Published 11 September 2023
ထိုင်းနိုင်ငံ တာ့ခရိုင် အနီး ကံဖယ်ဖစ် မြို့နယ် အတွင်း ရှိ ဆောက်လုပ်ရေး လုပ်ငန်း တစ်ခု တွင် အလုပ်လုပ်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျသည့် မြန်မာ အလုပ်သမား ကို ဆေးရုံ သို့ ပို့ဆောင် မပေးဘဲ လမ်းဘေးရှိ ချောင်းထဲ ကိုပစ်ထားခဲ့သည့် ထိုင်းလင်မယား နှစ်ဦး ကို သက်ဆိုင်ရာ နယ်မြေ ရဲစခန်း တွင် အမှု ဖွင့်တိုင်ကြား ထားကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားများကိုကူညီပေးသည့် အလုပ်သမားအဖွဲ့အစည်းထံက သိရသည်။
အဆိုပါ ထိုင်းလင်မယားနှစ်ဦး မှာ မြန်မာအလုပ်သမား ၁၀ဦး၏ ထိုင်းပန်းရံ အလုပ်သမားခေါင်းဆောင် ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မြန်မာအလုပ်သမားတစ်ဦးခေါင်မိုးပေါ်က ပြုတ်ကျ သဖြင့် ဆေးခန်း ပို့ပေးမည် ဟုဆိုကာ ကားဖြင့် ခေါ်ဆောင်သွားပြီး ချောင်းထဲ ကို ပစ်ခဲ့ ခြင်း ဖြစ်ကြောင်းသိရသည်။
''ခေါင်မိုးပေါ်က ပြုတ်ကျတော့ အလုပ်သမား ကောင်လေးက အသက်ရှိသေးတယ်လို့ သိရတယ်၊ ဆေးရုံ ပို့ပေးမယ် ဆိုပြီးတော့ ချောင်းထဲ ကို ပစ်ခဲ့တာ ၊ရှာတွေ့တော့ အသက်မရှိတော့ဘူးသေဆုံးတဲ့ မြန်မာ ကောင်လေးက အသက်၃၀ ဝန်းကျင် လောက် ရှိပြီ ''ဟုရွှေ့ပြောင်းအလုပ်သမားရေးကူညီဆောင်ရွက်ပေးသူဦးခိုင်ကြီးက ပြောသည်။
ယင်း ပြစ်မှု ကျူးလွန်ခဲ့သည်ဆိုသော အဆိုပါ ထိုင်းလင်မယားနှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း၊အမှုမှန် ပေါ်ပေါက်ရေးနှင့် ထိုင်းလင်မယားနှစ်ဦး ကို ဖမ်းဆီးနိုင်ရန် အတွက် ထိုင်းအာဏပိုင်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 11 September 2023
#YMG #Yangon_Times
မန္တလေးရွှေနန်းတော်ကြီး မွမ်းမံထိန်းသိမ်းရေးလုပ်ငန်း(၆)မျိုး ပြီးစီး
‘ မြနန်းစံကျော်ရွှေနန်းတော်ကြီးမှာ မွမ်းမံထိန်းသိမ်းဖို့ လမ်းညွှန်ချက်လုပ်ငန်းစဉ် (၁၅)မျိုးရှိတဲ့အနက် နန်းတော်တောင်ဘက် အသစ်ခင်းထားတဲ့ ကြမ်းခင်းတွေမှာ အသံမမြည်စေရေး ပြုပြင်ဆောင်ရွက်မှုစတဲ့ လမ်းညွှန်ချက်လုပ်ငန်းစဉ်(၆)မျိုး(၁၀၀)ရာခိုင်နှုန်းပြည့် ပြီးစီးပြီ ဖြစ်ပါတယ်။ လုပ်ငန်းစဉ်(၉)မျိုးကို သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ် ’ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
Yangon_Times/tthl
#Local_News
#Published_ 11 September 2023
#YMG #Yangon_Times
Published_ 11 September 2023
စက်တင်ဘာလဒုတိယ(၁၀)ရက်ပတ်တာဖြစ်သည့်စက်တင်ဘာလ(၁၁)ရက်မှ(၂၁)ရက်အတွင်း လေဖိအားနည်းတစ်ကြိမ်ပေါ်လာနိုင်ပြီး ပိုမိုအားကောင်းပါကမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြာ်မှုဦးစီးဌာနမှသိရသည်။
အနောက်တောင်မုတ်သုံလေသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၄ မှ၂၀) ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ ဆုတ်ခွာသွားရန်ရှိသော်လည်း ရန်ကုန်အပါအဝင် ဒေသအချို့တွင် ရွာသွန်းမြဲထက်မိုးပိုရွာရန်ရှိသည်ဟုဆိုသည်။
မိုးရွာသွန်းမှုအခြေအနေအဖြစ် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ ကချင်ပြည်နယ်တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာစစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်း ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇)ရက်မှ (၁၀)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ ပဲခူးတိုင်း (အနောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၃)ရက်မှ (၆)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 11 September 2023
#YMG #Yangon_Times
အရင်းနှီးနည်းပြီး ရောင်းလွယ် ဝယ်လွယ်တာကြောင့် ဆိတ်မွေးမြူသူ များလာ
ရင်းနှီးမြုပ်နှံရတဲ့ ငွေပမာဏနည်းပြီး အရောင်းလွယ် အဝယ်လွယ်တာကြောင့် နွားမွေးမြူရေး လုပ်သူများက ဆိတ်မွေးမြူရေးလုပ်ငန်းဘက်ကို ပြောင်းလဲလုပ်ကိုင်လာတယ်လို့ ဆိတ်မွေးမြူရေးလုပ်ငန်းရှင်တွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 11 September 2023
