#Local_News
Published_ 14 March 2024
နိုင်ငံခြားငွေရောင်းဝယ်ရေးလိုင်စင်ရထားသည့် လိုင်စင်ရ Money Changerကုမ္ပဏီ(၃)ခုကို လိုင်စင်သိမ်းပြီး လုပ်ငန်း(၂)ခုကို လိုင်စင်(၆)လဆိုင်းငံ့ကာထပ်မံအရေးယူလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ မတ်လ(၁၄)ရက်ထုတ်ပြန်ချက်အရ သိရသည်။
လိုင်စင်သိမ်းပြီးအရေးယူခံရသည့် ကုမ္ပဏီ(၃)ခုမှာ
(၁) Archipelago Seaman Club Co., Ltd
(၂) SJ Vita Myanmar Co., Ltd
(၃)M Plus Myanmar Co., Ltdတို့ဖြစ်ပြီး
လိုင်စင်(၆)လဆိုင််းငံ့ပြီး အရေးယူခံရသည့်လုပ်ငန်း(၂)ခုမှာ(၁) Sweet Yadanar Co., Ltd ၏ Money Changer License(၂)Ngwe Myinn Phyu Co., Ltd ၏ Money Changer License တို့ ဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရှောင်တခင်စစ်ဆေးမှုများအရ နိုင်ငံခြားငွေရောင်း ဝယ်ရေးလိုင်စင်ရထားသူ(၄)ဦးသည် နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေကိုမလိုက်နာ၍လုပ်ငန်းလိုင်စင် (၃)လပိတ်ပြီး အရေးယူလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ခဲ့သည်။
လိုင်စင်(၃)လပိတ်ပြီး အရေးယူခံရသည့်လုပ်ငန်းများမှာ (၁) Thura Nay Tun (Fame money changer)(၂) Lead Star Money Changer (၃) Steber Group Money Changer (၄) Asia Shwe Thee Money Changer တို့ဖြစ်သည်ဟု ဆိုသည်။
ရွှေနှင့်ငွေကြေး ဈေးကွက်စောင့်ကြည့်၊ထိန်းသိမ်း၊ကြပ်မတ်ရေးလုပ်ငန်း ကော်မတီမှဦးဆောင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စည်ပင်၊ ထွေအုပ်နှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များမှ မတ်လ(၆)ရက်မှ(၈)ရက်အထိ ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေရောင်းဝယ်လဲလှယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူများကို ကွင်းဆင်းစစ်ဆေးကာ အဆိုပါ လုပ်ငန်း (၄)ခုလုပ်ကိုင်နေသူများသည် နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေကိုလိုက်နာဆောင်ရွက်မှုမရှိသောကြောင့် ယင်းကဲ့သို့ အရေးယူဆောင်ရွက်ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ ဈေးကွက်နှင့်နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ် စေရေးအတွက် ရှောင်တခင်ကွင်းဆင်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ဥပဒေပါအချက်များဖြင့်ကြပ်မတ်ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြပါရှိသည်။
#Local_News #Money Changer #(၆)လဆိုင်းငံ့ကာထပ်မံအရေးယူ #tthl #Yangon_Times
#Local-News
Published 14 March 2024
၁၃၈၅ ခုနှစ်မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့တော်မဟာသင်္ကြန်ရေသဘင်ပွဲတော်၏ ဂုဏ်ကို ဖော်ဆောင်နိုင်ရန်အတွက် အစဉ်အလာနှင့်အညီ မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ထားရှိပြီး စည်စည်ကားကား ကျင်းပပြုလုပ်သွားမည့်အပြင် ပြည်သူ့ရင်ပြင်တွင်လည်း ရေကစားမဏ္ဍပ်များ ထားရှိကျင်းပသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံက သိရသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၃ရက်နံနက် ၉ နာရီခွဲက မြို့တော်ခန်းမ၊ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၄)၌ ကျင်းပပြုလုပ်ရာ ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် မှ အမှာစကားပြောကြားရာတွင် “ယခုနှစ်တွင် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ပြည်သူများ ပျော်ရွှင်အေးချမ်း လုံခြုံစွာရေကစားနိုင်ရေးနှင့် စည်ကားသိုက်မြိုက်စေရေးအတွက် ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော်၏ ဂုဏ်ကိုဖော်ဆောင်နိုင်ရန်အတွက် အစဉ်အလာနှင့်အညီ မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ထားရှိပြီး စည်စည်ကားကား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူ့ရင်ပြင်တွင်လည်း ရေကစားမဏ္ဍပ်များ၊ ခရိုင်အလိုက် ရေကစားမဏ္ဍပ်များ၊ ယိမ်းအကအလှ ဖျော်ဖြေမှုများ၊ ဆုချီးမြှင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဖွဲ့စည်းထားသည့် ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီအသီးသီးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း” ပြောကြားသည်။
ယခုနှစ်ကျင်းပမည့် ရန်ကုန်မြို့တော်မဟာသင်္ကြန်ရေသဘင်ပွဲတော်တွင် မြို့တော်ခန်းမရှိ မဟာသင်္ကြန်မဏ္ဍပ်၌ ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များ၏ ဂီတဖျော်ဖြေမှုများ၊ သဘင်ပညာရှင်များ၏ မြန်မာ့ယဉ်ကျေးမှု အကအလှ ဖျော်ဖြေမှုများဖြင့် ပြည်သူများကို တင်ဆက်သွားမည့်အပြင် တက္ကသိုလ်အဆင့်၊ အခြေခံပညာအဆင့်၊ မူကြိုကျောင်းများ၊ ရုံး/အခြားဌာနများ၊ အလွတ်တန်း အဆင့်အလိုက် ၁၂ ဦး၊ ၁၆ ဦး၊ ၂၀ ဦးယိမ်းပြိုင်ပွဲများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက ဖျော်ဖြေမှုများပါ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#Local-News #မဟာသင်္ကြန်ရေသဘင်ပွဲတော် #ရန်ကုန်မြို့တော်ခန်းမ #ပြည်သူ့ရင်ပြင်တွင်လည်းရေကစားမဏ္ဍပ်
#YMG/LW #Yangon_Times
#Local_News
Published 14 March 2024
အမှတ်တံဆိပ်ပါရှိသည့် စားသုံးဆီများနှင့်ဘူးသွင်းသောက်ရေသန့်များအနေဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန FDAထောက်ခံချက်ရယူပြီးမှသာ လိုင်စင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့မှ သိရသည်။
မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့သည် အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၃၈ ပုဒ်မခွဲ(ခ)အရအပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အမိန့်ကြေညာစာအမှတ် ၅၂၄/၂၀၂၁ အရထိန်းချုပ်အစားအသောက်ဖြစ်သည့် အမှတ်တံဆိပ်ပါစားသုံးဆီဖြစ်စေ၊ အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့် ဖြစ်စေ ထုတ်လုပ်သူသည် ဤအမိန့်ထွက်ရှိသည့်နေ့မှစတင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက် လျှောက်ထားရယူပြီးမှသာသက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းသို့ လိုင်စင်လျောက်ထားခြင်းများဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းထံမှ လိုင်စင် ရရှိထားသော်လည်း အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်မရရှိထားပါက ဧပြီ၁ရက်နေ့ထက်နောက်မကျဘဲ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်လျှောက်ထားရယူရမည်ဖြစ်ကြောင်းသိရသည်။
ယင်းထောက်ခံချက်ကိုလိုင်စင်ထုတ်ပေးသည့်သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းသို့တင်ပြခြင်း ၊လိုင်စင်သက်တမ်းတိုးခြင်းနှင့်လိုင်စင်အသစ်ပြုလုပ်ခြင်းတို့နှင့်စပ်လျဉ်း၍ယင်းသက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အဖွဲ့အစည်း၏ညွှန်ကြားချက်နှင့်အညီဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #ဘူးသွင်းသောက်ရေသန့် #FDAထောက်ခံချက်ရယူပြီး #YMG/ NN #Yangon-Times
#Local_News
Published_ 14 March 2024
ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ နှင့်စာရင်းကောက်ယူရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ဖွဲ့စည်းပြီးဖြစ်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းမှ ယခုလိုထည့်သွင်း ပြောထားသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးစိုးသိန်းက စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်သူ့စစ်မှုထမ်း ဥပဒေပုဒ်မ ၇ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ၁၄.၂.၂၀၂၄ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၂/၂ဝ၂၄) ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊
ထို့ကြောင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ခြင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့် စာရင်းကောက်ယူရေးအဖွဲ့များအား ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊
ပြည်သူ့စစ်မှုထမ်း ဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်သတ်မှတ်ချက်အနေဖြင့် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသားဖြစ်လျှင်အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့် ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းရန် ကာလမှာ ၂၄ လဖြစ်ပြီး တပ်မတော်စက်မှုလက်မှုပညာသည်များအဖြစ် ဆင့်ခေါ်ခံရပါက ၃၆ လ ထက်မပိုသည့်ကာလ အပိုင်းအခြားအတွက် စစ်မှုထမ်းရန်ဖြစ်ကြောင်း၊ နိုင်ငံတော် တွင်အရေးပေါ် အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင် ကြောင်းကိုလည်း ဥပဒေတွင် ဖော်ပြထားပြီးဖြစ်ကြောင်း၊
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး အတွက် စာရင်းဇယားကောက်ယူရာတွင် တိတိကျကျနှင့် မှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဥပဒေကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေးနှင့် သဘောပေါက်နားလည်စေရေးတို့အတွက် ရှင်းလင်းဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ ကားဂိတ် များ၊ ဈေးများတွင် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်သွားရမှာဖြစ် ကြောင်း၊ လုပ်ဆောင်မှုအခြေ အနေများကို ဗဟိုအဖွဲ့သို့ ပြန် လည်တင်ပြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂)၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ရှင်းလင်းဆွေးနွေးပြီး ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းကရှင်း လင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
#Local_News #ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ #စာရင်းကောက်ယူရေးအဖွဲ့များဖွဲ့စည်းပြီးဖြစ် #tthl #Yangon_Times
#Local_News
Published 14 March 2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၃)ရပ်ကွက်၊ အမှတ်(၂)လမ်းမကြီး တွင် ကွန်တိန်နာနှင့်Taxiတို့ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ေ-သဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့်ပရဟိတအသင်းများထံ က သိရသည်။
မတ်လ ၁၃ ရက် ည ၁၀နာရီ ၈ မိနစ်ခန့်က ဖြစ်ပွားခဲ့ကာ သတင်းအရဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁) စီး ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အငှားယာဉ်မောင်းမှာ ယာဉ်ခေါင်းခန်းအတွင်း ညှပ်နေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့သော်လည်း (၁၁)နာရီအချိန်တွင်ေ-သဆုံးလျက်အနေထားဖြင့် ထုတ်ယူခဲ့ရပြီး အဖြူရောင်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ဒဂုံမြို့သစ်အရှေ့ပိုင်း #ယာဉ်တိုက်မှုဖြစ် #အမျိုးသားတစ်ဦးေ-သဆုံး #YMG/LW #Yangon_Times
#Daily_News
Published_ 13 March 2024
၁။ မလေးရှားရှိ မြန်မာသံရုံးတွင် CI လျှောက်ထားမှုကို လာမည့် မတ်လ၁၈ ရက်မှစပြီး အွန်လိုင်းမှ QR code ရက်ချိန်းရယူသည့်စနစ် ပြောင်းလဲဆောင်ရွက်ပေးမည်ဟုဆို
၂။ ယခုနှစ်ကြံကြိတ်ခွဲရာသီအတွက် ကြံကြိတ်ခွဲမှု ၅၀%ခန့်သာပြီးစီး
၃။ YBS ယာဉ်အနုကြမ်းစီးပြီး လုယက်ခံရခြင်းမဟုတ်သလို လုံခြုံရေးလည်းစီမံပေးထား၍ ခရီးသွားပြည်သူများ မစိုးရိမ်ရန်ပြော
၄။ စီးပွားရေးကြပ်တည်းနေသော်ငြား မွတ်ဆလင်ဥပုသ်လပွဲတော်အတွက် ရောင်စုံမီးအိမ်များ အီဂျစ်မြို့တော်၌ရိုးရာမပျက်ဝယ်ယူအလှဆင်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရာသီဥတုအပူချိန်မြင့်လာတဲ့အတွက် ပဲခူးတိုင်းဒေသကြီးပြည်မြို့ရှိ အပန်းဖြေဆင်စခန်းတွေမှာ ဆင်စီးခွင့်ကို မွန်းတည့် ၁၂နာရီမှ ညနေ ၃နာရီအထိ ခေတ္တရပ်နားထားတယ်လို့ ပြည်ဆင်စခန်းရှိ တာဝန်ရှိသူတွေထံက သိရပါတယ်။ အခုလို ရာသီဥတုပူလာတဲ့အတွက် အပူရှိန်ကြောင့် ဆင်များရဲ့ ကျန်းမာရေးထိခိုက်မှာ စိုးရိမ်တဲ့အတွက် အခုလို အချိန်သတ်မှတ်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်
#Local_News
Published_ 13 March 2024
#အပန်းဖြေဆင်စခန်း #ဆင်စီးခွင့်
#YMG/LW #Yangon_Times
Page 902 of 2362