‘အခုနှစ်မှာတော့ ဗုဒ္ဓပူဇနိယပွဲတော်ကြီးမှာ ဈေးရောင်းချလိုသူရောင်းချနိုင်သလို ဇာတ်၊ အငြိမ့်၊ ဘားဆက်ကပ်တင်ဆက်ပြသလို သူတွေလည်းစက်တင်ဘာလ ၁၀ ရက်နောက်ဆုံးထားပြီး ဆက်သွယ်စာရင်းပေးသွင်းထားနိုင်တယ်’ ဂေါပကအဖွဲ့ဝင်တစ်ဦး
Published_ 4 August 2023
#မကွေးမြသလွန်စေတီဗုဒ္ဓပူဇနိယပွဲ
#tthl
#Yangon_Times
#Local_News
Published_ 4 August 2023
ရုပ်ရှင်အစည်းအရုံးဝင်ကတ်သက်တမ်းတိုးရန်(၃)ကြိမ်ပျက်ကွက်ခဲ့သူများသတ်မှတ်ရက်အတွင်းသက်တမ်းလာမတိုးပါကအစည်းအရုံးဝင်မှပျက်ပြယ်မည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်များအနေဖြင့် အစည်းအရုံးဝင်ကတ်သက်တမ်းတိုးရန် ကျန်ရှိနေသူများ အချိန်မီသက်တမ်းလာတိုးကြရန်အသိပေးကြေညာချက်ထုတ်ပြန်လိုက်ကြောင်းသိရသည်။
အဆိုပါကြေညာချက်တွင် မြန်မာနိုင်ငံအစည်းအရုံးဩဂုတ်လ(၂)ရက်တွင်ကျင်းပခဲ့သည့် အလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်အရ အစည်းအရုံးဝင်ကတ်သက်တမ်းတိုးရန် (၃)ကြိမ်(၆)နှစ်ကျော် ပျက်ကွက်နေသူများအနေဖြင့် အစည်းအရုံးဝင်ကတ်များသက်တမ်းတိုးရန် နောက်ဆုံးအကြိမ်တိုက်တွန်း ကြောင်းဖော်ပြထားသည်။
ယင်းပျက်ကွက်ခဲ့သူများအနေဖြင့် စက်တင်ဘာလ၃၁ရက်နေ့နောက်ဆုံးထားပြီး သက်တမ်းတိုးကြပါရန်နှိုးဆော် ထားပြီး အဆိုပါရက်ကျော်လွန်ပါက အစည်းအရုံးဝင်အဖြစ်မှ အလိုအလျောက်ပျက်ပြယ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်အသိပေးကြောင်းသိရသည်။
#Local_News #အချိန်မီသက်တမ်းလာတိုးရန်သတိပေး
#Tthl
#Yangon_Times
#Local_News
Published_ 4 August 2023
International Foundation for Arts and Culture (IFAC)မှ ကြီးမှူး၍ (၂၄) ကြိမ်မြောက် International High School Arts Festival Awards Ceremony ဆုပေးပွဲ အခမ်းအနားကို ဩဂုတ် ၂ ရက်တွင် တိုကျိုမြို့၊ The Ritz-Carlton Hotel ၌ ကျင်းပခဲ့ ပါတယ်။
အဆိုပါ ဆုပေးပွဲအခမ်းအနားသို့ ဂျပန်နိုင်ငံနှင့် နိုင်ငံပေါင်း (၁၇) နိုင်ငံမှ ဆုရရှိခဲ့ ကြသော ကျောင်းသား၊ ကျောင်းသူများ၊ တိုကျိုမြို့ အခြေစိုက်သံရုံးအသီးသီးမှ သံရုံးအကြီး အကဲများ၊ သံတမန်များတက်ရောက်ခဲ့ပြီး၊ မြန်မာသံအမတ်ကြီး ဦးစိုးဟန်လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှ ပန်းချီကဏ္ဍတွင်ဆုရရှိခဲ့တဲ့ ဝေါမြို့နယ်မှ အခြေခံပညာ အထက်တန်းကျောင်း (Grade -10) ကျောင်းသူ မအိသက်ဇော်အား သံအမတ်ကြီး ဦးစိုးဟန်မှ Special Prize to the International Artists ဆုကို IFAC ကိုယ်စား ပေးအပ်ခဲ့ပါတယ်။
