Published_ 11 September 2023

စက်တင်ဘာလဒုတိယ(၁၀)ရက်ပတ်တာဖြစ်သည့်စက်တင်ဘာလ(၁၁)ရက်မှ(၂၁)ရက်အတွင်း လေဖိအားနည်းတစ်ကြိမ်ပေါ်လာနိုင်ပြီး ပိုမိုအားကောင်းပါကမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြာ်မှုဦးစီးဌာနမှသိရသည်။

အနောက်တောင်မုတ်သုံလေသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၄ မှ၂၀) ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ ဆုတ်ခွာသွားရန်ရှိသော်လည်း ရန်ကုန်အပါအဝင် ဒေသအချို့တွင် ရွာသွန်းမြဲထက်မိုးပိုရွာရန်ရှိသည်ဟုဆိုသည်။

မိုးရွာသွန်းမှုအခြေအနေအဖြစ် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ ကချင်ပြည်နယ်တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာစစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်း ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇)ရက်မှ (၁၀)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ ပဲခူးတိုင်း (အနောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၃)ရက်မှ (၆)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 11 September 2023
#YMG #Yangon_Times