Published_ 18 September 2023

မလေးရှားနိုင်ငံ၌ အလုပ်သွင်းပေးမည်ဟုဆိုပြီး မြန်မာလုပ်သားတစ်ဦးထံမှ ကားသမားပွဲစားက ရင်းဂစ်(၈၀၀) လိမ်လည်မှုဖြစ်ခဲ့ကြောင်း နှလုံးလှပရဟိတအသင်း(သွေးလှူရှင်များအဖွဲ့)မှသိရသည်။

မလေးရှားနိုင်ငံ၊ပီနန်းဘာတာဝပ်မြို့တွင် ကားသမားရင်းပွဲစားက ကေအယ်သို့ ရင်းဂစ် ( ၈၀၀ )ယူ၍ခေါ်လာခဲ့ပြီးအလုပ်လည်းသွင်းမပေးဘဲ လမ်းတစ်နေရာတွင်ထားခဲ့၍ တံတားအောက်တွင်
စေရာ၊ စားစရာမရှိဘဲ ၃ရက်ကြာနေထိုင်ခဲ့ကြောင်းသိရသည်။

"မလေးရှားရောက်တာ ၉လ ကျော်ရှိသေးတယ်လို့သိရတယ်။ အထောက် အထားလည်းမရှိ၊ အသိမိတ်ဆွေလည်းမရှိဘဲနဲ့ ထမင်းမစားရတာ ၃ရက်၊ ၄ရက်လောက်ရှိနေပြီး တံတားအောက် မှာနေခဲ့တယ်လို့သိရတယ်။ နှလုံးလှအဖွဲ့ကို အကူအညီတောင်းခံလာတဲ့အတွက် ပူချွန်းမြို့နယ်ထဲမှာသွားရောက်ခေါ်ယူခဲ့ပါတယ်"ဟု နှလုံးလှပရဟိတအဖွဲ့ကသိရသည်။

အဆိုပါအမျိုးသားမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အင်းရှည်ကျေးရွာမှ မောင်ကျော်ကျော်ဌေးဖြစ်ကြောင်းသိရသည်။

ယခုအချိန်တွင်မလေးရှား၌ လူလိမ်ပွဲစား၊လူလိမ်ကားသမား၊ လူ လိမ်ငွေလွဲ များအရမ်းများနေ၍ အတု၊ အစစ် သတိပြုပြီးဂရုစိုက်ပေးကြရန်လည်း နှလုံးလှပရဟိတအဖွဲ့မှအသိပေးထားသည်။
Yangon Times/PP
Photo-နှလုံးလှပရဟိတသွေးလှူရှင်များအဖွဲ့
#Local_News
#Published_ 18 September 2023
#YMG #Yangon_Times #Yangon_Media_Group