International High School Arts Festival Awards သည် နှစ်စဉ်ကျင်းပလျက်ရှိတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး၊ ယခုနှစ်အတွက် ဆုရရှိခဲ့ကြတဲ့ ဂျပန်နိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများအား (IFAC) ၏ တာဝန်ရှိပုဂ္ဂိုလ်များက လည်းကောင်း၊ ပြည်ပနိုင်ငံ (၁၇) နိုင်ငံမှ ဆုရကျောင်းသူ၊ ကျောင်းသားများအား သက်ဆိုင်ရာ သံရုံးအကြီးအကဲနှင့် သံရုံး တာဝန်ရှိသူများကလည်းကောင်း ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
#Local_News
#ygm_mnn #ဆုရကျောင်းသူကိုမြန်မာသံအမတ်ကြီးကချီးမြှင့်ပေးအပ်
#Yangon_Media_Group
မြန်မာ့လက်ရွေးစင် ယူ - ၁၂ လူငယ်အသင်း အုပ်စုမဲခွဲမှုအရ အုပ်စု ( C )မှာပါဝင်နေ
Published_ 4 August 2023
#U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲ
#YMG/my
#Yangon_Times
‘ပြတိုက်အတွင်းမှာတော့ ဗန်းမော်ဆရာတော်ဘုရားကြီးရဲ့ရုပ်တု၊အသုံးအဆောင်၊ ကျမ်းစာအုပ်၊ ပြည်တွင်း၊ ပြည်ပဘွဲ့တွေနဲ့ မှတ်တမ်းတွေ၊အသုံးအဆောင်ပစ္စည်းတွေ၊ ဆရာတော်ကြီးရေးသားခဲ့တဲ့ ကျမ်းစာအုပ်တွေ၊ ဆရာတော်ကြီး ဖတ်ရူလေ့လာခဲ့တဲ့ ကျမ်းစာအုပ်တွေစသဖြင့် အများပြည်သူလေ့လာနိုင်အောင်ပြသထားဖို့ရှိတယ်’မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
Published 4 August 2023
#ဗန်းမော်ဆရာတော်ဘုရားကြီးရဲ့ရုပ်တု
#tthl
#Yangon_Times
#Local_News
Published 4 August 2023
မြန်မာနိုင်ငံတွင် လက်ရှိအချိန်တွင်ပုဂ္ဂလိကဆေးရုံ(၂၇၀)၊ ပုဂ္ဂလိကဆေးခန်း(၅၁၂၄)ခု၊ ပုဂ္ဂလိကအထူး ကုဆေးခန်း(၁၀၀၂)ခု ဖွင့်လှစ်ခွင့်ပြုထားကြောင်းကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ယင်းကဲ့သို့ ဖွင့်လှစ်ခွင့်ပြုထားသည့်အကြောင်းကို ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့အစည်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၏ပြောကြားချက်အရသိရခြင်းဖြစ်သည်။
အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိကကျန်းမာရေးကဏ္ဍမြှင့်တင်ရန်အတွက် ကျောက်ကပ်အစား ထိုးကုသခြင်း၊ ကျောက်ကပ်သွေးသန့်စင်ခြင်း၊ နှလုံးခွဲစိတ်ကုသမှုနှင့် အဆင့်မြင့်စစ်ဆေးခြင်း၊ ကင်ဆာဓာတ်ကင်ခြင်းနှင့် ဆေးသွင်းခြင်းလုပ်ငန်းများကို ခွင့်ပြုပေးခဲ့ကြောင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်းကို ဥပဒေနှင့်အညီထိန်းကျောင်းရန်လိုအပ်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။
