Published 7March 2024
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ပြည်တွင်းအလုပ်အကိုင်အခွင့်လမ်းပေါင်း၁၃၆၈ဦး ဖန်တီးပေးနိုင်မည့်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းသစ် ၇ခု ကို ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။
မတ်လ ၆ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး တွင် ခွင့်ပြုခု့ခြင်း ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အသစ် ၇ ခု ကို ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၂၂၂ သန်းနှင့် ကျပ် ၉၉,၆၈၃ ဒသမ ၁၂၂ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁,၃၆၉ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
ယင်းအစည်းဝေးကို နေပြည်တော်ရှိ ရုံးအမှတ် (၁၈)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြောင်းသိရသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သောနိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်းသိရသည်။
စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံး ရင်းနှီးမြှုပ်နှံ ထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၉ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၅ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၀ ရာခိုင်နှုန်း ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 7 March 2024
ရန်ကုန်လူမိုက် ကိုကျော်ဝင်းစိန် ဆိုသူကို Tတ်ဖြတ်ခဲ့သည့် တရားခံ (၉) ဦးကို စစ်ကိုင်းမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းအရ သိရသည်။
တရားခံများဖြစ်သည့် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သည့် ရဲမျိုးသိန်း (ခ) ငမျိုး၊ ဧရာဝတီတိုင်း၊ မအူပင်မြို့တွင်နေထိုင်သည့် အောင်ကျော်ကြား (ခ) ကျော်ကြီး၊ လှိုင်သာယာမြို့နယ်နေ၊ ဟိန်းထက်အောင် (ခ) ခေါင်းကြီး၊ ကျိုက်လတ်မြို့နယ်နေ အောင်မြတ်မင်း (ခ) အောင်ကြီး၊ ထန်းတပင်မြို့နယ်နေ ဥက္ကာ၊ လှိုင်သာယာမြို့နယ်နေ အောင်တင်မြင့်ထွေး (ခ) အောင်လေး၊ ကြည့်မြင်တိုင်မြို့နယ်နေ ကျော်ဆန်းလင်း (ခ) သံမဏိ၊ ကော့မှူးမြို့နယ်နေ မျိုးမင်းနိုင် (ခ) အရှည်ကြီးနှင့် ကြည့်မြင်တိုင်မြို့နယ်နေ ဇော်မင်းဦး (ခ) တွတ်ပီ ဆိုသူတို့ (၉) ဦးကို ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။
ရန်ကုန်မြို့နာမည်ကြီး အင်းစိန်ကမ်းနားက လူမိုက်ကျော်ဝင်းစိန် ကို ဒီဇင်ဘာ ၈ ရက်နေ့ က ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးလမ်းမှာ နယ်မြေကျူးကျော်လာသဖြင့်ကြည့်မြင်တိုင်နယ်မြေခံ လူမိုက်များမှ ဓားဖြင့်ထိုး၍ သတ်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး ယခုအခါ တရားခံ (၉)ဦးကို စ စ်ကိုင်းမြို့တွင်ဖမ်းဆီးရမိသည်ဟု ရဲတပ်ဖွဲ့မှ ထုတ်ပြန်ဖော်ပြထားကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group

#Daily_News
Published_ 6 March 2024
၁။ 'ရန်ကုန် Pet Expo ပြပွဲ' နှင့် 'နွေရာသီခရီးသွားပြပွဲ' ရန်ကုန်၌ (၂)ရက်တိုင်တိုင်ကျင်းပ
၂။ ဖောက်စွပ်ဖြတ်ဆက်များအား လိမ်လည်ရောင်းချခြင်းများ အပါအဝင်တစ်လလျှင် မော်တော်ကားအမှု ၁၅မှုခန့် ဖြေရှင်းပေးနေရဟုဆို
၃။ ရှမ်းပြည်နယ်ထွက် ကုန်စည်အများစု ဝယ်လိုအားမရှိဘဲ ရောင်းလိုအားများနေသဖြင့် ဈေးကျဆင်းနေ
၄။ တောင်ကိုရီးယားနိုင်ငံဖွား ပန်ဒါမကြီး တရုတ်ပြည်မပြန်ခင် ပရိသတ်အများအပြား လာရောက်နှုတ်ဆက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_ 6 March 2024
ကိုးမိုင်မဟာစည်ဆရာတော်ဘုရားကြီးသည်မတ်လ (၆)ရက်မနက်ပိုင်းတွင် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း သိရသည်။
ကိုးမိုင်မဟာစည်ဆရာတော်ဘုရားကြီးသည် ဖေဖော်ဝါရီလအတွင်း နာမကျန်းဖြစ်သောကြောင့်တိုက်အုပ်ဆရာတော်မှ ဂရုစိုက်တစိုက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်စေရန် ဆေးရုံသို့ ပို့ဆောင်ကုသစေခဲ့သည်။
ဆရာတော်ကြီးသည် ဆေးရုံတက်ရောက်ကုသခဲ့ရပြီး ဆေးရုံမှဆင်းတာ ၂ ပတ်မြောက်နေ့တွင် follow up ကုသမှုလုပ်ခဲ့ရသလို ဖေဖော်ဝါရီလထဲမှာပဲ ဝိတိုရိယဆေးရုံတွင် ကုသမှုများဆောင်ရွက်ခဲ့ရပြီး မတ်လ(၆)ရက်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း သိရသည်။
