#Local_News
Published_ 16 September 2023


ရေနစ်သေဆုံးသော မြန်မာတစ်နိုင်ငံလုံး သင်္ချာအိုလံပစ်ပြိုင်ပွဲ ဒုတိယဆုရှင် ရခိုင်လူငယ်ကွန်ပျူတာဆရာကိုနေထိန်ဝင်းကို ယနေ့သဂြိုလ်ခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်၊ ညနေက ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်၊ ပြိုင်ချောင်းကျေးရွာအနီး ချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေချိုးကြစဉ် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုနေထိန်ဝင်းမှာ ရခိုင်ပြည်နယ်ပုဏ္ဏားကွန်းမြို့နယ်၊ အလယ်ချောင်းကျေးရွာကဖြစ်ပြီး ၂၀၂၁ ခုနှစ် မြန်မာတစ်နိုင်ငံလုံး သင်္ချာအိုလံပစ်ပြိုင်ပွဲတွင် ဒုတိယရရှိထားသူဖြစ်သည့်အပြင် ပညာရေး တက္ကသိုလ်(B.Ed) ကျောင်းဆင်း ကျောင်းဆရာတစ်ဦးဖြစ်ကြောင်း သိရသည်။

 

ပညာရေးဝန်ထမ်းအဖြစ် တစ်နှစ်ကျော်ခန့် တာဝန်ထမ်းဆောင်ခဲ့ကာ ယခုအခါအလုပ်ထွက်ထားပြီး ဒေသခံလူငယ်များအား ကွန်ပျူတာသင်ကြားပေးနေသူလည်းဖြစ်ကြောင်း သိရသည်။

 

သေဆုံးသူမှာ အသက် ၂၈ နှစ်အရွယ်သာ ရှိသေးသော လူငယ်တစ်ဦးဖြစ်ကြောင်း၊ ယင်းကိုနေထိန်ဝင်း၏ ရုပ်အလောင်းကိုဇာတိရွာအလယ်ချောင်းကျေးရွာသုသာန်၌ သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

 

#Local_News #သင်္ချာအိုလံပစ်ပြိုင်ပွဲဒုတိယဆုရှင် #ရခိုင်လူငယ်ကွန်ပျူတာဆရာ #ရေနစ်သေဆုံး #Yangon_Times/PP