ကလေးပျောက်ခြင်းနှင့် အမျိုးသမီးများ'တို့ဆေး'မိခြင်းခပ်စိပ်စိပ်ဖြစ်နေတယ်။ "မိဘတွေအနေနဲ့ ကလေးတွေကို မျက်စိအောက်ကအပျောက်မခံဘဲ တစ်ယောက်တည်းဘယ်မှ မလွှတ်ဖို့အရေးကြီးတယ်။'တို့ဆေး'မိတဲ့အမျိုးသမီးငယ်အများစုဟာ အသက် ၂၀ကျော်မှ ၃၀ကျော်အတွင်း လူငယ်အမျိုးသမီးတွေ အဖြစ်များနေပြီး လူကုန်ကူးဖို့ရည်ရွယ်ချက်ရှိပုံရတဲ့အတွက် လူငယ်အမျိုးသမီးတွေအနေနဲ့ အဖော်နဲ့သွားလာကြဖို့လိုတယ်။"
ပုလဲအရန်မီးသတ်တပ်ဖွဲ့
#Local_News
Published_ 14 March 2024
#'တို့ဆေး'မိခြင်းခပ်စိပ်စိပ်ဖြစ်နေ #သတိထားကာကွယ်ရန်လို
#tthl #Yangon_Times
'လူအများစုကခြံလှောင်စနစ်ပဲမွေးတာများတယ်၊ လွတ်ကျောင်းစနစ်သိပ်မမွေးကြဘူး၊ ခြံလှောင်စနစ်ကဥနှုန်းမှန်တယ်၊ လွတ်ကျောင်းဘဲက ဥအတက်အကျမငြိမ်ဘူး'
#Local_News
Published_ 14 March 2024
#ဥနှုန်းမှန်လိုမွေးမြူသူပိုများ #ခြံလှောင်စနစ်ဖြင့်မွေးမြူ
#YMG/NN #Yangon_Times
#Lcoal_News
Published 14 March 2024
မော်လမြိုင်မြို့၊ မော်လမြိုင်-မုဒုံသွားလမ်းမ ရွှေနတ်တောင်ဘုရားလမ်း၀ကျော်၊ ထောက်ပို့တပ်ရှေ့အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ပရဟိတအသင်းများထံမှ သိရသည်။
မတ်လ ၁၄ရက် နေ့ခင်း၁၁နာရီခန့်က အမျိုးသမီးတစ်ဦးမောင်းလာသည့် ဟိုင်းဂျက်ယာဉ်မှ ရှေ့ကမောင်းနှင်နေသည့် ကုန်တင်ယာဥ်ကကို နောက်က၀င်တိုက်မိခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ် တိုက်မှု ကြောင့် ဟိုက်ဂျက်ယာဉ်မောင်းအမျိုးသမီးမှာ ကားခေါင်းခန်းတွင် ညှပ်နေသဖြင့်ကယ်ဆယ်ရေးအဖွဲ့များက ကယ်တင်ခဲ့ရာ အမျိုးသမီးမှာပေါင်တွင် ထိုးဖောက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူကို ရွှေနတ်တောင် Rescue ကားဖြင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Lcoal_News #ယာဉ်တိုက်မှုဖြစ် #ယာဉ်မောင်းအမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရ #YMG/LW #Yangon_Times
မြန်မာ-ဆီးရီးယားပွဲစဉ်(အိမ်ကွင်း)ကို အားပေးလိုသူတွေအနေနဲ့ သုဝဏ္ဏဘောလုံးကွင်းမှာကြည့်ရှုနိုင်မှာဖြစ်သလို SKYNET SPORTS 4 နဲ့ SKYNET SPORTS HD ရုပ်သံလိုင်းတွေကနေ တိုက်ရိုက် ( LIVE ) ကြည့်ရှုနိုင်မှာဖြစ်တယ်။
#Local_News
Published_ 14 March 2024
#၂၀၂၆ကမ္ဘာ့ဖလားခြေစစ်ပွဲ #မြန်မာ-ဆီးရီးယားပွဲစဥ်
#tthl #Yangon_Times
