#Local_News
Published _ 4 January 2023
ပြည်တွင်းမှာ သကြားစားသုံးမှုမြင့်တက်လာတဲ့အပြင် ပြည်ပကနေလည်း တင်သွင်းမှုလျော့နည်းလာတာကြောင့် ဒီနှစ်မှာတော့ ပြည်ပကိုသကြားတင်ပို့မှုဟာ လျော့နည်းသွားတာဖြစ်တယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Published 4 January 2023
မြန်မာနိုင်ငံမှာ ၇၅နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၇၀၁၂ ဦးကို ဇန်နဝါရီ ၄ ရက်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိက အကျဉ်းထောင်ဖြစ်တဲ့ ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်ရှေ့မှာ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေနှင့်ဆွေမျိုးတွေက လွတ်မြောက်လာမယ့်သူတွေကို သွားရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။
အင်းစိန်အကျဉ်းထောင်ကနေ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တဲ့ အကျဉ်းသားတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားကြီးတွေ ထွက်လာပြီးနောက် ဆွေမျိုးမိသားစုတွေက ကြိုဆိုခဲ့ကြပါတယ်။
Source AFP
ရုပ်သံကြည့်ရှုရန်..⏭⏭⏭
#Myanmar_Prisoners_release
#Myanmar_Politics
#LocalNews
Published_4 January 2023
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့မှုဟာ မက်ထရစ်တန်ချိန် ၂၂၀၀၀၀ ကျော်တင်ပို့ခဲ့ပြီး နိုဝင်ဘာလထက် တင်ပို့မှုလျော့ကျခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_4 January 2023
မြဝတီ-ကော့ကရိတ်လမ်းပိုင်း ပိတ်ထားတာ ၁၂ ရက်ကျော်ရှိပြီဖြစ်တာကြောင့် ကုန်ကားတွေအနေနဲ့ တောလမ်းပိုင်းကနေ သွားနေရတယ်လို့ ကုန်သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 4 January 2023
၁။ မြဝတီ-ကော့ကရိတ်လမ်းပိုင်း ပြန်မဖွင့်သေးသည့်အတွက် ကုန်ကားများတောလမ်းပိုင်းကသွားနေရ
၂။ ဒီဇင်ဘာလအတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၂၂၀၀၀၀ ကျော်တင်ပို့ခဲ့
၃။ ပြည်တွင်းစားသုံးမှုများပြားသည့်အတွက် ပြည်ပသို့သကြားတင်ပို့မှု လျော့နည်းခြင်းဖြစ်
၄။ တရုတ်-ရုရှားအရှေ့ဘက်လမ်းကြောင်းဓာတ်ငွေ့ပိုက်လိုင်းမှ နှစ်စဉ်ဓာတ်ငွေ့ပေးပို့မှုတိုးမြှင့်ရန်ရည်ရွယ်ထား... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_4 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ၁ ရက်ကနေ ဒီဇင်ဘာ ၂၃ ရက်အထိ ရှစ်လကျော်ကာလအတွင်းမှာ ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ပိုမိုရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
Published 4 Jan 2023
တစ်နိုင်ငံလုံး အကြားအလပ် မရှိ အထွေထွေရွေးကောက်ပွဲကျင်းပပေးနိုင်ဖို့၊ မဲပေးကြမည့် နိုင်ငံသား အားလုံး မတရားမှုများမှကင်းဝေးစေဖို့ ကြိုးစားဆောင်ရွက်လျက်ရှိနေတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။
ဇန်နဝါရီ (၄)ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့၂၀၂၃ ခုနှစ်၊(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင်ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။
