Published_ 9 March 2024
ယခု၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကို ရန်ကုန်တိုင်းဒေသကြီး မှ ကျောင်းသား ကျောင်းသူ ၁၈၉၅၁ဦးဖြေဆိုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း စာစစ်ဌာန ၇၃ ခု ဖွင့်လှစ်ထားပြီး ကျောင်းသား ၈၆၀၉ ယောက်၊ ကျောင်းသူ ၁၀၃၄၂ ယောက်ဖြေဆိုသွားမည်ဖြစ်ရာ ပြင်ပ မှဖြေဆိုသူ ၂၅၀၉ ယောက် ပါဝင်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
စာမေးပွဲတွင် သိပ္ပံတွဲ၊ဝိဇ္ဇာတွဲ နှငိ့ ဝိပ္ပံတွဲ တို့ဖြေဆိုရမည်ဖြစ်ပြီး ယခုနှစ်တွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို တစ်ဦးသာဖြေဆိုသွားမည်ကြောင်း သိရသည်။
ထို့အပြင် စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက် ဆေးဝါးကုသမှုခံယူနေကြရသည့် ကျောင်းသား၊ ကျောင်းသူ မျာူ နစ်နာမှုမရှိစေရန် ရန်ကုန် တွင် ဆေးရုံစာဖြေဌာန ၄ ခု ကိုလည်း ဖွင့်လှစ်ထားကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနက သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ကို မတ်လ၁၁ရက် မှ ၁၉ရက် အထိ တစ်ရက်လျှင် တစိဘာသာဖြင့် နံနက်၉နာရီ မှ ၁၂နာရီ အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 9 March 2024
နှစ်စဉ်လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲမှုများအရလျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀ ခန့် နှစ်စဉ်တိုးတက်ထုတ်လုပ်နိုင်မှသာနိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းကပြောသည်။
နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇) အစည်းအဝေးခန်းမ၌ မတ်လ၈ရက်က ပြုလုပ်သည့်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးကအထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ပြောကြားရာတွင် အမျိုးသားလျှပ်စစ်ဓာတ်အား ပင်မစီမံချက် (National Electricity Master Plan) ၏ နှစ်အလိုက်ဓာတ်အားလိုအပ်ချက် တိုးတက်လာမည့် အခြေအနေများအရ နှစ်စဉ်လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲမှုသည် ကိုးရာခိုင်နှုန်းနှင့်အထက်ရှိသဖြင့် နှစ်စဉ်လျှပ်စစ်ဓာတ်အားပမာဏ မဂ္ဂါဝပ် ၅၀၀ ခန့် တိုးတက်ထုတ်လုပ်နိုင်မှသာ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ကြောင်းသိရသည်။
ယခု ၂၀၂၄ ခုနှစ် နိုင်ငံတော်ဓာတ်အားစနစ်တွင် ဓာတ်အားထုတ်လုပ်မှု အရင်းအမြစ်အချိုးအစား (Generation Mix) အနေဖြင့် ရေအား (Hydropower) မှ ၄၇ ဒသမ ၆ ရာခိုင်နှုန်း၊ နေရောင်ခြည်စွမ်းအင် (Solar and RE) ဖြင့် ၁ ဒသမ ၇ ရာခိုင်နှုန်း၊ အပူစွမ်းအင် (Gas + Coal) မှ ၅၀ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်ကြောင်း ၊ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့အပြင် National Electricity Master Plan (၂၀၁၄) အရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) အရင်းအမြစ်များမှ မဂ္ဂါဝပ် ၃၀၇၀ (၁၇) ရာနှုန်းအထိ ဆောင်ရွက်ရန်လျာထားကြောင်း၊ သန့်ရှင်းသော စွမ်းအင်အရင်းအမြစ်များမှ ဓာတ်အားထုတ်လုပ်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ဓာတ်အား စနစ်၏ အခြေခံဝန်အား (Base Load) အနေဖြင့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် ရေအား၊ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်နိုင်မည့် စီမံကိန်းများကိုလည်း ဟန်ချက်ညီညီ အကောင်အထည်ဖော်တည်ဆောက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မတ်လ ဒုတိယပတ်မှာပြုလုပ်မယ့် ကုလားပဲစုပေါင်း ရောင်းချပွဲမှာ လာရောက်ရောင်းချမယ့် တောင်သူတွေ အဆင်ပြေစေဖို့ ကုလားပဲအပြင် ပဲထောပတ်နဲ့ စားတော်ပဲ တို့ကိုလည်း ဝယ်ယူပေးသွားမယ်လို့ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေး အဖွဲ့ထံက သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရန်ကုန်-နေပြည်တော် နေ့ချင်းပြန်ခရီးကို EVတက်စီငှားရန်းခ ကျပ်နှစ်သိန်းခွဲဝန်းကျင်၊ တစ်ညအိပ်ကျပ်သုံးသိန်းဝန်းကျင်၊ ပုသိမ်၊ ဖျာပုံ၊ ချောင်းသာကို ကျပ်တစ်သိန်းခွဲ၊ နှစ်သိန်းဝန်းကျင်၊ ကျိုက်ထီးရိုးကို နှစ်သိန်းခွဲနဲ့ မန္တလေးကို ကျပ်သုံးသိန်းဝန်းကျင်နဲ့ ငှားရမ်းနိုင်တယ်။
Yangon Times/tthl
#Local_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာ့ရွှေဘိုသနပ်ခါးတွေကို စင်ကာ်ပူနိုင်ငံကိုလည်း တင်ပို့နေပေမယ့် ထိုင်းနိုင်ငံကိုတော့ အများဆုံးမှာယူနေပြီး
ခရင်(မ်) ပုံစံ အသင့်လိမ်း အချောထည်ပြုလုပ်ကာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေကိုလည်း တင်ပို့နိုင်ဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေတယ်လို့ သနပ်ခါးစိုက်ပျိူးရောင်းချ သူတွေဆီကသိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 9 March 2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ကမ်းနားလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းမီးသတ်တပ်ဖွဲ့၏သတင်း ထုတ်ပြန်ချက်အရသိရသည်။
မတ်လ ၉ရက် မနက် ၁၁နာရီအချိန် ခန့်က မီးလောင်မှု ဖြစ်ပွား ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြည်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၁၂)စီး၊ ပရဟိတအသင်းယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီမိနစ် ၂၀ အချိန် တွင် မီးငြိမ်း ခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group

Published_ 9 March 2024
အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ၂၀၂၄ခုနှစ်၊ အာဆီယံဆု(ASEAN Prize 2024)အတွက် အဆိုပြု လျှောက်လွှာများခေါ်ယူနေပြီး ဧပြီလ(၂၀)ရက်နောက်ဆုံးထားကာ မြန်မာနိုင်ငံသားများပါဝင်လျှောက်ထားနိုင်ကြောင်းသိရသည်။
ဂုဏ်သိက္ခာကြီးမားသည့် ဒေသဆိုင်ရာဆုတစ်ခုဖြစ်သည့် အာဆီယံဆု ချီးမြှင့်ပေးအပ်ရန် ၂၀၂၄ ခုနှစ်၊အာဆီယံဆု(ASEAN Prize 2024)အတွက် အဆိုပြုလျှောက်လွှာများအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှခေါ်ယူလျက်ရှိသည်ဟု နစက၏နိုင်ငံခြားရေးဝန်ကြီးဌာနမှထုတ်ပြန်ကြေညာထားသည်။
အဆိုပါဆုရရှိသူသည် ဆုတံဆိပ်နှင့် အမေရိကန်ဒေါ်လာ ၂၀၀၀၀ ချီးမြှင့်မည်ဟုASEAN Prize 2024ချီးမြှင့်မည့် အာဆီယံနိုင်ငံဖြစ်သောဖိလစ်ပိုင်နိုင်ငံနှင့်မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနမှလည်းထုတ်ပြန်ထားသည်။
လျှောက်လွှာတင်သွင်းလိုသူများအနေဖြင့် အာဆီယံအတွင်းရေးမှူးချုပ် ရုံးအင်တာနက်စာမျက်နှာ https:// asean.org/notification-form/တွင် download ရယူကာ အာဆီယံရေးရာဦးစီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၉)၊ နေပြည်တော် (သို့မဟုတ်) amns.mofa@gmail. comကို ဧပြီလ(၂၀)ရက်နောက်ဆုံးထား၍ လိပ်မူလျှောက်ထားနိုင်ကြောင်း သိရသည်။
ယင်းအာဆီယံဆုသည် အာဆီယံဒေသတွင်းရှိ လူမှုဘဝများတိုးတက်စေရေး၊လူမှုအဖွဲ့အစည်းများချိတ်ဆက်မှုအားကောင်းစေရေးနှင့်ကပ်ရောဂါကြောင့်ထိခိုက်မှုများအား ပြန်လည်ထူထောင်ရေးအတွက် စံနမူနာအဖြစ် စွမ်းစွမ်းတမံဆောင် ရွက်ပေးကြသည့် လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများ၏ အောင်မြင်မှုများအား အသိအမှတ်ပြုပေးအပ်သည့်ဆုဖြစ်ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 910 of 2362