Published_ 18 September 2023

နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်း ကိုစစ်ဆေးရာတွင်သတ်မှတ်ချက်များ နှင့် မကိုက်ညီသည့် ပါတီဝင်များ ပါရှိနေကြောင်း တွေ့ရှိရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က သိရ သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅(စ)အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်း ဆုံး ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခု အတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို လည်းကောင်း စည်းရုံးရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၃(က)အရ စည်းရုံးရရှိထားသည့် သတ်မှတ်ပါတီဝင် ဦးရေ ပြည့်မီသော အင်အားစာရင်းကို မြို့နယ်အလိုက် စုစည်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ(ဇ) နှစ်စုံဖြင့် ပြုစုတင်ပြရန် ပါတီများကို အကြောင်းကြား ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း UEC က ပြောသည်။

အဆိုပါ ပါတီဝင် အင်အားစာရင်းများမှာ မြေပြင်တွင် အမှန်တကယ် စည်းရုံးရရှိထားသော ပါတီဝင်များ ဟုတ် ၊ မဟုတ် စစ်ဆေးခံနိုင်ရေး ပါတီများကို အကြောင်းကြား ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

နိုင်ငံရေးပါတီများ က တင်ပြလာသည့် ပါတီဝင်အင်အားစာရင်းများ တိကျမှန်ကန်မှုရှိရေး ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်က MLPPS နှင့် CVLMS Software များဖြင့် စစ်ဆေးခြင်း၊ လူဝင်မှုကြီး ကြပ် ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနသို့ ပေးပို့၍ အချက်အလက်များ မှန်ကန်မှု ရှိ မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက Admin DEO Software ဖြင့် စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ရာ ပါတီဝင်စာရင်းတွင် ဥပဒေနှင့်အညီ နေထိုင်သူစာရင်း၌ မရှိသူများ၊ အမည်နှင့် နိုင်ငံ သားစိစစ်ရေးကတ် အမှတ်တူသူများ၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်သာ တူသူများနှင့် ဝန်ထမ်းများ၊ နေရပ်လိပ်စာပြည့်စုံခြင်း မရှိသူများ အစရှိသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ပါတီဝင်များ ပါရှိနေကြောင်း စိစစ် တွေ့ရှိရကြောင်း သိရသည်။

ယခုအခါ နိုင်ငံရေးပါတီအသီးသီးက တင်ပြလာသော ပါတီဝင်အင်အား စာရင်းများကို စနစ်တကျ စိစစ် နိုင်ရေးအတွက် သက်ဆိုင်ရာပါတီအသီးသီး၏ မြို့နယ်တာဝန်ခံများအနေဖြင့် ၎င်းတို့ စည်းရုံးရရှိပြီး ပေးပို့ ထားသည့် ပါတီဝင် အဆိုပြုလွှာများ၊ ပါတီဝင်ဖြစ်ကြောင်း အထောက်အထား (ကတ်)များ၊ အင်အားစာရင်း များနှင့်အတူ သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် စစ်ဆေးမှုခံယူနိုင်ရေး ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
#Published_ 18 September 2023
#YMG #Yangon_Times #Yangon_Media_Group