#LocalNews
Published _6 November 2022
အမှတ် (၄) ဓာတ်မြေသြဇာ စက်ရုံ (မြောင်းတကာ) နှင့် အမှတ် (၅) ဓာတ်မြေသြဇာ စက်ရုံ (ကန်ကြီးထောင့်) တို့မှ တစ်ရက်လျှင် ယူရီးယားဓာတ်မြေသြဇာတန် ၃၀၀ ခန့် ထုတ်လုပ်ပေးလျက်ရှိကြောင်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုလုက်ငန်းက သိရသည်။
အဆိုပါ ထုတ်လုပ်ရရှိသည့် ယူရီးယားဓာတ်မြေဩဇာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှတစ်ဆင့် တောင်သူလယ်သမားများလက်ဝယ် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းလည်း ယင်းလုပ်ငန်းက သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊မြောင်းတကာကျေးရွာတွင်တည်ရှိသည့် အမှတ်(၄)ဓာတ်မြေသြဇာစက်ရုံ(မြောင်းတကာ)ကို လွန်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်တွင် စတင်လည်ပတ်ခဲ့ကာ အဖျောက်နှင့် ညောင်တုန်းသဘာဝဓာတ်ငွေ့မြေကထွက်သည့် သဘာဝဓာတ်ငွေ့ကို အသုံးပြုနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
အမှတ်(၅)ဓာတ်မြေသြဇာ စက်ရုံ (ကန်ကြီးထောင့်)စက်ရုံသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အိုးဘိုကျေးရွာအနီးတွင်တည်ရှိပြီး ညောင်တုန်း-မအူပင် သဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ ဓာတ်မြေသြဇာထုတ်လုပ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _6 November 2022
ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပို့လွှတ်ပေးလျက်ရှိသော ၁၃၂ ကေဗွီ ဘီလူးချောင်း (၂) - တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း၏ တာဝါတိုင် (၂) တိုင်ကို နိုဝင်ဘာလ ၃ ရက် ည ၇ နာရီ မိနစ် ၄၀ ခန့်အချိန်က သောင်းကျန်သူများ ထပ်မံမိုင်းခွဲဖျက်ဆီးလိုက်ပြန်ပြီ ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးခံရသောကြောင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အား (၇၀) မဂ္ဂါဝပ် လျော့နည်းခဲ့ရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘီလူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်နေသော ၂၄၀ မဂ္ဂါဝပ် ဓာတ်အားလှိုင်းများဖြစ်သည့် ၂၃၀ ကေဗွီ ဘီလူးချောင်း(၂)-ရွှေမြို့ မဟာဓာတ်အားလိုင်း မှ တာဝါတိုင် (၁၅) တိုင်ကို (၆) ကြိမ်၊ ၂၃၀ ကေဗွီ ဘီလူးချောင်း (၂) - တောင်ငူ မဟာဓာတ်အားလိုင်းမှ တာဝါတိုင် (၆) တိုင်ကို (၄) ကြိမ်၊ ၁၃၂ ကေဗွီ ဘီလူးချောင်း (၂) - တီကျစ် နှစ်ထပ်ဓာတ်အားလိုင်းမှ တာဝါတိုင် (၂၁) တိုင်ကို (၇) ကြိမ် ဖျက်ဆီးခံခဲ့သည့်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် တပ်မတော်နှင့်ပူးပေါင်း၍ အကြိမ်ကြိမ် ပြုပြင်ဆောင်ရွက်မှုများကိုလည်း ဆက်လက်လုပ်ဆောင်လျက်ရှိနေကြောင်းလည်း သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ထိုသို့ဖောက်ခွဲဖျက်ဆီးခံရမှုများအပေါ် အကြိမ်ကြိမ်ပြုပြင် ဆောင်ရွက်မှုများ ပြုလုပ်နေစဉ်အချိန်များတွင်လည်း နှောင့်ယှက်တိုက်ခိုက်မှုများရှိခဲ့သဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် အသက်ပေးဆပ်ခြင်း ထိခိုက်ဒဏ်ရာရရှိခြင်းများလည်း ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 6 November 2022
တနင်္သာရီတိုင်းဒေသကြီးသည် ရေသယံဇာတများပေါကြွယ်ဝသည့် ဒေသတစ်ခုဖြစ်ပြီး ငါးပုစွန်မွေးမြူရေးလုပ်ငန်းများကြောင့် ဒီရေတောများကို ထိခိုက်မှုမရှိအောင် ထိန်းသိမ်းဆောင်ရွက်ကြရန် နစကဥက္ကဌက ပြောကြားခဲ့ပါတယ်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် မြိတ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင် များအား မြိတ်မြို့ရှိ ပုလဲရတနာခန်းမ၌တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။