“ရွေးကောက်ပွဲများ ကျင်းပရာမှာလည်း နိုင်ငံသားတစ်ဦးချင်းရဲ့ ဆန္ဒသဘောတရားကို လွတ်လပ်စွာဖော်ထုတ်နိုင်ဖို့ ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရား တိုက်တွန်းမှု၊ လူအုပ်စုဖြင့်အနိုင်ကျင့်လွှမ်းမိုးမှု စတဲ့ မတရားမှုများ ကင်းဝေးရပါမယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ တစ်နိုင်ငံလုံး အကြားအလပ် မရှိ အထွေထွေရွေးကောက်ပွဲကျင်းပပေးနိုင်ဖို့၊ မဲပေးကြမည့် နိုင်ငံသား အားလုံး မတရားမှုများမှကင်းဝေးစေဖို့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်” လို့ နစက ဥက္ကဋ္ဌကပြောခဲ့ပါတယ်။
အဲသလိုဆောင်ရွက်ရာမှာ မိတ်ဆွေနိုင်ငံတွေနှင့် အဖွဲ့အစည်းတွေက နစကနှင့်အတူ အမျိုးသားရေးနှင့်နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အသိတရား သတိထားပြီး ပူးပေါင်းပါဝင်အားပေးဖို့နှင့် မြန်မာ့ဒီမိုကရေစီအရေးကို ဝိုင်းဝန်းကာကွယ်ပေးကြဖို့လည်း သူက မေတ္တာရပ်ခံခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နစကဟာ လုပ်ငန်းတာဝန်တွေထမ်းဆောင်နေတာဖြစ်တယ်လို့ ဗိုလ်ချူပ်မှူးကြီးက ထပ်မံပြောဆိုလိုက်ပြီး အချို့အဖွဲ့အစည်းတွေနှင့် နိုင်ငံတွေရဲ့ စွက်ဖက်မှု နှောက်ယှက်လုပ်ဆောင်မှုတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
“ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေးကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့က စပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နောင်မျိုးဆက်သစ် များကို ငြိမ်းချမ်းရေးအမွေပေးခဲ့ကြပါစို့လို့ တိုက်တွန်းပြောကြားလိုပါတယ်” လို့လည်း နစက ဥက္ကဋ္ဌက လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆောင်ရ္ကက်နေမှုနှင့်ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးကို ကမ်းလှမ်းပြောဆိုခဲ့ပါတယ်။
လွတ်လပ်ရေးကြိုးပမ်းမှုကာလတွေနှင့် မြန်မာ့နိုင်ငံရေးသမိုင်းမှာ ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်အချို့ရဲ့အမည်နာမတွေကို ထုတ်ဖော်ပြီး ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုမိန့်ခွန်းထဲမှာ ကျေးဇူးတင်စကား ထည့်သွင်းပြောဆိုခဲ့ပါတယ်။အဲဒီအထဲမှာ ဗိုလ်ချူပ်အောင်ဆန်း၊ဦးနေဝင်း၊ ဦးနု၊ ဦးသန့်၊ဗိုလ်ချူပ်မှူးကြီးသန်းရွှေစတဲ့ အမည်နာမတွေပါဝင်ခဲ့ပါတယ်။
“လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ လွတ်လပ်ရေးရပြီးကာလတွေမှာ ပြာပုံဘဝဖြစ်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံကို ယခုအခြေအနေထိ ရောက်ရှိ စေရေးအတွက် ဘဏ္ဍာရေး၊ နည်းပညာ၊ အခွင့်အလမ်း စသည်ဖြင့် ဘက်ပေါင်းစုံမှ ထောက်ပံ့ကူညီပေးခဲ့တဲ့ နိုင်ငံများ၊ အဖွဲ့အစည်းများ အားလုံးကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့အကျိုးကိုလိုလားတဲ့ မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်” လို့ ဗိုလ်ချူပ်မှူးကြီးက ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ၁၉၄၈ခုနှစ် ဇန်နဝါရီ(၄)ရက်နေ့မှာ ဗြိတိသျှနယ်ချဲ့ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီး ယခု ၂၀၂၃ဟာ ၇၅နှစ်ပြည့် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်လို့ နစက,က လွတ်လပ်ရေးနေ့အခမ်းအနားကို နေပြည်တော်မှာ တပ်မတော် ကြည်း၊ရေ၊လေတပ်ဖွဲ့များ၊တိုင်းဒေသကြီးနှင့်ပြည်နယ်များနှင့် ဝန်ကြီးဌာနများရဲ့ တင်ဆက်ပြသမှုများနှင့်အတူ ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တာဖြစ်ပါတယ်။
-ymg/knl
#Myanmar_Independence_Day
#Myanmar_Politics
Page 1275 of 1971