Published_ 30 December 2022
မွန်ပြည်နယ် ၊ မော်လမြိုင်မြို့တွင် အိမ်ကားတစ်စီး စလစ်ဖြစ်ကာ ကုန်ကားအောက်ဝင်သွား၍ပိမိရာမှ ကားပေါ်ပါ အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာလ ၃၀ ရက် ညနေ ၄ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကုန်ကားအောက်ပိမိနေသည့်အတွက် သေဆုံးသွားသူများ အိမ်စီးကားပေါ် ညပ်နေ၍ လူမှုကူညီရေးအဖွဲ့များက ဆွဲထုတ်ယူရသည်ထိ ဖြစ်ခဲ့ကြောင်းလည်း သိရသည်။
" ဖြစ်တာက မော်လမြိုင် ဈေးကြို ဒေါင်းဇရပ်မှာ ဖြစ်တာပါ၊ရန်ကုန်လိုင်စင် အိမ်စီးကားလေးက စလစ်ဖြစ်ကာ ကုန်ကားအောက်ဝင်သွားတာလို့ သိရပါတယ်"ဟု ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါ အခင်းဖြစ်ရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ သွားရောက် ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
photo-Saw Win Shine
ymg/mt
Yangon_Media_Group
#Local_News
Published_ 30 December 2022
အွန်လိုင်းပေါ်မှ တစ်ဆင့်ရောင်းချနေတဲ့ တရားမဝင်အေးခဲအသားနဲ့ငါးတွေဟာ ဘေးမကင်းဘဲ အစာအဆိပ်သင့်နိုင်တဲ့အတွက် သတိပြုဝယ်ယူကြဖို့ လိုအပ်တယ်လို့ အစားအသောက်နှင့်ဆေးဝါးများကွပ်ကဲရေးဦးစီးဌာန(FDA)မှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_30 December 2022
ကမ္ဘာ့ရွှေဈေးတက်လာပေမဲ့ ဒေါ်လာဈေးငြိမ်နေတာကြောင့် ပြည်တွင်းရွှေဈေးကွက်ထဲမှာ အရောင်းအဝယ်အေးနေတာဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_30 December 2022
တရုတ်နိုင်ငံထဲမှာ ကိုဗစ်ကူးစက်မှုနှုန်းနဲ့ သေဆုံးသူဦးရေများလာပေမယ့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မှုမရှိဘူးလို့ နယ်စပ်ကုန်သည်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 30 December 2022
၁။ တရုတ်နိုင်ငံဘက်တွင် ကိုဗစ်အဖြစ်များသော်လည်း နယ်စပ်ကုန်သွယ်ရေးကို မထိခိုက်ဟုဆို
၂။ ရွှေအတုံးအခဲအရောင်းအဝယ်မရှိ ဈေးကွက်အေးနေ
၃။ အွန်လိုင်းမှရောင်းသည့် တရားမဝင်အေးခဲအသားငါးများ အစာအဆိပ်သင့်နိုင်ဟုဆို
၄။ နိုင်ငံရပ်ခြားဒေသမှာ အသတ်စားခံရမည့် ဥရုဂွေးမြင်းများကိုကယ်တင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 30 December 2022
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်ကနေ ဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလအတွင်းမှာ ရရှိခဲ့ကြတဲ့ သဘောတူညီချက်တွေဟာ ဒီဆွေးနွေးပွဲကို မတက်ရောက်ဖြစ်တဲ့ အဖွဲ့တွေရဲ့ သဘောထားလည်း ထင်ဟတ်စေတယ်လို့ ဆွေးနွေးပွဲကို တက်ရောက်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_ 30 December 2022
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ်အတွင်း ရှမ်းရိုးရာကွျှဲခတ်ပွဲကို ဒီဇင်ဘာလ ၉ ရက်(ယမန်နေ့) ကစတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း ယင်းဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။
အဆိုပါ ကျွဲခတ်ပွဲသည် ရှမ်းတိုင်းရင်းသားများ၏ ရိုးရာဓလေ့တစ်ခုဖြစ်ပြီး၊ ရိုးရာကျွဲခတ်ပွဲကို မိုင်းလွေကျေးရွာနှင့် ယန်းခိုင်ကျေးရွာကြားရှိ ကွင်းပြင်၌ ကျင်းပနေခြင်းဖြစ်သည်။
ကျွဲခတ်ပြိုင်ပွဲဆိုသည်မှာ ယှဉ်ပြိုင်ခတ်မည့် ကျွဲနှစ်ကောင်ကို မျက်နှာချင်းဆိုင်ထား၍ ခေါင်းချင်းဆိုင် ဦးချိုဖြင့် ဝေ့ဝိုက်တိုက်ခိုက်စေကြပြီး ပြိုင်ကွင်းအတွင်း ဦးစွာထွက်ပြေးသော ကျွဲအား အရှုံးအဖြစ် သတ်မှတ်ထားရှိကြောင်း သိရသည်။
ထို့နောက် ပြိုင်ကွင်းအတွင်း ကျန်ရှိသော ကျွဲကိုအနိုင်အဖြစ် သတ်မှတ်ပြီး ကျွဲပိုင်ရှင်ကို ဆုငွေများ ပေးအပ်ချီးမြှင့်သော ရှမ်းတို့ရိုးရာ ဓလေ့တစ်ခုလည်းဖြစ်သည်။
#ymg/myn
#Yangon_Media_Group
Page 1284 of 1971