စစ်တွေမြို့မှာ (၂၀၉)ဦးနဲ့ အများဆုံးဖြစ်ပွားနေ
Published_ 4 August 2023
#သွေးလွန်တုပ်ကွေးဖြစ်ပွားသူမြင့်တက်နေ
#YMG/my
#Yangon_Times
#Local_News
Published 4 August 2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည်လမ်းတွင် ဩဂုတ်လ ၂ ရက် (ယနေ့) နံနက်ကဖြစ်ခဲ့သည့် ယာဥ်မတော်တဆမှုတွင် ဒဏ်ရာရရှိခဲ့သည့် မူလတန်းကျောင်းသူလေး ယနေ့ထပ်မံသေဆုံးခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့က သိရသည်။
ဖြစ်စဥ်မှာ ဩဂုတ်လ ၂ရက်က နံနက် ၈ နာရီအချိန်က ပဲခူး-ရန်ကုန် လိုင်းကားမှ ပရိုဘောက်ကားကို ရှောင်ရာတွင် လမ်းဘေး၌ရပ်ထားသောဆိုင်ကယ်ကိုတိုက်၍ လမ်းဘေးထိုးဆင်းကာ အုတ်နံရံကို ဝင်တိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းသူနှင့် ၁၄နှစ်အရွယ်ကျောင်းသူလေး ၁ဦးသေဆုံးခဲ့၍ ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်ပေါ်ပါသေဆုံးသူ ၂ဦးအပြင် မူလတန်းကျောင်းသူသမီးငယ်လေး ကားအောက်ထဲတွင်ပိနေ၍ဘယ်လက်ကျိုး၊ ညာခြေထောက်ပိဒဏ်ရာ၊ ကိုယ်တွင်းထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ယနေ့နံနက်တွင် သေဆုံးသွားကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့က သိရသည်။
"ဒီမနက် ခလေးအမေက "အကို သမီးလေးဆုံးပြီဆိုပြီး ဖုန်းဆက်လာတယ်။
မြောက်ဥက္ကလာပ မေဓါဝီဆေးရုံကြီးမှာ မနက် ၅နာရီ ၃၀ မှာ ကွယ်လွန်သွားပါတယ်"ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။
ထို့အပြင် ယင်းဖြစ်စဥ်ကြောင့် ခရီးသည်ကားပေါ်မှ ထိခိုက်ဒဏ်ရာ ရရှိသူ၁၀ဦးမှာမြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင်ဆေးကုသမှုခံယူခဲ့ရပြီး လက်ရှိတွင် ဒဏ်ရာရသူတစ်ချို့မှာကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရသည်။
#Local_News #မူလတန်းကျောင်းသူလေးယနေ့ထပ်မံသေဆုံး
#Yangon_Times/PP
#Local_News
Published 4 August 2023
မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်(၃)နိုင်ငံကို ရုရှားပြည်ဝင်ခွင့်ဗီဇာကို အီလက်ထရွန်းနစ်ဗီဇာဖြင့် ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ရုရှားမီဒီယာများရဲ့သတင်းများအရ မြန်မာ၊ ဗီယက်နမ်နှင့်ကမ္ဘောဒီးယားနိုင်ငံ (၃)နိုင်ငံကို ဩဂုတ်(၁)ရက်ကစပြီး ရုရှားနိုင်ငံသို့ အီးလက်ထရွန်းနစ်ဗီဇာဖြင့် ဝင်ရောက်ခွင့်ပြုမယ့် အမိန့်ကို ရုရှားဝန်ကြီးချုပ် မစ်ခေးလ် မီရှုစတင်က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
