ဧရာဝတီတိုင်းဒေသကြီး၊ ငွေတောင်ကမ်းခြေသို့တစ်လတာအတွင်း ခရီးသွားလေးသောင်းခန့်လာရောက်အပန်းဖြေပြီး ရန်ကုန်တိုင်းမှအများဆုံးလာရောက်တယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။
#Local_News
Published 11 April 2024
#ငွေတောင်ကမ်းခြေ #ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ
#YMG/NN #Yangon_Times
တရုတ်နိုင်ငံကို တရားဝင်လုပ်သားစေလွှတ်နိုင်ရန်အတွက် နှစ်နိုင်ငံသဘောတူညီမှုရရှိထားပြီး စေလွှတ်ရေးကိစ္စများကိုသာ ဆက်လက်ညှိနှိုင်းမှုတွေ ပြုလုပ်ရတော့မှာဖြစ်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)ထံက သိရပါတယ်။
#Local_News
Published 11 April 2024
#မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု #(MOEAA)
#YMG/LW #Yangon_Times
အပူချိန်(၃၇)ဒီဂရီဆဲဆီးယပ်ကျော်ရင် လူ့ခန္ဓာကိုယ်က သွေးလည်ပတ်မှုမမှန်တော့ဘဲ ခန္ဓာကိုယ်တွင်းရှိသွေးကြောတွေပြတ်နိုင်တယ်။ နေအပြင်းဆုံး နေ့ခင်းနေ့လည်မှာ နေရောင်တိုက်ရိုက်ကြတဲ့နေရာတွေမှာသွားလာနေထိုင်မိရင် ဦးနှောက်သွေးကြောနဲ့ ခန္ဓာကိုယ်တွင်းရှိသွေးကြော တွေပြတ်ဖိုများတဲ့အတွက် နေအိမ်အခန်းတွင်းနဲ့အရိပ်ရနေရာတွေမှာသာနေထိုင်ဖို့လိုတယ်။
(ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာ သန်းစိန်)
#Local_News
Published 11 April 2024
#ခန္ဓာကိုယ်တွင်းသွေးကြောများပြတ် #အသက်ဆုံးရှုံးနိုင်
#tthl #Yangon_Times
#Local_News
Published_ 11 April 2024
အမျိုးသားပို့ကုန်မဟာဗျူဟာ ဒုတိယအဆင့်ဖြစ်သော ၂၀၂၀-၂၀၂၅ ကာလအတွက် ကဏ္ဍ (၁၈) ခုကို ထိရောက်စွာ အကောင်အထည်ဖော်ဖို့ အမျိုးသား ပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန-၂ ဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့ပါတယ်။
အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကို ဧပြီ (၁၀)ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပစဉ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ကဏ္ဍအလိုက် ဖွဲ့စည်းထားတဲ့ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများ ကျစ်လျစ်စွာ ပြန်လည်ဖွဲ့စည်းရေး၊ ကဏ္ဍအလိုက်လုပ်ငန်းစီမံချက်များအနက် လက်တွေ့လျင်မြန်စွာ အကျိုးဖြစ်ထွန်းနိုင်မည့် လုပ်ငန်းစဉ်များ ရွေးချယ်ဆောင်ရွက်နိုင်ရေးတို့ကို ဦးစွာဆောင်ရွက်ပြီး အကောင်အထည်ဖော်ဖို့ ဝန်ကြီးက ပြောဆိုပါတယ်။
ထို့ပြင် ဦးစားပေးရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းများက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးကို အချိန်တိုအတွင်း အထောက်အကူပြုနိုင်မည့် လုပ်ငန်းများဖြစ်ဖို့လည်း လိုအပ်တယ်လို့ ဝန်ကြီးကဆိုပါတယ်။
ဆက်လက်၍ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက် ကော်မတီများ ပြန်လည်ဖွဲ့စည်းမှုပိုင်းနှင့် လုပ်ငန်းစီမံချက်များ ပြင်ဆင်ရေးဆွဲမှုများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
ကဏ္ဍအလိုက် ကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍများအလိုက် ကော်မတီများ ပြန်လည်ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းစီမံချက်များ ပြင်ဆင်ရေးဆွဲ ဆောင်ရွက်ထားမှုများ၊ ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများ ရွေးချယ်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီအဖွဲ့ဝင်များက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
#Local_News #အမျိုးသားပို့ကုန်မဟာဗျူဟာ #ပို့ကုန်မြှင့်တင်ရေးကော်မတီ #Ymg_mnn #Yangon_Media_Group
#Daily_News
Published_ 10 April 2024
၁။ နေ့အပူချိန်ပြင်းနေသည့် ရန်ကုန်အပါအဝင် ဒေသ(၁၀)ခု၌ မိုးထစ်ချုန်းရွာမည်
၂။ စက်သုံးဆီဈေးငြိမ်နေသော်လည်း ဝယ်လိုအားများနေဟုဆို
၃။ ဇီးဝဇိုးဌက်သိုက် ခိုးယူခံရမှုများလာသဖြင့် ငှက်အိမ်ဆောက်လုပ်မှုတွင် လုံခြုံရေးအတွက်ပါထည့်သွင်းဆောက်လုပ်လာရဟုဆို
၄။ ဂျပန်နိုင်ငံရှိနေရာအများစု၏ မြေအောက်ရေထဲတွင် PFA ဓာတုပစ္စည်းများ သတ်မှတ်စံနှုန်းထက်အဆများစွာကျော်လွန်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
နှစ်ဆန်းတစ်ရက်နေ့ဧပြီ(၁၇)ရက်ကလွဲလို ကျန်နှစ်သစ်ကူးသင်္ကြန်ပိတ်ရက်တွေမှာ ကုန်ပစ္စည်းတင်ပို့၊ တင်သွင်းဖို့ အချိန်ပို (Overtime) လျှောက်ထားပါက ဆောင်ရွက်ပေးသွားမှာဖြစ်တယ်။
#Local_News
Published_ 10 April 2024
#ပို့ကုန်/သွင်းကုန်ပစ္စည်း #သင်္ကြန်ပိတ်ရက်
#tthl #Yangon_Times
သင်္ကြန်ကာလနီးသော်လည်း ဈေးအကျဘက် တွင်သာရှိနေပါတယ် ကွမ်းစိုက်တောင်သူတွေအနေနဲ့ ပိုးသတ်ဆေး ပေါင်းသတ်ဆေးစတဲ့ စိုက်ပျိုးကုန်ကျစရိတ်တွေဟာ ယမန်နှစ်ထက် ပိုမိုကုန်ကျပေမယ့် ကွမ်းဈေးမှာ ဈေးကျနေတာကြောင့် စိုက်စရိတ်ရပေမယ့် လုပ်အားခအရှုံးပေါ်တဲ့ အနေထားဖြစ်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရှိ ကွမ်းစိုက်တောင်သူတွေထံက သိရပါတယ်။
#Local_News
Published_ 10 April 2024
#ကွမ်းဈေးအကျ #လုပ်အားခအရှုံးပေါ်
#YMG/LW #Yangon_Times
Page 913 of 2420