#Local_News
Published _ 3 January 2023
လက်ရှိရန်ကုန်အိမ်ခြံမြေဈေးကွက်ဟာ ပုံမှန်အတိုင်းပဲအရောင်းအဝယ်ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_3 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာလ ဒီဇင်ဘာလ ၂၃ ရက်အထိ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးဟာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၈ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 3 January 2023
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ထဲကအနာကြီးဝေဒနာရှင်တွေ၊ အရေပြားရောဂါသည်တွေ နာတာရှည်လူနာတွေကို ထီဆုငွေဖြင့်လှူဒါန်းသွားဖို့ရှိတယ်လို့ ပုဗ္ဗတွဲလက်များ လူမှုကူညီရေးအသင်းဥက္ကဋ္ဌကိုဟိန်းမင်းဝင်းက ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published_ 3 January 2023
၁။ အနာကြီးဝေဒနာရှင်များ၊ နာတာရှည်လူနာများကို ထီဆုငွေဖြင့်လှူဒါန်းမည်ဟုဆို
၂။ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ ၃ ဒသမ ၄၅ ဘီလီယံရရှိထား
၃။ ရန်ကုန် အိမ်ခြံမြေဈေးကွက် ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်နေဟုဆို
၄။ မိတ်ဆွေအဖြစ်ရော ဖောက်သည်အဖြစ်ပါ ပီလီကိုဆုံးရှုံးလိုက်ရသည့် ဘရာဇီးလ်ဆံသဆရာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 3 January 2023
ကိုဗစ်ကပ်ရောဂါကြောင့်ပိတ်ထားရတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်နယ်စပ်က မူဆယ်ကျယ်ဂေါင်ဂိတ်အားလုံးကို အခုဇန်နဝါရီလ ၈ ရက်နေ့မှာ ပြန်ဖွင့်တော့မှာပါ။
#Yangon_Media_Group
#Local_News
Published_3 January 2023
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ စက်မှု (၁) လမ်းတွင်ရှိသည့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို တစ်ပတ်ကြာပိတ်ထားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ရုံးတွင် နည်းပညာအဆင့်မြှင့်တင်ရေးဆောင်ရွက်မည်ဖြစ်သည့်အတွက် နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးမှုကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာထားခြင်းဖြစ်သည်။
အွန်လိုင်းတုံကင် QR စနစ်ကို အဆင့်မြှင့်တင်ရန်အတွက် လုပ်ဆောင်နေပြီး ဇန်နဝါရီလ ပထမအပတ် တစ်ပတ်လုံး ရုံးပိတ်ထားမည်ဖြစ်ကြောင်း၊ အွန်လိုင်းတုံတကင်စနစ် အဆင့်မြှင့်တင်ပြီးပါက ဇန်နဝါရီလ ဒုတိယအပတ်တွင် ရုံးပြန်ဖွင့်မည်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းမှတစ်ဆင့် ကြိုတင်တုံကင်ယူသည့်စနစ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ရပ်နားထားခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ဒီဇင်ဘာလ ၅ ရက်နေ့ နောက်ပိုင်း ကြိုတင်တုံကင်ယူထားသူကိုသာ နိုင်ငံကူးလက်မှတ်များ ပြုလုပ်ပေးခဲ့ပြီး ဇန်နဝါရီလ ၂ ရက်မှစတင်ကာ ရုံးကိုပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 3 January 2023
၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တစ်ကျပ်သားနှင့် ငါးမူးသား ရွှေဒင်္ဂါးပြားတွေကို သွန်းလောင်းပြီး ထုတ်ဝေသွားမည်ဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
လာမည့် ဇန်နဝါရီလ ၄ ရက်တွင် တစ်ကျပ်သားနှင့် ငါးမူးသားရွှေဒင်္ဂါးများကို အသစ်သွန်းလောင်း ထုတ်ဝေကာ အများပြည်သူကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသစ်သွန်းလောင်းထုတ်ဝေသွားမည့် ရွှေဒင်္ဂါးများကို ရန်ကုန်၊ နေပြည်တော်နှင့်မန္တလေးတို့ရှိ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းများ၏ အရောင်းဆိုင်များတွင် ဇန်နဝါရီလ ၅ ရက်မှစတင်ပြီး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အသစ်သွန်းလောင်းမည့် ရွှေဒင်္ဂါး၏အလယ်ဗဟိုတွင် ဆင်ဖြူတော်ပုံပါရှိပြီး "၇၅ နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့" ဆိုသည့် စာသား ရေးထိုးထားမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1277 of 1971