အီးလက်ထရွန်းနစ်ဗီဇာဟာ အလည်အပတ် သို့မဟုတ် လုပ်ငန်းကိစ္စ လာရောက်သူများအတွက် တစ်ကြိမ်သုံးဗီဇာအဖြစ်ထုတ်ပေးမှာဖြစ်ပါတယ်။ အဲဒီအပြင် သိပ္ပံ၊ယဉ်ကျေးမှု၊ ပြည်သူ့ရေးရာနှင့်နိုင်ငံရေး၊ စီးပွားရေးနှင့် အားကစား အခမ်းအနားနှင့် ပွဲတွေလာရောက်သူများသည်လည်း အကျုံးဝင်တယ်လိုဆိုပါတယ်။ ဗီဇာသက်တမ်းမှာ ရက်ပေါင်း(၆၀)ဖြစ်ပါတယ်။
#Yangon_Times
#ရုရှားပြည်ဝင်ခွင့်အီးလက်ထရွန်းနစ်ဗီဇာထုတ်ပေး
#Local_News
Published_ 4 August 2023
ကချင်ပြည်နယ်၊ မိုးကောင်းမြို့ရှိ နန့်ယင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အဆင့်ရောက်ရှိနိုင်သဖြင့် ယင်းဒေသခံပြည်သူများ သတိပြုနေထိုင်ကြရန် ယနေ့ ဩဂုတ်၄ရက်နေ့ နံနက်ပိုင်း၌ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။
နန့်ယင်း မြစ်ရေသည် နောက်ထပ် ၆ နာရီအတွင်း စိုးရိမ်ရေမှတ် အဆင့်ရောက်ရှိနိုင်သည်ဟု သတိပေးထားခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပြီဖြစ်သည်ဟု သတိပေးချက်တွင်ဖော်ပြထားသည်
ထို့ကြောင့် မိုးကောင်းမြို့အတွင်း မြစ်ချောင်းများအနီး နေထိုင်သူများနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများသတိပြုကြရန် မိုးဇလက နှိုးဆော်ထားသည်။
#Local_News #နန့်ယင်းမြစ်ရေ စိုးရိမ်ရေမှတ်ရောက်ရှိနိုင်
#YMG/my
#Yangon_Times
#Local_News
Published_ 4 August 2023
နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉) အခြေခံပညာအ ထက်တန်းကျောင်း Level 4အဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါမီးလောင်မှုသည့် ယမန်နေ့ည ၁၁ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ ယနေ့ ဩဂုတ် ၄ ရက် နံနက် ၂နာရီ ဝန်းကျင်ခန့်တွင် အပြီးသတ်မီးငြှိမ်းနိုင်ခဲ့သည်ဟု သိရသည်။
ယင်းအတွက် အဆိုပါမီးလောင်ကျွမ်းမှုသည် အချိန်အားဖြင့် သုံးနာရီခန့် မီးငြိမ်းသတ်ခဲ့ရခြင်းဖြစ်သည်။
မီးလောင်ကျွမ်းမှုသည် မည်သို့စတင်လောင်ကျွမ်းခဲ့သည်ဆိုခြင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို အတည်ပြုနိုင်ရန် Yangon Times က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
မီးလောင်ကျွမ်းမှုအတွက် ရေဂါလံစုစုပေါင်း (၆၀၀၀၀) ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရခြင်းဖြစ်ကာ မီးလောင်ပြင်သို့ မီးသတ်ရေသယ်ယာဉ် ၁၀ စီး၊ မီးသတ်ယာဉ် ၄ စီး၊ ဒေသအခြေစိုက် လူမှုကူညီရေးအဖွဲ့ယာဉ်များ၊ ပြင်ပရေသယ်ယာဉ်များအပါအဝင်စုစုပေါင်း ယာဉ်စီးရေ ၃၀ကျော်ဖြင့် ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
