ဩဂုတ် ၂၄ ၊၂၀၂၅

မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ ကမ္ဘာကျော် သမိုင်းဝင် ဂုတ်ထိပ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည့် TNLA နှင့် PDF အကြမ်းဖက်အဖွဲ့များကို ပြင်းထန်စွာ လက်တုန့်ပြန်သွားမည်ဟု  အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတိပေးပြောကြားလိုက်ပါတယ်။

“ တစ်နိုင်ငံလုံးက ဂုဏ်ယူရပြီး အများပြည်သူတွေသုံးစွဲနေတဲ့ ဒီတံတားကို ဖျက်ဆီးလိုက်တဲ့လုပ်ရပ်ဟာ TNLA နှင့် PDF  အကြမ်းဖက်သောင်းကျန်းသူတွေက ရက်စက်ယုတ်မာမှုဖြစ်ပါတယ်။  ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနှင့် ပြင်းထန်တဲ့ လက်တုန့်ပြန်မှုတွေ ဆက်လက်ဆောင်ရွက် သွားပါမယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာများကို ပြောကြားပါတယ်။

“ တံတားကြီးပြန်လည်ပြင်ဆင်ဖို့ဆိုတာက သုံးသပ်ချက်အရတော့  တော်တော်နှင့် လုပ်နိုင်မယ် မထင်  သေးဘူး” ဟုသူကဆက်လက်ပြောဆိုပါတယ်။

ဩဂုတ် ၂၄ တနင်္ဂနွေက မနက် ၉နာရီ ၁၀မိနစ်ခန့်တွင် နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကို ဆက်သွယ်ထားသည့် အဆိုပါ ဂုတ်ထိတ်တံတားကို မြောက်ဖက်ခြမ်းတွင် TNLA နှင့် PDF အကြမ်းဖက်သောင်းကျန်းသူများက မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါမိုင်းခွဲဖျက်စီးမှုကြောင့် သံမဏိတံတားဘောင်ပျက်စီးသွားပြီး အုတ်တံတားဘောင်လည်းပျက်စီး  သွား ခဲ့ကြောင်းသိရှိရပါတယ်။

ဂုတ်ထိပ်တံတားသည် ကမ္ဘာကျော် သမိုင်းဝင်တံတားကြီးတစ်ခုဖြစ်ပြီး ၁၈၉၉ ခုနှစ် ဧပြီလတွင် စတင် ဆောက်လုပ်ခဲ့ပြီး ၁၉၀၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်တွင် တံတားတည်ဆောက်မှုပြီးစီးခဲ့သည်ဟု မှတ်တမ်း များတွင် ဖော်ပြထားပါတယ်။

တောင်ထိပ် ၂ ခုကို ဆက်သွယ်ထားသည့် ၂၂၆၀ ပေအမြင့်ရှိသော အဆိုပါ ဂုတ်ထိပ်တံတားကို ထိုစဉ်က မြန်မာပြည်အစိုးရသည် အမေရိကန်နိုင်ငံ ပင်ဆီလဗေးနီးယားနှင့် မေရီလန် တံတား ဆောက်လုပ်ရေး  ကုမ္ပဏီအား ငှါးရမ်းကာ ဆောက်လုပ်စေခဲ့တာဖြစ်ကြောင်းသိရပါတယ်။

ဂုတ်ထိပ်တံတားသည် ဒုတိယကမ္ဘာစစ်ကြီးအတွင်း မဟာမိတ်များနှင့် ဂျပန်စစ်တပ်တို့၏ နှစ်ကြိမ်တိုင်  ဖျက်စီးခြင်းခံခဲ့ရပြီး လွတ်လပ်ရေးရပြီး ၁၉၄၈ ခု၊ မေလတွင် မြန်မာအစိုးရ မီးရထားဌာနက ပြန်လည်ပြု ပြင်မှုများလုပ်ခဲ့ရပါတယ်။၁၉၅၁ ခု၊ ဩဂုတ်လတွင် ပြုပြင်မှုပြီးစီးခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြ ထားပါတယ်။

ယခုတစ်ဖန် မြန်မာနိုင်ငံတွင် တပ်မတော်၏ ထိုးစစ်ကြောင့် စစ်ရှုံးနေသည့် TNLA အကြမ်းဖက် သောင်းကျန်းသူများက ရည်ရွယ်ချက်ရှိရှိ ဖျက်စီးခဲ့ခြင်းဖြစ်ပါတယ်။

#ymg/knl