#Local_News
Published-25 October 2023
ရေကြောင်းလုံခြုံရေးပင်လယ်ပြင်လေ့ကျင့်ခန်း (Maritime Security Exercise) ဆောင်ရွက်မည်ဖြစ်၍ ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက်ကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ရေကြောင်းလုံခြုံရေးပင်လယ်ပြင်လေ့ကျင့်ခန်းကို နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်ထိကာလအတွင်း ကပ္ပလီပင် လယ်ပြင် မြောက်ပိုင်းရေပြင်၌ ရေပြင်၊ ဝေဟင်၊ ရေအောက်လေ့ကျင့်ခန်းများနှင့် လက်တွေ့ပစ်ခတ်ခြင်း များ(Live Firing) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းတွင်ဖော်ပြထားသည်။
လေ့ကျင့်ခန်း ဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀၊ Point C မြောက် လတ္တီ တွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်စသည့် Coordinates အမှတ်များ ဆက်ဆွဲထားသည့် ဧရိယာ ကို သတ်မှတ်ထားရှိပြီး ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက်တို့အား ထုတ်ပြန်ကြေညာထားရှိပြီးဖြစ်ကြောင်းလည်း သိရသည်။
ယင်းကြာင့် လေ့ကျင့်ခန်းဆောင်ရွက်စဉ်ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် အဆိုပါဧရိ ယာ မှ ၅ မိုင်ပတ်လည်တွင် သင်္ဘောကြီး သင်္ဘောငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက် တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်း မရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များအမြင့်ပေ ၁၅၀၀၀(တစ်သောင်းငါးထောင်) အောက် ဖြတ်ကျော်ပျံသန်းခြင်းမပြုကြရန် အသိပေးကြေညာထားကြောင်း သိရသည်။
#Local_News #ရေကြောင်းလုံခြုံရေး #လေကြောင်းသတိပေးချက် #Yangon_Times/PP
#Daily_News
Published_ 25 October 2023
၁။ သရေခေတ္တရာပျူမြို့ဟောင်းဇုန်အတွင်း ခရီးသွားများအတွက် သန့်စင်ခန်း Public Toilet နှစ်ခုတည်ဆောက်ရန်စီစဉ်နေ
၂။ မိုးများပြီးကွမ်းခြံတွေ ပျက်စီးမှုများပေမယ့် ဝယ်လိုအားမရှိတာကြောင့် ယမန်နှစ်လောက်ကွမ်းဈေးမြင့်မရရှိ
၃။ ကျိုက်ထီးရိုးနှင့် ပုဂံအပါအဝင်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများအတွင်း ဆေးလိပ်ကင်းစင်နယ်မြေများအဖြစ်သတ်မှတ်ဆောင်ရွက်နေပြီး အောင်မြင်မှုများရှိနေ
၄။ ဆီနီဂေါနပန်းအားကစားကို တစ်ခေတ်ဆန်းလာစေသည့်အမျိုးသား နပန်းအားကစားကွင်းကြီး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
သစ်ဈေးကောင်းတော့ ဝါးခုတ်တဲ့သူနည်းနည်းရှားသွားတာက တစ်ချက်ပေါ့။ နောက်တစ်ချက်ကလာအို၊ ထိုင်းတို့မှာအလုပ်သွားလုပ်တဲ့ဦးရေက တော်တော်များနေတာဆိုတော့ ဝါးခုတ်လုပ်သားရှားလာတယ်
#Local_News
Published_ 25 October 2023
#ဝါးခုတ်လုပ်သား #ဝါးဈေးနှုန်းများမြင့်တက်
#YMG/ NN #Yangon_Times
#Local_News
Published-25 Oct 2023
ရန်ကုန်စီးတီးတက္ကစီ(YCTA) အသင်းဝင်ထားသည့် အငှားယာဉ်များ အားTaxi Board များအား သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း(YCTA) မှ သိရသည်။
အဆိုပါ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် အငှားယာဉ်များတွင် တပြေးညီ တပ်ဆင်ရန် သတ်မှတ်ထားသည့် Taxi Board များကို(YCTA) မှ အောက်တိုဘာ (၂၄) ရက်တွင် စတင်ရောင်းချပေးနေခြင်း ဖြစ်သည်။
ထိုသို့ရောင်းချပေးရာတွင် သတ်မှတ်ဈေးနှုန်း ၁၂၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သော်လည်း ရန်ကုန်စီးတီးတက္ကစီအသင်း(YCTA)တွင် အသင်းဝင်ထားသည့် အငှားယာဉ်များကို ကျပ် ၁၀၀၀၀၊ ပြင်ပ အငှားယာဉ်များအား ၁၂ ၀၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Taxi Board များတွင် Taxi စာသားကို မြင်သာစေရန် အောက်ခံအဖြူရောင် မီးအိမ်ကို တပ်ဆင်ရမည်ဖြစ်ပြီး အောက်ခြေအလျား (၁၀) လက်မ၊ အပေါ်အလျား (၉)လက်မ၊ အောက်ခြေအကျယ် (၅)လက်မ၊ အပေါ်အကျယ် (၂) လက်မနှင့် အမြင့် (၃) လက်မ သတ်မှတ်ထားကြောင်း သိရသည်။