#YMG/my #Local_News #အထက်တန်းကျောင်း Level 4 အဆင့် မီးလောင်
#Yangon_Times
#Local_News
Published- 4 August 2023
ဟောင်းနွမ်းငွေစက္ကူ ကျပ်သိန်း ၆၀ မှ ကျပ်သိန်း ၁၀၀ ထိ လဲလှယ်မှသာ ၂၀,၀၀၀ ကျပ်တန် ငွေစက္ကူ (၃)ရွက် ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဟောင်းနွမ်းငွေစက္ကူများကို ကောင်းမွန်သော ငွေစက္ကူများနှင့် ပြန်လည်လဲလှယ် ပေးရာတွင် ဆင်ဖြူတော် ရုပ်ပုံပါ ၂၀,၀၀၀ ကျပ်တန် ငွေစက္ကူအမျိုးအစားသစ်ကိုထည့်သွင်းလဲလှယ်ပေးမည့် အစီအစဉ်အရ အထက်ပါ အတိုင်း သတ်မှတ်ထားခြင်း ဖြစ်ကြောင်း ဗဟိုဘဏ်က သိရသည်။
လူပုဂ္ဂိုလ်(၁)ဦး သို့မဟုတ် အဖွဲ့အစည်း(၁)ခုလျှင် ဟောင်းနွမ်းငွေစက္ကူရွက်ရေ (၅၀၀) အထိ လဲလှယ်နိုင်ပြီး ဟောင်းနွမ်းငွေစက္ကူရွက်ရေ (၅၀၀)ထက်ကျော်လွန်ပါက လျှောက်လွှာဖြင့် တင် လျှောက်ထားကာ လဲလှယ်ရ မည် ဖြစ်ကြောင်း သိရသည်။
၂ဝ,ဝဝဝ ကျပ်တန်ငွေစက္ကူအမျိုးအစားသစ်ကို တောင်းခံလာပါက လာရောက်လဲလှယ် သော ဟောင်းနွမ်း ငွေစက္ကူတန်ဖိုးပမာဏအပေါ် မူတည်၍ (က) ကျပ်(၁၀)သိန်းမှ ကျပ်(၃၀)သိန်းအထိ- ၂၀,၀၀၀ ကျပ်တန် (၁)ရွက် ၊ (ခ) ကျပ်(၃၀)သိန်းအထက်မှ ကျပ်(၆၀)သိန်းအထိ- ၂၀,၀၀၀ ကျပ်တန် (၂)ရွက်၊ (ဂ) ကျပ်(၆၀) သိန်းအထက်မှ ကျပ်(၁၀၀)သိန်းအထိ၂၀,၀၀၀ ကျပ်တန် (၃)ရွက်ထည့်သွင်း လဲလှယ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ယင်းကို ဟောင်းနွမ်းငွေစက္ကူများ လဲလှယ်ခြင်း၌သာ ထည့်သွင်းလဲလှယ်ပေးမည်ဖြစ်ပြီး ကောင်းမွန်သော ငွေစက္ကူများနှင့် လာရောက်လဲလှယ်ခြင်းကို ခွင့်ပြုလဲလှယ်ပေးမည် မဟုတ်ကြောင်း သိရသည်။
#Local_News #ဟောင်းနွမ်းငွေစက္ကူ # ၂၀,၀၀၀ ကျပ်တန် ငွေစက္ကူ
#Yangon_Times/PP
#Daily_News
Published_ 3 August 2023
၁။ အောင်ဘာလေထီဆုမဲပေါင်း ၁၀၀၀ ကျော် လာရောက်မထုတ်ယူပါက နိုင်ငံပိုင်သိမ်းမည်ဟုဆို
၂။ ပွင့်လင်းရာသီတွင် ပုဂံဟိုတယ်အချို့ပြန်ဖွင့်ရန်ရှိ၊ ဟိုတယ်ထိန်းသိမ်းရေးလုပ်ငန်းများကြိုတင်ဆောင်ရွက်နေ
၃။ ကျိုက်ထိုမှရန်ကုန်သို့ နေ့စဉ်ကားလက်မှတ်ခအခမဲ့ဖြင့်သွားလာနိုင်မည်ဟုဆို
၄။ ပထမနှစ်ဝက်အတွင်းကမ္ဘာလုံးဆိုင်ရာဗဟိုဘဏ်များမှ ရွှေဝယ်ယူမှု စံချိန်တင်မြင့်တက် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Page 908 of 1973