Published_ 6 March 2024
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ နယ်စုံမှ ခရီးသွားများလာရောက်အပန်းဖြေလေ့ရှိပြီး ရန်ကုန်တိုင်းမှ ခရီးသွားအများဆုံး လာရောက်လည်ပတ်လျှက်ရှိကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
အဆိုပါ ငွေတောင်ကမ်းခြေသို့လစဉ် ခရီးသွားဧည့်သည် သုံးသောင်းကျော်လာရောက် လည်ပတ်လေ့ရှိကာ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၉ ရက်အထိ ခရီးဦးရေ ၃၆,၅၅၅ လာရောက်လည်ပတ်ခဲ့ကြောင်းသိရသည်။
ထိုသို့လာရောက်လည်ပတ်ရာတွင် ဇန်နဝါရီလကယလတူကထက်ခရီးသွား ပိုမိုဝင်ရောက်ခဲ့ပြီး သက်ဆိုင်
ရာမှလည်းခရီးသွားများ လုံခြုံစိတ်ချစွာအပန်းဖြေနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ငွေတောင်ပင်လယ်ကမ်းခြေသည် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင် ဆံတော်ရှင်မြတ် မော်တင်စွန်းဘုရားပွဲတော် ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ အပန်းဖြေသူများ၊ ရေလှိုင်းစီးသူများ၊ ကျောက်ဆောင်များတွင် အလှဓာတ်ပုံ ရိုက်သူများဖြင့် စည်ကားလေ့ရှိကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 6 March 2024
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်ကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာကားမီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်း ထုတ်ပြန် ချကိအရ သိရသည်။
မတ်လ ၆ရက် နံနက် ၆နာရီ ၃၅မိနစ်က ဖြစ်ပွားခဲ့ကာ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၅)စီး၊ ယင်းတော်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ မိတ္ထီလာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၇ နာရီ၃၀မိနစ်အချိန်မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဆီဘောက်ဆာ ကားသည် စက်သုံးဆီ ဆိုင် တစ်ခုသို့ ဆီဖြည့်ရန်လာရာမှ ဆီဆိုင်အနီးတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်သည့် အကြောင်းရာ နှင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group



#Daily_News
Published_ 5 March 2024
၁။ ကမ္ဘာ့ရွှေဈေးကြောင့် မြန်မာ့ရွှေဈေးတက်နိုင်ခြေရှိသော်လည်း ရွှေထွက်ချိန်ရောက်၍ သိပ်မတက်နိုင်ဟုဆို
၂။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် ကောင်စစ်ကိစ္စရပ်များကို Online Appointment စနစ်ပြောင်းလဲ ဆောင်ရွက်မည်ဟု တိုကျိုရှိ မြန်မာသံရုံးကြေညာ
၃။ ရှမ်းမြောက် လမ်းကြောင်းမကောင်းသည့်အတွက် သရက်သီးအကင်း ဈေးရရှိမှု ယခင်နှစ်ထက်ကျဆင်း
၄။ အဆင့်မြင့် AIနည်းပညာဖြင့် ပေါင်းစပ်ထားသည့် သန့်ရှင်းရေးစက်ရုပ်အား တရုတ်ကုမ္ပဏီမှ မိတ်ဆက်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published- 5 March 2024
ရန်ကုန်မြို့ဆိပ်ကမ်းများရှိ ကုန်ပိုင်ရှင်မှ စွန့်လွှတ်ပြီးဖြစ်သော လေလံကုန်သေတ္တာ ၁၆ လုံးနှင့် LCL Shipment ၁၀ ခုအတွင်းရှိ ကုန်ပစ္စည်းများအား မျက်မြင်ဖွင့်ကြည့်ပြီး ဈေးနှုန်းဖြတ်ကာ တင်ဒါတင်သွင်းမှုစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်းလေလံတင်ထုခွဲရောင်းချရေးကော်မတီမှ သိရသည်။
