလီအရှေ့ဘက်အခြမ်းတွင် နေထိုင်သည့် အဆိုပါကလေးငယ်မှာ နေအိမ်အုန်းပင်အောက်ဆော့ကစားနေစဉ် အုန်းသီးအစိမ်းအခိူင်လိုက်ပြုတ်ကျခဲ့ရာမှ ကလေးငယ်ဦးခေါင်းအား ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်သည်။
#ymg/myn
#Yangon_Media_Group
#Local_News
Published_ 31 December 2022
နှစ်သစ်ကိုကြိုဆိုသည့် ဂီတဖျော်ဖြေပွဲ (New Year Countdown Music Show)ကိုဒီဇင်ဘာလ(၃၁) ရက်ညပိုင်းတွင် နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးမြို့များတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်၊၊
အဆိုပါနှစ်သစ်ကို ကြိုဆိုသည့်ဂီတဖျော်ဖြေပွဲ (New Year Countdown Music Show) ပွဲများကို နေပြည်တော်တွင် ရေပန်းဥယျာဉ်၌လည်းကောင်း၊ ရန်ကုန်တွင် ပြည်သူ့ရင်ပြင်၌လည်းကောင်း၊မန္တလေးတွင် မန္တလာသီရိအားကစားကွင်း၌လည်းကောင်း ပြုလုပ်သွားမည်ဖြစ်သည်ဟု ဆိုသည်၊၊
ယင်းဂီတဖျော်ဖြေပွဲများတွင် နိုင်ငံကျော်အဆိုတော်များ ပါဝင်ဖျော်ဖြေကြမည်ဖြစ်ပြီး နှစ်သစ်ကူးချိန်ည(၁၂)နာရီအချိန်တွင် နှစ်သစ်ကူးပြောင်းရန် အချိန်ရေတွက်ကြေညာခြင်း၊ မီးရှူးမီးပန်းများပစ်ဖောက်ခြင်းကို LED မှ အစားထိုးဖွင့်လှစ်ပြသခြင်း၊ ဆိုင်ခန်းများရောင်းချခြင်းများ ဆောင်ရွက်ကြမည်ဖြစ်သည်၊၊
ဂီတဖျော်ဖြေပွဲများကို MRTV ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပြီး နေပြည်တော်ရေပန်းဥယျာဉ်တွင် ကျင်းပမည့် ဂီတဖျော်ဖြေပွဲကို MRTV farmer Channelတွင်လည်းကောင်း၊ ရန်ကုန်ပြည်သူ့ရင်ပြင်တွင်ကျင်းပမည့် ဂီတဖျော်ဖြေပွဲကို MRTV Sport တွင် လည်းကောင်း၊မန္တလေးမန္တလာသီရိအားကစားကွင်းတွင် MRTV Parliament channel တွင် လည်းကောင်း ပြသမည်ဖြစ်ပြီး ည(၈)နာရီသတင်းအပြီးတွင် MRTV ရုပ်သံလိုင်းမှ ပြန်လည်ပြသသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_31 December 2022
ပြည်ပသို့ မြန်မာနိုင်ငံမှထွက်ရှိသည့် ပြောင်းများကို ပင်လယ်ရေကြောင်းကနေတစ်ဆင့် ပြောင်းတန်ချိန် ၇ သိန်း ၈ သောင်းကျော်တင်ပို့ထားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းက ဥက္ကဋ္ဌ ဦးထွန်းလွင်က YMG ကိုပြောသည်။
ဧပြီလမှ ဒီဇင်ဘာလအထိ ပြောင်းတန်ချိန် ၇၈၇၉၂၄ တန်တင်ပို့ထားပြီးဖြစ်ကြောင်း၊ လက်ရှိတွင်လည်း မြန်မာ့ပြောင်းတွေကို ဈေးကွက်အသစ်တိုးချဲ့၍ တင်ပို့နေကြောင်းလည်း သိရသည်။
မြန်မာ့ပြောင်းကို ဖိလစ်ပိုင်၊ ဗီယက်နမ် အစရှိသည့်နိုင်ငံပေါင်း ၇၀ ကိုတင်ပို့နေပြီး၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ထိုင်းနိုင်ငံကိုတင်ပို့မှုရှိသော်လည်း ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နှင့် ကုန်သည်များက အခွန်ကင်းလွတ်ခွင့်ရသည့် မတ်လ ၁ ရက်နေ့ကနေ သြဂုတ်လ ၃၁ ရက်အထိသာ ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် မတ်လကနေ ၂၀၂၂ ခုနှစ် မတ်လအကုန်ထိ ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၈ သိန်း ၂ သောင်းကျော်တင်ပို့ထားပြီးဖြစ်ကြောင်း၊ နှစ်စဉ် ပြည်တွင်း၌ တစ်နှစ်လျှင် စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန်သည် ၂ ဒသမ ၃ သန်းနှင့် ၂ ဒသမ ၆ သန်းကြားထွက်ရှိပြီး ယခုနှစ်တွင် အထွက်နှုန်းလျာ့ကျနေခြင်းဖြစ်ကြောင်း ကုန်သည်တွေ၏ ပြောပြချက်အရ သိရသည်။
#Ymg/sth
#Yangon_Media_Group
#Local_News
Published_ 31 December 2022
ဒေါ်လာလဲလှယ်နှုန်း ပြောင်းလဲရန်နှင့် ငွေစက္ကူအသစ်ထုတ်ဝေမှု အစီအစဉ်တို့မရှိကြောင်း ဗဟိုဘဏ်က ဒီဇင်ဘာလ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
လက်ရှိတွင် အမေရိကန် တစ်ဒေါ်လာလျှင် ရည်ညွှန်းငွေလဲလှယ်နှုန်းမှာ မြန်မာငွေ ၂၁၀၀ ကျပ်ဖြစ်ပြီး ယင်းကိုပြောင်းလဲရန် မရှိကြောင်းနှင့် မည်သည့်ငွေစက္ကူအမျိုးစားကိုမျှ အသစ်ထုတ်ဝေရန် လည်း အစီအစဉ်
မရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခြင်းလည်း ဖြစ်သည်။
မသမာသူများအနေဖြင့် လက်ရှိ ငွေလဲနှုန်းရည်ညွှန်းဈေး တစ်ဒေါ်လာ ၂၁၀၀ ကျပ်ကို ထပ်မံတိုးမြှင့်သွားမည်ဟူ၍ လီဆယ်သည့် သတင်းများကို လူမှုကွန်ရက်များတွင် ရေးသားထုတ်လွှင့်လျက် မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေဈေးကွက်ကို ကိုင်လှုပ်နေကြခြင်းအပေါ် ဗဟိုဘဏ်က မဟုတ်ကြောင်း ထုတ်ပြန်ရခြင်းလည်း ဖြစ်သည်။
အများပြည်သူအနေဖြင့် လက်ရှိငွေလဲနှုန်းရည်ညွှန်းဈေး ထပ်မံတိုးမြှင့်သွားမည်ဆိုသည့် သတင်းများကို တွေ့ရှိပါက ယင်းအပေါ် ကောလာဟလ အဖြစ်သာ သတ်မှတ်ကြရန်လိုအပ်ကြောင်းလည်း ဗဟိုဘဏ်တာဝန်ရှိသူက ပြောသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 31 December 2022
မြန်မာအလုပ်သမား (၆၀၀)ကျော်ကို ဂျပန်ကုမ္ပဏီ ၂၂၀ ကျော်က ခေါ်ယူရန် ရှိနေကြောင်း တိုကျိုမြို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ကုမ္ပဏီများအနေဖြင့် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ၊မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို စနစ်တကျ စစ်ဆေးမှုများပြုလုပ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအခါ စနစ်တကျ စိစစ်ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိရာတွင် ဒီဇင်ဘာလ (၁၆) ရက်မှ ဒီဇင်ဘာလ (၃၀) ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ( ၂၂၄) ခု ရှိကြောင်း၊ယင်း ထုတ်ပြန်ချက်အရ ခေါ်ယူမည့် အရေအတွက်မှာ မြန်မာအလုပ်သမား အမျိုးသား (၃၀၀)ကျော်၊ အမျိုးသမီး(၃၀၀)ကျော် ရှိကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 30 December 2022
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံကို MoU လုပ်သား ပို့တာတွေ ယာယီရပ်ထားရပါတယ်။
#Yangon_Media_Group
Page 1283 of 1971