'၃၅/၆၅ကနေ ဒါတွေက တခြားနိုင်ငံတွေထိုင်းတို့ဗီယက်နမ်တို့ ရောင်းထားပြီးသားဖြစ်နေလို ဖြေလျော့ပေးဖို့ စာတင်ကြတော့ ၇၀/၃၀တော့ဖြစ်တယ်၊ မတ် ၃၁ ရက် အထိဖြေလျော့ပေးထားတယ်
#Local_News
Published_ 14 March 2024
#ပြောင်းဈေးအနည်းငယ်ပြန်တက် #ပို့ကုန်မူဝါဒဖြေလျော့
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းလက်ကားဈေးကြီးမှာ မကြာမီ ဖွင့်လှစ်တော့မယ့် ဈေးရုံအမှတ် ၅ ရှိ ဆိုင်ခန်းနေရာများကို ဆိုင်ခန်းလျှောက်ထားသူများအား လာမယ့်မတ်လ ၁ရ ရက်မှာ မဲနှိုက်ရွေးချယ်ပေးမယ်လို့တညင်းကုန်းလက်ကားဈေးကြီး လုပ်ငန်းရေးရာဌာနက သိရပါတယ်။
#Local_News
Published_ 14 March 2024
#တညင်းကုန်းလက်ကားဈေးကြီး #ဧပြီပထမအပတ်တွင်ဖွင့်ရန်ရည်ရွယ်ထား
#YMG/LW #Yangon_Times
#Local_News
Publicshed 14 March 2024
ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
အဆိုပါရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် တစ်နိုင်ငံလုံး၌ကောက်ယူမည်ဖြစ်ပြီး လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များအနက် ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
အဆိုပါထုတ်ပြန်မည့်ရှေ့ပြေးလူဦးရေစာရင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ရှိ ကျား/မ လူဦးရေ၊ မြို့ပြ/ ကျေးလက်လူဦးရေနှင့် အသက်အရွယ်အပိုင်းအခြားအလိုက် လူဦးရေများ ပါဝင်မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူဦးရေ ဆိုင်ရာအချက်အလက်များ၊ ပြည်တွင်း/ပြည်ပ ရွှေ့ပြောင်းသွားလာခြင်းများ၊ ပညာရေး အခြေအနေများ၊ နိုင်ငံတွင်းရှိ လုပ်သားအင်အား၊ မွေးဖွားမှုနှုန်း၊ သေဆုံးမှုနှုန်း၊ မသန်စွမ်းမှု အကြောင်းအရာများ၊ နေအိမ်ပိုင်ဆိုင်မှုအကြောင်းအရာများ စတဲ့အချက်အလက်များ ပါဝင်မည်ဖြစ်ကာ ၎င်းအနက်မှ လာမည့်ဒီဇင်ဘာလတွင် လူဦးရေစာရင်းကိုသာ ထုတ်ပြန်ရန် စီစဉ်ဆောင်ရွက်နေတာဖြစ်ပြီး ကျန်အကြောင်းအရာများကိုမူလာမည့် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်များအတွင်းမှာ အပိုင်းလိုက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် များ၌ ကောက်ယူ ခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် နောင်နှစ်ပေါင်း ၃၀ ကျော်ကြာ ၂၀၁၄ ခုနှစ်မှသာ ပြန်လည်ကောက်ယူ နိုင်ခဲ့ရာမှ နောက်ထပ် ၁၀ နှစ်အကြာ ယခု ၂၀၂၄ ခုနှစ်မှာ ထပ်မံကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ရှေ့ပြေးလူဦးရေစာရင်း #ဒီဇင်ဘာလအတွင်းမှာထုတ်ပြန် #YMG/NN #Yangon_Times
Page 901 of 2362