#Local_News
Published-16 September 2023

ရန်ကုန်တိုင်းဒေသကြီး၊ သဃ်န်းကျွန်းမြို့နယ်တွင် ယာဉ် ၃စီးဆင့်တိုက်မှုဖြစ်ပွားပြီး Taxi ယာဉ်မောင်းအမျိုးသားမှာ ဇက်ကျိုးသည့်အနေအထားဖြင့် သေဆုံးမှုစက်တင်ဘာလ ၁၆ရက်(ယနေ့)ဖြစ်ခဲ့ကြောင်း Medical လူငယ်များအသင်းက သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက်တစ်နာရီ မထိုးမီအချိန်က (စက်တင်ဘာလ ၁၅ ရက် ညသန်းခေါင်းကျော်) အချိန် သဃ်န်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး၊ အသင်းတိုက် မီးပွိုင့်တွင် အိမ်စီးကားနှင့် Taxi ကားတို့ဝင်တိုက်မိပြီး နောက်ထပ် Taxi တစ်စီးကို ထပ်မံတိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းကဲ့သို့ ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်စဉ်ကြောင့် အသက် ၅၀ ကျော်အရွယ် Taxi ယာဉ်မောင်းအမျိုးသား ၁ ဦး အခင်းဖြစ်ရာနေရာ၌ပင် သေဆုံးမှုဖြစ်ခဲ့၍ သေဆုံးသူ၏ရုပ်အလောင်း (DB)အား သဃ်န်းကျွန်းစံပြဆေးရုံ ရင်ခွဲရုံသို့ PRနံပါတ်(82)ဖြင့် ပို့ဆောင်ကူညီခဲ့ကြောင်းလည်း အဆိုပါအသင်းကသိရသည်။

 

ယင်းအပြင် အိမ်စီးကားမှာလည်း ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁ဦးရှိခဲ့ကြောင်းလည်း သိရသည်။

 

#Local_News #သဃ်န်းကျွန်း #ယာဉ်၃စီးဆင့်တိုက် #Taxi ယာဉ်မောင်းသေဆုံး
#Yangon_Times/PP