ယင်းအပြင်ပြင်ပအကူသူနာပြုသင်တန်းကျောင်းများ၊ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်းများဖွင့်လှစ်နေခြင်း ကိုထိန်းကျောင်းရန်အတွက် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများဆိုင်ရာဥပဒေ၊နည်းဥပဒေ၊အမိန့်နှင့် ညွှန်ကြားချက်များကိုပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ရန် လိုအပ်သည်ဟုဆိုသည်။
ပုဂ္ဂလိကဆေးရုံဆေးခန်းများအနေဖြင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေများ၊နည်းဥပဒေများ နှင့်အညီဆောင်ရွက်ထားရှိရမည့်အချက်များကိုပြည့်စုံစွာထားရှိရဖြစ်ကြောင်းနှင့် မိမိတို့ဆောင်ရွက်ရမည့် ကဏ္ဍပေါင်းစုံအား ပြီးပြည့်စုံရန်ဆောင်ရွက်ထားမှသာဗဟိုအဖွဲ့အနေဖြင့်တစ်လအတွင်းလိုင်စင်ကိုခွင့်ပြုပေး နိုင်မည်ဖြစ်သည်ဟုဖော်ပြထားသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် ဆေးကုသခွင့်လိုင်စင်ရရှိထားသည့် သူနာပြု၊သားဖွားများဖြစ်ရန် လိုအပ်ပြီး တည်ဆဲဥပဒေတစ်ရပ်ရပ်ငြိစွန်းထားသူများမဖြစ်ရန်နှင့်နိုင်ငံခြားသားဆရာဝန်၊သူနာပြုအနေဖြင့် အချိန်ပိုင်းဝန်ဆောင်မှုပြုလိုပါကသက်ဆိုင်ရာကောင်စီများကအသိအမှတ်ပြုထုတ်ပေးသော သီးခြားသတ်မှတ် အထူးဆေးကုသခွင့်လိုင်စင်ရှိရန်လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး၏ပြောကြားချက်အရသိရသည်။
#Local_News #ပုဂ္ဂလိကဆေးခန်းနှင့် အထူးကုဆေးခန်း(၆၀၀၀)ကျော်
#tthl #Yangon_Times
#Local_News
Published 4 August 2023
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ၂၀၂၃ ခုနှစ် မိုးရာသီဈေးရောင်းပွဲတော်ကို ယနေ့ ဩဂုတ် ၄ ရက်တွင် ကျင်းပပြုလုပ်လျက်ရှိရာ စက်မှုထုတ်ကုန်များနှင့် လျှပ်စစ် (EV)ကား ပြပွဲကိုပါထည့်သွင်းပြသလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပွဲတော်ကို ဩဂုတ်လ (၄)ရက်မှ (၆)ရက်နေ့အထိ သုံးရက်ကြာပြုလုပ် လျက်ရှိကြောင်း သိရသည်။
ပြပွဲတွင် ရန်ကုန်တိုင်းအတွင်းရှိ ထုတ်ကုန်ပစ္စည်းများသာမက အခြား တိုင်းနှင့်ပြည်နယ်များရှိ ဒေသထွက်ကုန်ပစ္စည်းများကိုပါ ထည့်သွင်းပြသ လျက်ရှိကြောင်း သိရသည်။
ယင်းပြပွဲအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်(၂၉)ဇုန်က ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများ၊ MSMEs ထုတ်ကုန်ပစ္စည်းများကို ပြသလျက်ရှိကြောင်း သိရသည်။
ထို့အပြင် အများပြည်သူ လာရောက်လေ့လာဝယ်ယူရာ၌ အဆင်ပြေစေရန် တန်ဖိုးသင့်ထမင်းဆိုင်များ ဖွင့်လှစ်ရောင်းချပေးမည့်အပြင် ဖျော်ဖြေရေးအစီအစဉ်များကိုပါ ထည့်သွင်းထားရှိကြောင်း သိရသည်။
#Local_News #လျှပ်စစ် EV ကားပြပွဲ
#YMG/my #Yangon_Times
Page 907 of 1973