Published_ 19 September 2023

ကိုရီးယားကုမ္ပဏီ(၂၀၀)ခန့်ပါဝင်မည့်‘ကိုရီးယားအစားအစာပြပွဲ’မြန်မာတွင် လာရောက်ကျင်းပရန်ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှသိရသည်။

ယင်းကဲ့သို့ ‘ကိုးရီးယားအစားအစာပြပွဲ’မြန်မာနိုင်ငံတွင်ကျင်းပနိုင်ရန် CMS KOREAမှ ကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၈ရက်တွင်ကုန်သည်စက်မှုအသင်းချုပ်မှတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေး နွေးခဲ့သည်ဟုဆိုသည်။

အဆိုပါပြပွဲကို၂၀၂၄ခုနှစ် မတ်လ(၂၄)ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်နှင့်ပူးပေါင်းပြီး ကိုရီးယားအစားအစာ ပြပွဲကိုကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယခုနှစ်ဒီဇင်ဘာလတွင် ကိုရီးယားနိုင်ငံ၊ Chungjiမြို့ ၊ပြည်နယ်အစိုးရ ကိုယ်စားလှယ်များဦးဆောင်ကာ ကုန်သည်စက်မှုအသင်းချုပ်တာဝန်ရှိသူများနှင့်ပြပွဲကျင်းပနိုင်ရေးတွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။

ပြပွဲကို ကိုရီးယားကုမ္ပဏီ(၂၀၀)ခန့်ဖိတ်ခေါ်ကျင်းပသွားမည်ဖြစ်ကြောင်း၊ယခုလာရောက်တွေ့ဆုံမှုသည် အစား အစာပြပွဲကိုကျင်းပရန်အတွက်ပမာဏလာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်းနှင့် ကိုရီးယားအစားအစာပြပွဲ ကျင်းပနိုင်အောင် သက်ဆိုင်ရာဌာနများ၊အဖွဲ့အစည်းများနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group