ထိုသို့ရောင်းချရာတွင် MIP၊ AWPT၊ HPT & MITT ဆိပ်ကမ်းများရှိ ကုန်ပိုင်ရှင်မှ စွန်လွှတ်ပြီးဖြစ်သော လေလံကုန်သေတ္တာ ၁၆ လုံးနှင့် LCL Shipment ၁၀ ခုအတွင်းရှိ Printing Paper၊ Cassia Seed၊ Fire Foam၊ Household Goods၊ JOSS Paper၊ ORO Fresh၊ Medicine၊ Marble Tile & Construction Material စသည့် ကုန်ပစ္စည်းများအား လက်ရှိအမြင်အခြေအနေတိုင်း မတ်လ ၂၁ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံတင် ထုခွဲရောင်းချမည်ဖြစ်သည်။
တင်ဒါလျှောက်ထားလိုသူများအနေဖြင့် တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား၊ အနောက်ဘက်၊ ကွန်ကရစ်လမ်း၊ Troll Gate အနီး) ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာနတွင် မတ်လ ၇ ရက်မှ ၁၉ ရက်အထိ ရုံးဖွင့်ရက်/ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 5 March 2024
ပို့ကုန်၊သွင်းကုန်လိုင်စင်/ပါမစ်လျှောက်ထားခြင်းအပေါ် ပြင်ဆင်ဖြည့်စွက်ရမည့်ကာလ (၇) ရက်အစား (၁၄) ရက်အဖြစ် ဖြေလျော့သတ်မှတ်လိုက်ကြောင်းကုန်သွယ်ရေးဦးစီးဌာနမှသိရသည်။
အဆိုပါထုတ်ပြန်ချက်ကို ဖေဖော်ဝါရီလ(၂၉)ရက်ကတည်းကထုတ်ပြန်ခဲ့ပြီးဖြစ်ပြီး မူလက ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်လျှောက်ထားသူများအနေဖြင့် ဌာန၏စစ်ဆေးချက်အရ ပြင်ဆင်ရန်လိုအပ်ခြင်း၊ဖြည့်စွက်ရန်လိုအပ်ခြင်းများရှိနေပါက (၇)ရက်အတွင်းပြင်ဆင်ဖြည့်စွက်ရမည်ဖြစ်ပြီး လုပ်ငန်းရှင်မှ (၇)ရက်အတွင်းမဆောင်ရွက်နိုင်ပါက စနစ်မှAuto Cancel အလိုအလျောက်ပယ်ဖျက်မည်ဖြစ်ကြောင်းဖော်ပြထားသည်။
ယခုမတ်လ(၁)ရက်မှစပြီး ပြင်ဆင်ဖြည့်စွက်ကာလ (၇)ရက်အစား(၁၄)ရက်ရရှိပြီဖြစ်သည်ဟုဆိုသည်။
ယင်းအပြင် ပို့ကုန်၊သွင်းကုန်လိုင်စင်/ပါမစ်လျှောက် ထားမှုနှင့်စပ်လျဉ်း၍ လိုင်စင်ပါအချက်အလက်နှင့်ပြည့်စုံမှုမရှိသဖြင့် Turn Down ပြုလုပ်ကြောင်းနှင့် ဌာနမှသိရှိပြီးဖြစ်ကြောင်း တို့ကိုပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ အချိန်နှင့်တစ်ပြေးညီသိရှိဆောင်ရွက်နိုင်ရေးအတွက် စနစ်မှအသိပေးခြင်း အပြင် ကုမ္ပဏီများ၏ main mamber အီးမေးလ်သို့ အကြောင်းကြားပေးပို့မည်ဖြစ်ကြောင်း အသိပေး ကြေညာထားကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)အနေနဲ့ရန်ကုန်မှာ သင်တန်းသားဦးရေ(၅၀၀)၊ မန္တလေးမှာဦးရေ (၅၀၀)စုစုပေါင်း လူငယ်ဦးရေ(၁၀၀၀)ခန့်ကို ဘောလုံးကစားနည်းတွေ သင်ကြားပေးသွားဖို့ရှိတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၊ လူငယ်ဖွံ့ဖြိုးရေးတာဝန်ခံ ဦးရဲဝင်းသူ
Yangon Times/tthl
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
အိပ်စပို့ဆန်များ အဝင်နည်းနေသော်လည်း ဈေးချဝယ်ယူနေ
' ငွေဈေးကြောင့် ဆန်ဈေးက ၃၀၀၀ လောက် ချဝယ်မှ သဘော်တင်လို့ရမှာဖြစ်တဲ့အတွက် ဈေးချဝယ်လို့ အိပ်စပိုဆန်ဈေးကျတာပါ '
Yangon Times/NN
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 916 of 2362