#YMG #Yangon_Times
ဒေသအသီးသီးရှိ ကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စထိုးပေးမည်
‘မကွေးတိုင်းအပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီး အသီးသီးရှိ ကျောင်းသူတွေကို စက်တင်ဘာလ (၁၈)ရက်မှ(၂၉)ရက်အတွင်း သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စထိုးပေးဖို့ ရှိပါတယ်။ ကန်ဒေါ်လာ၄.၅ တန်ဖိုးရှိတဲ့ဆေးကို အခမဲ့ထိုးပေးသွားမှာဖြစ်ပါတယ်’ ဒေါက်တာနန္ဒဝင်း(မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး)
Yangon_Times/tthl
#Local_News
#Published_ 11 September 2023
#YMG #Yangon_Times
Published_ 11 September 2023
YBS နံပါတ် ၇၆ ပေါ်က ပြုတ်ကျ၍ ယနေ့ စက်တင်ဘာလ ၁၁ ရက် နံနက်က လူငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရမှု သာကေတမြို့နယ်တွင်ဖြစ်ပွားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အနော်မာ မှတ်တိုင်အနီးတွင် အထက်ပါအတိုင်း ဖြစ်ပွားခဲ့ကြောင်းသာကေတမြို့နယ် လူမှုကူညီရေးအသင်းကနေ သိရသည်။
ပြည့်ကျပ်နေသော အဆိုပါကားပေါ်အတက်တွင် ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး နောက်ဘီးဖြင့် တက်ကြိတ်မိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၊သေဆုံးသူနှင့်ဒဏ်ရာ ရသူ နှစ်ဦးတို့မှာ အသက် ၂၀ ခန့်အရွယ် လူငယ်များဖြစ်ကြကာ ခရီးသည်များကြိတ်တိုးဝှေ့၍ YBS ပေါ်တက်သည့်အချိန်နှင့် ယာဉ်အးထွက်သည့်အချိန် တိုက်ဆိုင်ရာမှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"တစ်ယောက်က သေတယ်၊တစ်ယောက်က နဖူးပေါက်တယ်၊ သေသူရော ဒဏ်ရာ ရသူရော ရန်ကုန်ဆေးရုံကြီးကိုပို့လိုက်ပါတယ်"ဟု သာကေတလူမှူကူညီရေးအဖွဲ့တာဝန်ရှိသူကပြောသည်။
အဆိုပါအခင်းဖြစ်နေရာသို့အမတ္တဂဝေသီလူမှုကူညီရေးအသင်း ၊မနောဖြူလူမှုကူညီရေးအသင်း သာကေတလူမှုကူညီရေးအသင်းတို့က လိုက်ပါကူညီပေးခဲ့ကြကြောင်းသိရသည်။
Yangon _Times/PP
#Local_Nwes
#YMG #Yangon_News
၁၁ စက်တင်ဘာ ၂၀၂၃
ရုရှားနိုင်ငံမှ ရေနံထုတ်ကုန်များ ဝယ်ယူရာတွင် တရုတ်ယွမ်ငွေဖြင့်ပေးချေနေတယ်လို့ မြန်မာနစက ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာကံဇော်ကပြောကြားလိုက်တယ်လို့ Sputnik သတင်းအေဂျင်စီက သတင်းရေးသားပါတယ်။
မြန်မာနှင့်ရုရှားတို့ဟာ နိုင်ငံတွေရဲ့ငွေကြေးတွေကို အပြန်အလှန်ပြောင်းလဲခြင်းအတွက်လည်း စီစဉ်နေတယ်လို့ ဒေါက်တာကံဇော်က ဆက်လက်ပြောဆိုပါတယ်။
“ ကျွန်တော်တို့ဟာ လောလောဆယ် ရူဘယ်ကိုမသုံးသေးဘဲ ယွမ်ကိုသုံးနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကျပ်-ရူဘယ် အပြန်အလှန်ပြောင်းလဲခြင်းသဘောတူညီချက်အတွက် ကြိုးစားဆောင်ရွက်နေကြပါတယ်။ မကြာမီမှာ လက်မှတ်ရေးထိုးဖို့ရှိနေပါတယ်လို့ ရုရှားနိုင်ငံ ဗလက်ဒီဗိုစတော့ခ်မြို့မှာ အရှေ့ဖျားဒေသ စီးပွားရေးဖိုရမ်တက်ရင်းရောက်ရှိနေတဲ့ ဒေါက်တာကံဇော်က Sputnik ကို ပြောပါတယ်။
အဲဒီအပြင် မြန်မာနိုင်ငံဟာ ရုရှားနှင့် ခရီးသွားကဏ္ဍသဘောတူညီချက်လည်း ယခုဖိုရမ်နှင့်ဆက်စပ်ပြီး မကြာမီ အပြီးသတ်လိမ့်မယ်လို့ သူမျှော်လင့်ထားတယ်လို့လည်း ဒေါက်တာကံဇော်ကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်စက်တင်ဘာလတုန်းက ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားထံမှ ရေနံထုတ်ကုန်များကို စတင်ဝယ်ယူနေပြီလို့ Sputnik ကိုပြောခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
(၈)ကြိမ်မြောက် အရှေ့ဖျားဒေသစီးပွားရေးဖိုရမ်ကို ရုရှားနိုင်ငံ ဗလက်ဒီဗိုစတော့ခ်မြို့ရဲ့ အရှေ့ဖျားဒေသ ဖက်ဒရယ်တက္ကသိုလ်ဝင်းထဲမှာ စင်တက်ဘာ ၁၀ရက်မှ ၁၃ရက်အထိကျင်းပနေပြီး မြန်မာနိုင်ငံမှ နစကဝန်ကြီးများတက်ရောက်လျက်ရှိနေတာဖြစ်ပါတယ်။
Page 1289 of 2422