Published 07 December 2023
နိုင်ငံတကာအဆင့်မီ တန်ဖိုးမြှင့် စားသောက်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရန်အခြေခံစားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်သည့် MSMEs လုပ်ငန်းရှင်များအား အဖက်အဖက်မှ ပံ့ပိုးရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းချုပ်နှင့် ညီနောင်အသင်းတို့ ညှိနှိုင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းကုန်သည်စက်မှုအသင်းချုပ်မှပြောကြားသည်။
မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း၏ (၁၂)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး၌ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဌကယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက “စားသောက်ကုန်လုပ်ငန်းများဟာ ပြည်တွင်း စီးပွားရေးကဏ္ဍ အတွက် အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်ပြီး MSME စီးပွားရေးလုပ်ငန်းများကနေ အရွယ်အစား ကြီးမားသော လုပ်ငန်းကြီးများအထိ ဝင်ရောက် ရင်းနှီးလုပ်ကိုင်ရန် အလားအလာကောင်းရှိတဲ့ လုပ်ငန်းကဏ္ဍ တစ်ခုလည်း ဖြစ်ပါတယ်။
ပြည်တွင်းမှာ ထုတ်လုပ်တဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေကို နိုင်ငံတကာအဆင့်မီ တန်ဖိုးမြှင့် စားသောက်ကုန်များအဖြစ် ယခုထက်ပိုမို ထုတ်လုပ်နိုင်ဖို့အတွက် MSMEs လုပ်ငန်းရှင်များကို နည်းပညာ ပံ့ပိုးမှုများ၊ ဈေးကွက်အခွင့်အလမ်းများအပြင် လိုအပ်တဲ့ ငွေကြေးအရင်းအမြစ် ၊ ဗဟုသုတများ ရရှိဖို့လည်း အရေးကြီးသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းချုပ်နှင့် ညီနောင်အသင်းတို့ ညှိနှိုင်းဆောင်ရွက်သွားကြမည်ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း (MFPEA) ကို ၂၀၁၆ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး စားသောက်ကုန်ထုတ်လုပ်သူများ၏ ကုန်ထုတ်လုပ်မှုတိုးတက်လာစေရန်၊ ဘေးအန္တရာယ် ကင်းရှင်းသည့် အရည်အသွေးမြင့် စားသောက်ကုန်များ ထုတ်လုပ်လာနိုင်စေရန်၊ ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ပိုမိုယုံကြည်သုံးစွဲလာစေရန်၊ ပြည်ပဈေးကွက်သို့ ထိုးဖောက်ရောင်းချနိုင်ရန်၊ စားသောက်ကုန်များ၏ အရည်အသွေး ဖွံ့ဖြိုးတိုးတက်လာစေရန် ပံ့ပိုးပေးနိုင်မည့် နိုင်ငံတကာ အဆင့်မီဓါတ်ခွဲခန်းများဖြင့် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ရန်စသည့် ရည်ရွယ်ချက်များနှင့် အသင်းကို လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Yangon-Times/NN
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 7 December 2023
မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ် တောင်ပြုံးကျေးရွာ အုပ်စု နန်းကြီးကျေးရွာ တွင် မီးလောင် မှုကြောင့် နေအိမ် ၁၀လုံးကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သွားရောက် ကူညီပေးသည့် လူမှု ကူညီရေး အသင်းများ ထံ က သိရသည်။
ဒီဇင်ဘာ ၇ ရက နံနက် ၁၁နာရီ ၄၀ မိနစ် ခန့် က မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အောင်မြေသာစံ မြို့နယ် မီးသတ်စခန်း၊မတ္တရာမြို့နယ် မီးသတ်စခန်းနှင့် ပုသိမ်ကြီး မြို့နယ် မီးသတ်စခန်း တို့ မှ မီးသတ်ယာဉ်များ ထွက်ခွာ ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ငြိမ်းသတ်ခဲ့ရာ တွင် မီးများသောကြောင့် မွန်းတည့် ၁၂နာရီ ၃၆ မိနစ် တွင် မီးထိမ်းနိုင်ခဲ့ ပြီး ၁၂နာရီ ၄၀ တွင် မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။
'' တောင်ပြုံး နတ်နန်း တောင်ဘက် ကပ်လျက်မှာ လောင်တာ၊မီးများတဲ့ အတွက် မီးငြိမ်းသတ်ရတဲ့ အချိန်လဲ ကြာသွားတယ်၊နေအိမ် ၁၀လုံးကျော် မီးလောင်ဆုံးရှုံးသွားတယ်''ဟု လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးကပြောသည်။
လက်ရှိတွင် မီးလောင်သည့် အကြောင်းအရာ အချက်အလက်များနှင့် ဆုံးရှုံးမှု တန်ဖိုးများ ကို သက်ဆိုင်တာဝန်ရှိသူများ က စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group


ကြက်မဲကရရှိတဲ့ ကြက်မဲဥကို ကိုဗစ်ကာလက ဝယ်ယူစားသုံးကျပြီးနောက်ပိုင်း လက်ရှိအချိန်ထိ နာမကျန်းဖြစ်နေသူတွေ နဲ့ကျန်းမာရေး လိုက်စားသူတွေက ပုံမှန်ဝယ်ယူတာတွေ ရှိနေကြတာအပြင် ကိုယ်တိုင်စားသုံးဖို့နဲ့
ပြန်လည်ရောင်းချဖို့ တစ်နိုင်တစ်ပိုင်မွေးမြူသူတွေကပါ ကြက်မဲအကောင်လိုက် အော်ဒါမှာယူနေကြတယ်လို့ ပြင်ဦးလွင် ကြက်မဲမွေးမြူရေးခြံပိုင်ရှင် ဒေါ်မွန်မွန်ရှိန်က ရန်ကုန်မီဒီယာဂရုကို အခုလိုပဲပြောပါတယ်။
Yangon-Times/NN
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာ ရှိတဲ့ တညင်းကုန်းလက်ကားဈေးကြီးမှာ ကိုယ်တိုင် စိုက်ပျိုး ရောင်းချ တဲ့ သူတွေ ကို အဓိက ထား MSMEချေးငွေ ထုတ်ပေးနိုင် ဖို အတွက် Myanmar Argo Echange published Co.ltdနဲ့ A bank တို နားလည် မှု စာချွန်လွှာ ကို ဒီဇင်ဘာ၆ ရက်က လက်မှတ် ရေးထိုးခဲ့တယ်လို သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
"လတ်တလောရန်ကုန်-ခရမ်း ပြေးဆွဲပေးနေတဲ့ ခရမ်းတက်စီအချိုစက်သုံးဆီရရှိမှုတွေရှိပေမယ့်လည်း စက်သုံးဆီ ဈေးအနည်းငယ်တက်တဲ့အတွက် ကားခကတော့ အရင်က ၅၀၀၀ကျပ်အစား တစ်ထောင်တက်ပြီး ၆၀၀၀ဖြစ်သွားတယ်" ရောင်ခြည်ခရမ်းတက်စီဂိတ်မှ တက်စီယာဉ်မောင်းတစ်ဦး
Yangon-Times/tthl
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 7 December 2023
မလေးရှားနိုင်ငံ ပီနန်း မြို့ရှိ ထိန်းသိမ်းရေး စခန်း တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၁ဦး ကို မြန်မာ နိုင်ငံ သို့ ပြန်လည် ပို့ဆောင်နိုင်ရေး ဆောင်ရွက်နေကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ၏ ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများမှာ အကြောင်းအမျိုးမျိုးကြောင့် မလေးရှား အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံရပြီးနောက် မိခင်နိုင်ငံသို့ ပြန်ရန်အတွက် စောင့်နေရသူတွေ ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး မှ သံအမတ်သည် စီလန်ဂေ ပြည်နယ်ရှိ Sungai Buloh
အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံသား ၃ဦးကိုလည်းကောင်းperak ပြည်နယ် Taiping အကျဉ်းထောင် မှ အကျဉ်းသားတစ်ဦးတို့ကို သွားရောက် တွေ့ဆုံခဲ့ပြီး အမှု အယူခံ၀င်နိုင်မှု အခြေအနေနှင့်လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက် အလုပ်လုပ်ကိုင်သူများကို စီမံချက်ဖြင့် ဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်လျက်ရှိပြီး တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများလဲမကြာခဏ အဖမ်းခံရခြင်းများရှိကြောင်း မလေးရှားရောက် မြန်မာအလုပ်သမားများထံက သိရသည်။
Yangon_Time/LW
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 07 December 2023
အမျိုးသားနေ့ပိတ်ရက်တွင် စားအုန်းဆီကန်(၈)ခုအနက် (၇)ခုပိတ်ပြီး တစ်ခုသာဖွင့်ထားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှသိရသည်။
သီလဝါဆီကန် Wilmar Myanmar Edible Oil Co.ltdဆီကန်သာဖွင့်ထားမည်ပြီး ကျန် MNG1 /MNG2/ Htoo ဆီကန်/Htooဆီကန် KIP /HTT ထီးတန်းဆီကန်/MEC ဆီကန်အဖြူ YTT/Diamond Dragon DDဆီကန်တို့ကိုတော့ ဒီဇင်ဘာလ(၇)ရက် အမျိုးသားနေ့တွင်ပိတ်ထားမည်ဖြစ်သည်ဟုဆိုသည်။
အမျိုးသားနေ့ဒီဇင်ဘာ၇ရက်မတိုင်မီ ဒီဇင်ဘာလ၆ရက်တွင် ဒီဇင်ဘာ(၆)ရက်အတွက်ရော (၇)ရက်အတွက်ပါ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၆)ခုကို စားအုန်းဆီ ပေပါ ၅၇၄၉ပေပါထုတ်ပေးထားကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှသိရသည်။
အမျိုးသားနေ့ဒီဇင်ဘာ၇ရက်မတိုင်မီ ဒီဇင်ဘာလ ၆ရက်၌ နေပြည်တော်၊မန္တလေးအပါအဝင်ပြည်နယ်နှင့်တိုင်းဒေသကြီးကို ၅၅၃၀ပေပါကို ရည်ညွှန်း ဈေးဖြင့် ရောင်းချထားပေးကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှသိရသည်။
Yangon_Time/tthl
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group

Page 912 of 2198