ထိုသို့တပြေးညီ တပ်ဆင်ရန် ဒီဇင်ဘာ ၈ ရက်အထိ အသိပညာပေးကာလသတ်မှတ်၍ ရက်ပေါင်း ၉၀ ပြီးဆုံးပါက ဒီဇင်ဘာ ၉ ရက်မှစတင်၍ အရေးယူသွားမည်ဖြစ်ကြောင်း (YRTC)က ထုတ်ပြန်ထားသည်။
ထို့ပြင်သတ်မှတ်ထားသည် Taxi Board များကို ဝယ်ယူလိုသူ ယာဉ်ပိုင်ရှင်များအနေဖြင့် အမှတ် (၂၆)၊ ပင်လုံလမ်းမကြီး၊ (၂၉) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ YCTA ရုံးတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
#Local_News #ရန်ကုန်စီးတီးတက္ကစီ #Taxi Board #YMG/ NN #Yangon_Times
‘သီတင်းကျွတ်လပြည့်နေ့မှာ ထောပတ်ထမင်းစတုဒိတာလှူဒါန်းဖို့ရှိပြီး ထောပတ်ထမင်း၊ ကြက်သားဟင်းနဲ့ သရက်ချဉ်သုတ်ကို လူဦးရေတစ်ထောင်စာလှူဒါန်းသွားမှာဖြစ်တယ်’ ပီတိမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး
#Local_News
Published_ 25 October 2023
#သီတင်းကျွတ်လပြည့်နေ့ #စတုဒိတာလှူဒါန်း
#tthl #Yangon_Times
#Local_News
Published-25 October 2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေဂုံတိုင်လမ်း ဝင်း Battery ဆိုင်ရှေ့ ဓါတ်တိုင်လဲသည့်အတွက် ဓါတ်တိုင်ပေါ်ရှိ ဝန်ထမ်းနှစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ရွှေဂုံရိပ်မွန်လူမှုကူညီရေးအသင်း(ဗဟန်းမြို့နယ်)မှ သိရသည်။
ယနေ့ အောက်တိုဘာလ ၂၅ရက်၊ နေ့လယ်ပိုင်းအချိန်က အလယ်ရွှေဂုံတိုင်ရပ်ကွက်ရွှေဂုံတိုင်လမ်း ဝင်း Battery ဆိုင်ရှေ့၌ လျှပ်စစ်မီးပြန်လည်ရရှိရန်အတွက် လျှပ်စစ်ဝန်ထမ်းများက ပြန်လည်ပြုပြင်နေကြစဉ်လဲကျခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဒဏ်ရာ ရရှိခဲ့သော လျှပ်စစ်ဝန်ထမ်းများအား ဗဟန်းကြက်ခြေနီအသင်း လူနာတင်ယာဉ်တစ်စီး၊ ရွှေဂုံရိပ်မွန် လူမှုကူညီရေးအသင်း လူနာတင်ယာဉ်တို့ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ကူညီပို့ဆောင် ပေးခဲ့ရကြောင်းသိရသည်။
#Local_News #ဓါတ်တိုင်လဲ #လျှပ်စစ်ဝန်ထမ်းနှစ်ဦးဒဏ်ရာရ #Yangon_Times/PP
#Local_News
Published_ 25 October 2023
မုန်တိုင်း“ဟမွန်း”သည် အိန္ဒိယကုန်းတွင်းပိုင်းသို့ဝင်ရောက်ပြီး ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့ သွားပြီဖြစ်သော်လည်း ဒေသအချို့တွင်မိုးထစ်ချုန်းရွာဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှသိရသည်။
အောက်တိုဘာလ(၂၆)ရက်နှင့်(၂၇)ရက်များတွင် တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာမည်ဖြစ်သည်ဟု ဆိုသည်။
အောက်တိုဘာ(၂၆)ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တိုတွင် နေရာကျဲကျဲ၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာမည်ဖြစ်သည်။
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့်(၆)ပေမှ (၈)ပေခန့်နှင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်ကြောင်းသိရသည်။
အောက်တိုဘာလ၂၄ရက်က ဒေသအချို့တွင်မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ထီးလင်းမြို့တွင် (၃.၉၄)လက်မ၊ ရန်ကုန်(ဒဂုံမြိုသစ်မြောက်ပိုင်းမြို့နယ်)တွင် (၂.၉၅)လက်မ၊ ပလက်ဝမြို့တွင် (၂.၅၆)လက်မ၊ ရန်ကုန်(ဗိုလ်တထောင်မြို့နယ်)တွင် (၂.၄၈)လက်မ၊ ရန်ကုန်(မရမ်းကုန်းမြို့နယ်)တွင် (၂.၃၆)လက်မ၊ ကန့်ဘလူမြို့တွင် (၂.၀၈)လက်မ၊ တံတားဦး(လေကြောင်းမိုးလေဝသ)တွင် (၁.၉၇)လက်မနှင့် ပေါက်တောမြို့တွင် (၁.၉၃)လက်မတို့ရှိခဲ့ကြောင်းနှင့်ရန်ကုန်မြို့တွင်ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
#Local_News #မုန်တိုင်း “ဟမွန်း” #မိုးထစ်ချုန်းရွာ #tthl #Yangon_Times
Page 909 of 2114