ငမိုးရိပ်ရေလှောင်တမံကနေ ရေစတင်ကျော်နေပေမယ့် အရေးပေါ်အခြေအနေအစီအမံများ ဆောင်ရွက်ထားပြီးဖြစ်
ငမိုးရိပ် ရေလှောင်တမံအပါအဝင် ရေလှောင်တမံသုံးခု ရေပို့လွှဲမှ ရေစတင်ကျော်ပါက အရေးပေါ်အခြေအနေအဆင့်(၁) အဖြစ် သတ်မှတ်မည်
#Yangon_Times/MY
#Local_News
#Published_ 6 September 2023
#YMG #Yangon_Times
ကိုရီးယားနိုင်ငံသို့ ရာသီချိန် လုပ်သားစေလွှတ်ဖို့ လတ်တလောအစီစဉ်မရှိသေး
ရာသီချိန်လုပ်ငန်းတွေအတွက် မြန်မာလုပ်သား ခေါ်ယူဖို့ကို ကိုရီယားနိုင်ငံဘက်က ပြောဆိုလာမှု တွေရှိပေမယ့် အသေးစိတ် စီစဉ်ညှိနှိုင်းတာတွေ တစ်ခုမှ မပြုလုပ်ရသေးဘူးလို့ အလုပ်သမားဝန်ကြီးဌာနက အမြဲတန်းအတွင်းဝန်ကဆိုပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 6 September 2023
#YMG #Yangon_Times
‘အရင်တုန်းက အသုံးပြုခဲ့တဲ့ မဲစနစ်ဟာ တံဆိပ်တုံးထုတဲ့အခါ အကွက်ကကျော်သွားရင် အငြင်းပွားဖွယ်တွေရှိခဲ့ပြီး အခုမြန်မာအီလက်ထရော်နစ်မဲပေးစက်ဟာ အငြင်းပွားဖွယ်မရှိတော့သလို အသုံးပြုရတာလွယ်ကူတဲ့အတွက် အဆင်ပြေနိုင်တယ်’ ဦးတင်ရွှေ(ဒုဥက္ကဌ၊ဒီမိုကရက်တစ်ပါတီ)
‘အခုမိတ်ဆက်ပေးတဲ့ မြန်မာအီလက်ထရောနစ်မဲပေးစက်ဟာ လျှပ်စစ်မီးမရှိတဲ့ဒေသတွေမှာ အသုံးပြုနိုင်မှာ ဖြစ်လို ဝေးလံခေါင်ဖျားတဲ့ဒေသတွေက တိုင်းရင်းသားပြည်သူတွေအတွက်တော့အဆင်ပြေစေနိုင်တယ်’ ဦးထွန်းအောင်(ဥက္ကဌ၊ အာခါအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ)
#Yangon_Times/tthl
#Local_News
#Published_ 6 September 2023
#YMG #Yangon_Times
Published_ 6 September-2023
ယခုလအတွင်း ကျင်ပမည့် အာရှအား ကစားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း အနေဖြင့် ခြေစမ်းပွဲများ ဆက်တိုက်ကစားလေ့ ကျင့်လျက်ရှိသည်။
ယင်းသို့ လေ့ကျင့်ပြင်ဆင်ရာ၌ ပြည်တွင်း အမျိုးသမီးဘောလုံးကလပ်အသင်းများဖြင့် ခြေစမ်းပွဲများ ကစားနေခြင်းဖြစ်သည်။
ယမန်နေ့ စက်တင်ဘာ (၅)ရက်က မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် FIFA-MFF U15 League (Lower Myanmar) ရာသီဝက်ချန်ပီယံ ရခိုင်ယူနိုက်တက် ယူ-၁၅ အသင်းနှင့် ခြေစမ်းကစားခဲ့ကြသည်။
ထိုသို့ကစားရာတွင် မိနစ် ၃၀ မိနစ်တစ်ကြိမ် သုံးပိုင်း ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပိုင်းနှင့် ဒုတိယပိုင်းတို့တွင် သရေ ရလဒ်ထွက်ပေါ်ခဲ့ကာ တတိယပိုင်းတွင် ရခိုင်အသင်းက ၃-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အားကစားနည်း ( ၄၀ ) မှ ပြိုင်ပွဲ အမျိုးအစား( ၄၈၁) မျိုး ထည့်သွင်းကျင်းပမည်ဖြစ်သည်။
Yangon_Times/MY
#Local_News
#YMG #Yangon_Times
Published_ 6 September 2023
လေထုအရည်အသွေးတိုင်းတာရေးလုပ်ငန်းများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့်ဩဂုတ်လတစ်လတာပြည်နယ်နှင့်တိုင်းအသီးသီးရှိလေထုအရည်အသွေး တိုင်းတာချက်ရလာဒ်များကို ထုတ်ပြန်လိုက်ကြောင်းသိရသည်။
အဆိုပါရလာဒ်တွင် ဒေသတော်တော်များများမှာ ကောင်းမွန်သောလေထုအရည်အသွေးများရှိသော်လည်း ကလေးမြို့၊ကသာမြို့နှင့်မော်လမြိုင်မြို့များတွင် ခံနိုင်ရည်နည်းပါးသောသူများအတွက်ကျန်းမာရေး ထိခိုက်စေနိုင်သည့်လေထုအရည်အသွေးအဆင့် လေထုအရည်အသွေးညွှန်းကိန်း(၁၀၁-၁၅၀)ဖြစ်နေပြီး (၂.၅)မိုက်ခရိုအရွယ်အစားရှိသည့် အမှုန်အမွှားများ ရှိနေသည်ဟုဆိုသည်။