"မတ်လ(၆)ရက်၁နာရီ၄၅မိန်စ်အချိန်တွင် ကိုးမိုင်မဟာစည်ဆရာတော်ဘုရားကြီးသည် ဝိတိုရိယဆေးရုံတွင် ဘဝနတ်ထံသို့ပျံလွန်တော် မူသွားပြီဖြစ်ကြောင်း ရပ်ဝေး ရပ်နီးနေ ဓမ္မမိတ်ဆွေ ဆွေတော်မျိုးတော်များအား ညိှုးငယ်စွာ အသိပေးအကြောင်းကြားအပ်သည် "ဟု ကိုးမိုင်မဟာစည်ယောဂီအဖွဲ့ မှလည်း ထုတ်ပြန်ထားကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group

သံရုံးရဲ့ အသိပေးဖေါ်ပြချက်တွေမှာတော့ အွန်လိုင်းဗီဇာ ရက်ချိန်းလျှောက်တဲ့ စနစ်တွင် အချို့ မသမာသူတွေက ပတ်စပိုနံပါတ် အမျိုးမျိုးကို သုံးကာ (မိမိတစ်ဦးတည်းအတွက်မဟုတ်ဘဲ) booking နေရာ အများအပြားကို ရယူတာမျိုးတွေ ပြုလုပ်နေတဲ့အတွက် ရက်ချိန်းယူထားသော်လည်း လာရောက် လျှောက်ထားသူမရှိတဲ့ အခြေအနေ မြင့်မားလျက်ရှိတယ်လို့ဆိုပါတယ်။
Yangon Times/LW
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
အရှေ့တောင်အာရှ၊ ဥရောပနဲ့ ကမ္ဘာ့နိုင်ငံတွေမှာ ဂျပန်ကိုယ်ခံပညာဖြစ်တဲ့Brazilian JIU-JITSU ချန်ပီယံရှစ်ပြိုင်ပွဲတွေကျင်းပနေပြီဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ အခုမှ ပထမဦးအကြိမ်အဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့တာဖြစ်တယ်။
ဂျပန်ကိုယ်ခံပညာဖြစ်တဲ့Brazilian JIU-JITSU ပညာရပ်ဟာ အခုဆိုရင် ကမ္ဘာတစ်ဝန်းခေတ်စားလာပြီး One ChampionShipလို ၊ UFC တို့လို ပြိုင်ပွဲတွေမှာ မပါမဖြစ် တတ်ကျွမ်းထားရမယ့် အားကစားနည်းဖြစ်လာတယ်။
AXIS JIU-JITSU Academy ( Myanmar) မှဆရာသန့်ဇင်ဦး
Yangon Times/tthl
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 6 March 2024
မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း(Myanmar CDC) တွင်တာ ဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများကို တရုတ်သို့ စေလွှတ်ပြီး လေ့ကျင့်သင်ကြားပေးနေလျက်ရှိကြောင်းကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
Myanmar CDC တွင်တာဝန်ထမ်းဆောင်ကြမည့် ဓာတ်ခွဲဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများအား ပြည်တွင်း၌ လည်းကောင်း၊ ပြည်ပအတွေ့အကြုံရရှိနိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့စေလွှတ်၍ လည်းကောင်း လေ့ကျင့်သင်တန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများအချိန်မီပြီးစီးရေးအတွက် လိုအပ်ချက်များကို ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်းကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက Myanmar CDC အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းကိုသွားရောက်ကြည့်ရူစစ်ဆေးစဉ်ထည့်သွင်းပြောခဲ့သည်။
ကူးစက်ရောဂါများကို ကာကွယ်ထိန်းချုပ်နိုင်မည့် နိုင်ငံတကာအဆင့်မီ'ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့်သင်တန်းကျောင်း'တည်ဆောက်မှု(၉၃)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ဗဟိုဌာနကိုတရုတ်နိုင်ငံ၏ အကူအညီဖြင့် ၂၀၂၁ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည် နိုင်ငံတကာအဆင့်မီ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းတစ်ခုဖြစ်သည်ဟုဆိုသည်။
ယင်ဗဟိုဌာန၌ ဇီဝလုံခြုံမှုအဆင့်-၃ (Biosafety Level 3)အထိရှိသော ဓာတ်ခွဲခန်းများအပါအဝင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးစနစ်များပါရှိသော သုံးထပ်ရောဂါကာကွယ်ထိန်းချုပ်ရေး အဆောက်အအုံ၊ သင်တန်းသား သင်တန်းသူ ၂၀၀ ခန့်ထားရှိ၍ လေ့ကျင့်သင်ကြားပေးနိုင်မည့် သုံးထပ်ကျန်းမာရေး သင်တန်းကျောင်းအဆောက်အအုံနှင့် နှစ်ထပ်အုပ်ချုပ်မှုဆိုင်ရာအဆောက်အအုံတို့ ပါရှိကြောင်းနှင့်
ဤစီမံကိန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးသော ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၏ ပြယုဂ်တစ်ခုအဖြစ် ထင်ဟပ်စေမည့် နိုင်ငံတကာအဆင့်မီ စီမံကိန်းလည်းဖြစ်ပါကြောင်း၊ Myanmar CDC စတင်ဖွင့်လှစ်၍ လုပ်ငန်းများလည်ပတ်နိုင်ချိန်တွင် မြန်မာနိုင်ငံအတွက်သာမက အိမ်နီးချင်းနိုင်ငံများနှင့် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများအတွက်ပါ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အကျိုးရှိစေနိုင်မည့် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနတစ်ခုဖြစ်စေရန် ရည်ရွယ်ထားရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကထည့်သွင်းပြောကြားခဲ့ ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 914 of 2362