#Local_News
Published _9 November 2022
ကော့ကရိတ်-မြဝတီ အာရှလမ်း တောနော်ရေတံခွန်အနီးတွင် မြဝတီက မောင်းနှင်လာသော အန်စာတုံးယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းတားတုံးကိုကျော်၍ အုတ်ခုံကိုဝင်တိုက်မိသောကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် ယာဉ်ပေါ်ပါသူ ၇ ဦးလုံးသေဆုံးသွားကြောင်း ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့က သိရသည်။
ယနေ့နိုဝင်ဘာလ ၉ ရက် နံနက် ၈ နာရီ မိနစ် ၄၀ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါသေဆုံးသွားသူများ ရုပ်အလောင်းကို ကော့ကရိတ် ဆေးရုံသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
"အခု ကားက မြဝတီကနေ ပဲခူးကိုသွားတဲ့ ကားဖြစ်ပါတယ်။ ကုန်တွေက အများကြီးတင်လာတာဆိုတော့ အရှိန်ကို မထိန်းနိုင်ဖြစ်သွားတဲ့ သဘောလို့ ယူဆရပါတယ်"ဟု ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _9 November 2022
ရန်ကုန်တိုင်းဒေသကြီး ၊ သာကေတမြို့နယ်၊ ကမာကြည်တံတားအဆင်းရှိ ၈-၉ လမ်းဆုံတွင် ယနေ့ နိုဝင်ဘာလ ၉ ရက်နံနက်ပိုင်းက ကား ၂ စီးမျက်နှာချင်းဆိုင်တိုက်မိခဲ့သောကြောင့် လူ ၄ ဦးဒဏ်ရာရခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က သိရသည်။
"သာကေတမြို့နယ် အမက ၂၁ ကျောင်းရှေ့မှာ ဖြစ်တာပါဗျ၊ ရပ်ကွက်ဆိုရင်တော့ သာကေတ ၉ ရပ်ကွက် ဘက်ခြမ်းပါ၊ ဒဏ်ရာရသူတွေကို ဆေးရုံကြီးကို ပို့ပြီးပါပြီ၊ အရမ်းကြီးတော့ မစိုးရိမ်ရပါဘူး"ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
Hijet ကားနှင့် Suzuki ကားတို့မျက်နှာချင်းဆိုင်တိုက်မိခဲ့သည့် နေရာသို့ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ က အခြားလူမှုကူညီရေးအသင်းများနှင့်အတူ သွားရောက် ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းတွင် ပေါင်ရိုးကျိုး၊ ခြေထောက်ထိခိုက်၊ ဦးခေါင်းထိခိုက်၊ခြေထောက်ထိခိုက် စသည့်ဒဏ်ရာများ ရရှိသူတို့အား ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း၊ မြင့်မြတ်အားမာန် လူမှုကူညီရေးအသင်း၊အောင်မင်္ဂလာလူမှုကူညီရေးအသင်း(မိတ်ဖက်)ယာဉ်တို့ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြကာဖြူစင်မေတ္တာ-အောင်ရတနာလူမှုကူညီရေးအသင်း၊ သင်္ဂဟလူမှုကူညီရေးအသင်းတို့ကလည်း ဝန်းရံကူညီပေးခဲ့ကြကြောင်း
#ymg/mt
#Yangon_Media_Group
#Local_News
Published_9 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ခုနှစ်လတာကာလအတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့ရာတွင် ၉ ဒသမ ၆၄ ဘီလီယံပို့ကုန်ဝင်ငွေရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖော်ပြထားသည့်စာရင်းများအရ သိရသည်။
ပြည်ပသို့ ပို့ကုန်တင်ပို့မှုတွင် လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၅ ဘီလီယံ ၊ တိရိစ္ဆာန်ထွက်ပစ္စညးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၅၈ သန်း၊ ရေထွက် ပစ္စည်းတင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၄၀၇ ဒသမ ၄၆ သန်းကျော်ရရှိထားပြီး သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၈၃.၂၂ သန်း၊ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၆၅ သန်း၊ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၁ ဘီလီယံနှင့် အခြားကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈၉ ဒသမ ၂၉ သန်းရရှိထားကြောင်း စာရင်းများအရ သိရသည်။
အဆိုပါတင်ပို့မှုတွင် နိုင်ငံပိုင်ကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၅ ဘီလီယံရရှိပြီး ပုဂ္ဂလိကကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၈ ဘီလီယံရရှိထားကြောင်း သိရသည်။ ယင်းအပြင် သွင်းကုန်တင်သွင်းမှုမှလည်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၆၉ ဘီလီယံရရှိထားခြင်းဖြစ်သည်။
၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း စက်သုံးဆီ နှင့် စားသုံးဆီ၊ သံမဏိပစ္စည်း၊ ဓာတ်မြေဩဇာ၊ နိုထွက်ပစ္စည်းများနှင့် အခြားကုန် ပစ္စည်းများ တင်သွင်းခဲ့ရကြောင်း သိရသည်။ ယင်းအပြင် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၆ ဘီလီယံပိုမိုရရှိထားကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_9 November 2022
တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၂၀၀ ကျော်ထပ်မံစေလွှတ်မည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ သိရသည်။
အဆိုပါနိုင်ငံသို့ ကုန်ထုတ်လုပ်သား ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် နိုဝင်ဘာ ၁၄ ရက် နှင့် နိုဝင်ဘာ ၁၆ ရက် တို့တွင် သွားရောက်အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၂၂၈ ဦး စေလွှတ်မည်ဖြစ်ကြောင်းသိရသည်။
နိုဝင်ဘာ ၁၄ ရက်တွင် Regular ( ကုန်ထုတ် ၊ စိုက်ပျိုး/မွေးမြူရေးနှင့် ဆောက်လုပ်ရေး) လုပ်ငန်းများ လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၄၈ ဦး ၊ နိုဝင်ဘာ ၁၆ ရက်တွင် Re-entry (ကုန်ထုတ်) အလုပ်သမား ၈၀ ဦး ပို့ဆောင်ပေးမည်ဖြစ်သည်။
အလားတူ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာလ အစပိုင်းတွင် Regular ကုန်ထုတ်လုပ်သားသစ် ၊ CBT ကုန်ထုတ်အလုပ်သမားသစ် ၊ Re-entry ကုန်ထုတ်လုပ်သား ၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၁၃၆ ဦးကို ပို့ဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။
#ymg/STH
#Yangon_Media_Group
#Local_News
Published _8 November 2022
ရုရှားနိုင်ငံကို ရေထွက်ကုန်တင်ပို့နိုင်ဖို့အတွက် နှစ်နိုင်ငံပူးတွဲထုတ်ပြန်ချက်(Joint Statement ) ကို ထုတ်ပြန်ထားတယ်လို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 8 November 2022
လတ်တလောမှာ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ရှိ ဟိုခိုက်အနာကြီးရောဂါကုဂေဟာက အနာကြီးဝေဒနာရှင်တွေအတွက်စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ရာသီဥတုအေးလာပြီဖြစ်လို့ စောင်နဲ့အနွေးထည်တွေ လိုအပ်နေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_8 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ အောက်တိုဘာ ၂၈ ရက်အထိ ခြောက်လကျော် ခုနှစ်လနီးပါး ကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့နှစ်ထက် ကန်ဒေါ်လာ သန်း ၄၀၀ ကျော်မြင့်တက်လာခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
Page 1281 of 1857