ထို့ပြင် တနင်္သာရီတိုင်းသည် တစ်နိုင်ငံလုံးတွင် သစ်တောဖုံးလွှမ်းမှု ဒုတိယအများဆုံးဖြစ်ပြီး ငါးသယံဇာတအတွက် အလွန်အရေးကြီးသည့် ဒီရေတောများကိုလည်း ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရန်ဖို့ မှာကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ရှည်လျားတဲ့ ပင်လယ်ကမ်းရိုးတန်းများကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်တဲ့အလျောက် ဒီရေတောပိုင်ဆိုင်မှုအနေဖြင့်လည်း ကမ္ဘာ့အဆင့်တွင် သတ္တမ၊ အာရှအဆင့်တွင် တတိယအများဆုံးနိုင်ငံဖြစ်ပါတယ်။
ဒီရေတောများသည် အဖိုးတန်သဘာဝ သယံဇာတများဖြစ်သည်ကို သတိမပြုမိသူများက အများစုဖြစ်ရာ မိမိတို့နိုင်ငံတွင် ပိုင်ဆိုင်ထားသည့် ဒီရေတောများကို ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပျက်စီးဆုံးရှုံးသွားသည့် ဒီရေတောများကို ပြန်လည်စိုက်ပျိုးပြုစုပျိုးထောင်ခြင်းများအား အလေးအနက်ထား ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။
ဒီရေတောများပျက်စီးရတဲ့ အဓိကအကြောင်းများမှာ ဒီရေတောများမှ ထင်း၊ မီးသွေးများ ထုတ်ယူခြင်းနှင့် ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းပြီး ပုစွန်ကန်၊ ငါးကန်၊ ဆားကွင်းနှင့် အခြားမြေအသုံးချမှုများ ပြုလုပ်ခြင်းကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီရေတောများ၏ သဘာဝပတ်ဝန်းကျင် အကျိုးပြုမှုများသည် လူသားတို့အတွက် လွန်စွာပင် အရေးပါလှသည်။ ဒီရေတော တစ်ဟက်တာသည် တစ်နှစ်လျှင် ကာဗွန် မက်ထရစ်တန် ၁၇ တန်ကို စုပ်ယူထိန်းသိမ်းထားနိုင်တဲ့အတွက် ကမ္ဘာကြီး ပူနွေးလာမှုလျှော့ချရေးအတွက် လွန်စွာအရေးကြီးပါတယ်။
မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာစုစုပေါင်း၏ ၃ ဒသမ ၉ ရာခိုင်နှုန်း (၁၁၀၇၇၄၅ ဧက) သည် ဒီရေတောများဖြစ်ပြီး ဒေသခံပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေးတို့ကို အထောက်အကူပြုလျက်ရှိပါတယ်။
ဒီရေတောများ ပြန်လည်ထူထောင်မှုများ ပြုလုပ်ရာတွင် ကမ်းရိုးတန်းဒေသများရှိ ဒီရေတောများ ထိန်းသိမ်းစိုက်ပျိုးခြင်းစီမံကိန်းကို ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အကောင်အထည်ဖော်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published_ 5 November 2022
ကြက်သားနှင့် ဘဲသားဈေးအနည်းငယ်တက်လာတဲ့ အတွက် ဝယ်ယူနိုင်သူနည်းပါးလာပြီး အရောင်းပါးလာတယ်လို့ ကြက်၊ ဘဲ လက်လီ လက်ကားရောင်းဝယ်ရေးဒိုင်မှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 5 november 2022
ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲကို နိုဝင်ဘာ ၄ ရက်နေ့ ညပိုင်းက မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား မီးပုံးပျံလွှတ်ကွင်းမှာ စတင်ကျင်းပပြုလုပ်ခဲ့တယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 5 Nov 2022
- ငှက်ဖျားရောဂါမဖြစ်အောင် ဆောင်ရန်ရှောင်ရန်??
#Yangon_Media_Group
#Local_News
Published_5 November 2022
မြန်မာ့ဆန် တန်ချိန် (၃) သိန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထံ ၂၀၂၇ ခုနှစ်အထိ နှစ်စဉ်တင်ပို့ရောင်းချနိုင်ရေးအတွက် အစိုးရချင်း သဘောတူညီထားပြီးပြီလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုထားပါတယ်။
#Yangon_Media_Group
Page 1286 of 1857