Published_ 15 May 2024
အင်ဒိုနီးရှားနှင့်ထိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်း (၄၂)မျိုးတွင်တားမြစ်ဓာတုပစ္စည်းများပါဝင်နေသည့်အတွက်အများပြည်သူသုံးစွဲရန်မသင့် ကြောင်းမြန်မာFDAမှသတိပေးချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ထုတ်ပြန်ချက်တွင် အာဆီယံဒေသတွင်းတွေ့ရှိရသော တားမြစ်ဓါတုပစ္စည်းပါဝင်သည့် ဖော်ပြပါ အလှကုန်ပစ္စည်း(၄၂)မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သောတားမြစ်ဓါတုပစ္စည်းများ ပါဝင်နေပါသဖြင့် အများပြည်သူလူထုသုံးစွဲရန် မသင့်တော်ကြောင်း အသိပေးကြေညာခြင်းဖြစ်သည်ဟုဆိုသည်။
တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသိုစုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့်စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကျုံအိတ်တံတားပျက်စီးခြင်းကြောင့် သွားလာရေးခက်ခဲပြီး တင်ပို့နိုင်ခြင်းမရှိတာကြောင့် ဒူးရင်းသီး ဈေးအနည်းငယ်ကျဆင်းနေရာကနေ လက်ရှိမှာမြို့ကြီးတွေကိုတင်ပို့နေတာကြောင့် ဈေးပြန်တက်လာတယ်လို့ မွန်ပြည်နယ်က ဒူးရင်းသီးစိုက်ပျိုးရောင်းချသူတွေဆီက သိရပါတယ်။
#Yangon_Times/NN
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
အပူပိုင်းဒေသကို လာရောက်တဲ့ခရီးသွားတွေအနေနဲ့ ဝင်ရောက်နားခိုလို့ရအောင် ကျေးငှက်တိရစ္ဆာန်တွေ အရိပ်ရနားခိုးကာ အစားအစာရရှိစေဖို့ ရည်ရွယ်ပြီး ဖော်ဆောင်ပေးတာဖြစ်ပါတယ်လက်ရှိမှာတော့ ရေနံချောင်းနဲ့မကွေးကြားမှာ လူလုပ်တောအုပ် ၇နေရာ ဖော်ဆောင်ပေးနိုင်ခဲ့ပြီး ယခုနှစ်မှာတော့ နှစ်နေရာထပ်မံပြုလုပ်ရန် လုပ်ဆောင်နေတယ်လို့ ရေနံ့သာဒင်းဂါးညီနောင်များအဖွဲ့ ပရဟိတအသင်းရဲ့ တည်ထောင်သူ ကိုဒင်းဂါးက ပြောပါတယ်၊၊
#Yangon_Times/LW
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ကဆုန်လပြည့်နေ့မှာ မနက်(၇)နာရီမှ ည(၈) နာရီအထိ ဗိုလ်တထောင်စေတီရှိ ညောင်ပင်နှစ်ပင်မှာ ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်နိုင်မှာဖြစ်တယ်။
(ဗိုလ်တထောင်စေတီတော်၊ ဂေါပကအဖွဲ့)
#Yangon_Times/tthl
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်းအတွက် ကျပ်သန်း ၂၀၀ အထက်တန်ဖိုးရှိတဲ့ ဘိလပ်မြေတန် ၁၃၀၀ လုပ်ငန်းခွင်စခန်းအရောက် ဝယ်ယူပို့ဆောင်တာ ၊ ကွန်ကရစ်တမံ အောက်ခံအုတ်မြစ်ကြံ့ခိုင်မှုလုပ်ငန်းစတဲ့ လုပ်ငန်းတွေအတွက် တင်ဒါခေါ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးတင်ဒါကော်မတီက သိရပါတယ်။
#Yangon_Times/NN
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
"ဘောလုံးလောကတစ်ခုလုံးအား ထိခိုက်ပျက်စီးသွားနိုင်တဲ့ လုပ်ပွဲကစားမှု (Match Fixing) ပြုလုပ်ကစားခြင်းတို့ကို ကြိုတင်အသိပေးကာကွယ်မှုတွေ ပြုလုပ်သွားဖို့နဲ့ ဖြစ်ပေါ်လာပါက ချက်ခြင်းအရေးယူဆောင်ရွက်သွားဖို့ အဓိကအချက်တစ်ခုအနေဖြင့် တိုက်တွန်းလိုတယ်။ပြည်ပကစား သမားခေါ်ယူရာမှာ အသင်းနစ်နာမှု မရှိစေဖို့အတွက် ခေါ်ယူမယ့်ကစားသမားကို Test လုပ်ပြီးမှသာ ခေါ်ယူစာချုပ်သင့်တယ်"
(မြန်မာနေရှင်နယ်လိဂ်ကော်မတီနာယက၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်)
#Yangon_Times/tthl
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 15 May 2024
ရန်ကုန်တက္ကသိုလ်၌ စားသောက်ကုန်လုပ်ငန်းအတတ်ပညာ (Certificate in Food Technology) သင်တန်းကိုလာမည့် လအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာနတွင် ဇွန်လ (၃) ရက်နေ့မှစတင်၍ (၃) လကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရပါသည်။
ယင်းသင်တန်းကို Grade (9) အောင်မြင်ပြီးသူများမှစတင်၍ လျှောက်ထားနိုင်ပြီးရန်ကုန်တက္ကသိုလ်ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် မေလ (၁၃) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း သင်တန်းအချိန်မှာ မနက်ပိုင်း (၇) နာရီမှ (၉) နာရီအထိဖြစ်ပြီး သင်တန်းကြေးမှာ တစ်သိန်းကျပ် ဖြစ်ကြောင်းသိရသည်။
သင်တန်းတွင် အစားအသောက်ထုတ်လုပ်ခြင်း၊ သိမ်းဆည်းခြင်း၊ ထုတ်ပိုးခြင်း၊ ဖြန့်ဖြူးခြင်းပညာရပ်တို့အပြင် အစားအစာဘေးကင်းမှု၊ အရည်အသွေးနှင့် အာဟာရလုံလောက်မှုတို့ကိုပါ သိရှိနားလည်စေရန် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Cerficate in Food Technology အောင်လက်မှတ်ကိုလည်း ရရှိမည်ဖြစ်ကြောင်းသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 915 of 2472