တောင်ဒဂုံ၊အောင်မြေသာစံ၊ပြင်ဦးလွင်၊မုံရွာ၊ကသာ၊မြစ်ကြီးနား၊မော်လမြိုင်မြို့များတွင် လက်ခံနိုင်သည့် လေထုအရည်အသွေးအဆင့်(၅၁-၁၀၀)ရှိပြီး ကျန်ပြည်နယ်နှင့်တိုင်းအသီးသီးရှိမြို့များ၌ လေထုအရည် အသွေးကောင်းမွန်သောအဆင့်(၀-၅၀)ရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ထုတ်ပြန်ချက်များ အရသိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times
Published-6 September 2023
မြန်မာ့ထောပတ်သီးနှင့် ထောပတ်သီးအဆီကို ဘာရိန်းနိုင်ငံသို့ လာမည့် အောက်တိုဘာလတွင် စမ်းသပ်တင်ပို့မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကသိရသည်။
ထောပတ်သီးနှင့်ထောပတ်သီးအဆီကို ဘာရိန်းနိုင်ငံမှဝယ်ယူတင်သွင်းရန်ကမ်းလှမ်းထား၍ ထောပတ်သီးရာသီတွင် တင်ပို့ရောင်းချမှုလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါကမ်းလှမ်းချက်နှင့်ပက်သက်၍ဘာရိန်းကုမ္ပဏီမှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ ကိုယ်စားလှယ်များ၊ အိန္ဒိယနိုင်ငံ၊ ကိုလ်းကတ္တားမြို့ မြန်မာစီးပွားရေး သံမှူး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့(နေပြည်တော်)နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (ရှမ်းပြည်နယ်) တို့မှ တာဝန်ရှိသူများ ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ယင်းအပြင် မြန်မာ့ထောပတ်သီးထုတ်လုပ်မှုပမာဏ၊ အရည်အသွေး၊ အသိအမှတ်ပြု လက် မှတ်၊ သယ်ယူပို့ ဆောင်မယ့်နည်းလမ်းနှင့် ထုတ်ကုန်သက်တမ်း Global GAP လက် မှတ်ရရှိထားသည့် ထောပတ်ခြံများ၊ အရည် အသွေးစစ်ဆေးထားသည့် ထောက်ခံချက် များ၊ တင်ပို့မည့်ပမာဏနှင့်လက်ရှိတင်ပို့နေသည့် ဈေးကွက်အခြေ အနေများကိုလည်း ဘာရိန်းနိုင်ငံကို ပေးပို့ထားပြီးဖြစ်ကြောင်းသိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
Published_ 6 September 2023
ရန်ကုန်-မန္တလေး ရထားလမ်းကို စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းက မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
မြန်မာ့မီးရထား၊ တိုင်းအမှတ်(၆)နယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေး ပင်မြို့နယ်၊ ဝိန်းဇလုပ်ဘူတာ၏ တောင်ဘက်(တော်ဝိဘူတာဘက် ခြမ်း)၌ အထက်ပါအတိုင်း ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပိန်းဇလုပ်ဘူတာ-တော်ဝိဘူတာ အကြား၊ မိုင်တိုင် (၉၉၈-၇)အနီး တံတား အမှတ်(BR-137)ပေါ်နှင့် ရထား လမ်းအနီးတစ်ဝိုက်တွင် မိုင်း(၂)လုံး ဖောက်ခွဲခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ရထားသံလမ်းပေ (၈၀) ခန့် ပြတ်တောက်တွန့်လိမ်သွားကာ ကွန်ကရစ် ဇလီဖား (၁၄)တုံး ပျက်စီးပြီး (၁၀) ပေအရှည်ရှိ ကွန်ကရစ်တံတားကြမ်းခင်း (၃)ပေ ပတ်လည်ခန့် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မြန်မာ့မီးရထားက ရထားလမ်း ပျက်စီးမှုများကို အမြန်ဆုံးပြုပြင်ဆောင်ရွက်ရာ အချိန် ၈ နာရီခန့် အကြာ ပြီးစီးခဲ့သောကြောင့် လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလမှစ၍ ယခုအချိန် အထိ ရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းများ၊ ဘူတာ နယ်မြေများအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခြင်း (၁၂၅)ကြိမ်၊ တံတားမိုင်ခွဲခြင်း (၄၅)ကြိမ်၊ ဘူတာနှင့် ဝန် ထမ်းနေအိမ်များ မီးရှို့ ဖျက်ဆီးခြင်း (၁၂)ကြိမ် ပြုလုပ်ခံခဲ့ရကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၏ စာရင်းများအရ သိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times
Page 913 of 2039