#Local_News
Published_ 14 September 2023


ဝတ်မှုန်ရွှေရည်နှင့်ရုပ်ဆင်တူသည့် TikTokဆယ်လီ သရုပ်ဆောင်၊Makeup Artist သျှားမင်းပိုင်မိသားစုနှင့်အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေကြောင်း သူ၏သူငယ်ချင်းလည်းဖြစ်ဓာတ်ပုံဆရာလည်းဖြစ်သူတစ်ဦးထံမှ သိရသည်။

 

သျှားမင်းပိုင်ပျောက်ဆုံးနေသည်မှာ စက်တင်ဘာလ(၉)ရက်မှ စပျောက်ဆုံးခြင်းဖြစ်ပြီး ယခုစက်တင်ဘာလ(‌၁၄)ရက်ဆိုရင်  ငါးရက်ရှိပြီဖြစ်သည်။

 

"သူ့ဇာတိက မြန်အောင်ကပါ။ ရန်ကုန်ကို အလုပ်အတွက်လာရောက်တာပါ။ အင်းစိန်မုဒိတာအိမ်ရာက သူငယ်ချင်းတွေဆီသွားရင်း သူရော သူ့သူငယ်ချင်းတွေပါပျောက်ဆုံးသွားတာပါခင်ဗျ။ သူ့မိသားစုဝင်တွေကတော့ လူပျောက်အမှုဖွင့်ထားလားတော့ မသိပါဘူးခင်ဗျ။ စက်တင်ဘာ ၉ ရက် ညနေပိုင်းကတည်းက အားလုံးနဲ့ အဆက်အသွယ်ပြတ်နေတာပါ။ မိသားစုဝင်တွေရော သူငယ်ချင်းတွေရော အားလုံးလည်း စိတ်ပူနေကြပါတယ်"ဟု သျှားမင်းပိုင်၏သူငယ်ချင်းဖြစ်သူက YMG ကို အတည်ပြုပြောသည်။

 

သျှားမင်းပိုင်၏ ဓာတ်ပုံဆရာ၊ အတူသရုပ်ဆောင်ကြသည့်အနုပညာရှင်များ၏ Page တွင်လည်း ပျောက်ဆုံးနေကြောင်း တင်ထားပြီး ဖုန်းအဆက်အသွယ်စာအဆက်အသွယ်မရသေးသဖြင့် စိတ်ပူနေကြောင်း၊ အမြန်ဆုံးပြန်ဆက်သွယ်ရန်နှင့် တွေ့ရှိသူများအနေဖြင့် ဖုန်း0978667385 သိုဆက်သွယ်ပေးရန် ဖော်ပြထားကြောင်းလည်း သိရသည်။

 

#tthl #Local_News #ဝတ်မှုန်ရွှေရည်နှင့်ရုပ်ဆင်တူ #TikTok ဆယ်လီ #ပျောက်ဆုံးနေ
#Yangon_Times