မြင်းခြံ မြို့နယ်က မြင်း သိန်း၅၀နဲ့ လေလံပွဲအောင်မြင်
ပထမဆုံး မြင်းလေလံပွဲ ကြမ်းခင်းဈေး ကျပ်၃၅သိန်းဖြင့်ပြုလုပ် ' မြင်းခြံက မြင်းကြမ်းခင်းဈေး ၃၅သိန်းခေါ်ပြီး သိန်း၅၀နဲ့ လေလံပွဲ အောင်သွားပါတယ်၊ လာမယ့်နှစ် တံခွန်စိုက်ဖလား မြင်းစီးပြိုင်ပွဲမှာလည်း မြင်းလေလံပွဲ ပြုလုပ်သွားပါမယ် '
Yangon Times/NN
#Local_News
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ကိုရီးယားနိုင်ငံမှာ တက္ကသိုလ်တွေ ဘာသာစကားသင်တန်းတွေ တတ်ရောက်ဖို့ သင်တန်းကြေး ကျောင်းဝင်ကြေးကို ကြားခံကတစ်ဆင့် ပေးသွင်းတဲ့သူအချို့မှာ ပေးသွင်းခိုင်းတဲ့ အသိမိတ်ဆွေတွေ ပညာရေးဝန်ဆောင်မှု ကုမ္ပဏီအချို့က သက်ဆိုင်ရာကျောင်းတွေကို ပေးသွင်းမှုမရှိတဲ့အတွက် မြန်မာနိုင်ငံကနေ ကျောင်းလာတတ်ဖို့ စီစဉ်ထားတဲ့သူတွေအနေနဲ့ ဆုံးရှုးနစ်နာမှုတွေ ဖြစ်ပေါ်နေပြီး မြန်မာသံရုံးကိုလည်း အထောက်အထား အပြည့်စုံနဲ့ တိုင်ကြားထားတာတွေ ရှိတယ်လို့ သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ကိုဗစ်ကာကွယ်ဆေးကို သင်္ဘောသားတွေနဲ့ မိသားစုဝင်တွေ အသက် (၁၈) နှစ် နှင့် (၆၀)နှစ် အကြား ရှိသူတွေကတော့ တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပတ် (၅)ရက်ထိုးနှံနိုင်တယ်။
အသက် (၆၀) နှင့် (၆၀) အထက် ထိုးနှံလိုသူတွေအနေနဲ့ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့ တစ်ပတ် (၃) ရက် ထိုးနှံနိုင်မှာဖြစ်ပါတယ်။
Yangon Times/tthl
#Local_News
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
၂၀ ဖေဖော်ဝါရီ ၂၀၂၃
ပြည်သူ့စစ်မှုထမ်းများကို ခေါ်ယူတဲ့နေရာမှာ အမျိုးသမီးများကို ခေါ်ယူဖို့ လတ်တလော အစီအစဉ်မရှိသေး ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်မံအသိပေးလိုသည့်အချက်များနှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ဖေဖော်ဝါရီ ၂၀ရက်တွင်ပြောကြားရာ၌ ယင်းကဲ့သို့ အသိပေး ပြောကြားခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ရှင်းလင်းပြောကြားချက်အပြည့်အစုံကို ဖော်ပြပေးအပ်ပါတယ်။
@ymg/knl
၂၀ ဖေဖော်ဝါရီ ၂၀၂၄
မြန်မာနိုင်ငံ၏ ရေအားနှင့်နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လုပ်ငန်းများတွင် ရုရှားနိုင်ငံက ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Andrey Rudenkoတို့ ဆွေးနွေးခဲ့ကြပါတယ်။
နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးMr. Andrey Rudenko ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကယနေ့ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြားရှည်ကြာခိုင်မြဲသည့် သံတမန်ဆက်ဆံမှုများ ချစ်ကြည် ရင်းနှီးမှု နှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း များနှင့် ကုန်သွယ်မှုလုပ်ငန်းများတိုးတက်စေရေးအတွက် လေကြောင်းခရီးစဉ်များ ပြေးဆွဲလျက်ရှိမှုအခြေအနေ များကို ဆက်လက်ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းအပြင်နျူကလီးယား နည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လူမှုရေးကဏ္ဍနှင့် ပညာရေးကဏ္ဍများ တိုးတက်ရေးတို့တွင်ပူးပေါင်း ဆောင်ရွက်လျက် ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံအတွက်လိုအပ်သည့်ဓာတ်မြေဩဇာများလုံလောက်စွာရရှိရေးနှင့်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကိုလည်းဆွေးနွေးခဲ့ကြကြောင်းသတင်းထုတ်ပြန်ထားပါတယ်။
တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီး
ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာရုရှားနိုင်ငံသံအမတ်ကြ Mr. Iskander Azizov နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါတယ်။
@ymg/knl
#Daily_News
Published_ 20 February 2024
၁။ ချင်းရိုးရာချည်ထည်နှင့် ရိုးရာဆွဲကြိုးများကို မလေးရှား၊ စင်ကာပူနှင့် USAနိုင်ငံတို့မှ စိတ်ဝင်စားပြီးမှာယူနေ
၂။ ပြည်ထောင်စုတံခွန်စိုက်ဖလား မြန်မာ့ရိုးရာမြင်းစီးပြိုင်ပွဲ ဗိုလ်လုပွဲ၊ ဆုပေးပွဲနှင့် မြင်းလေလံပွဲပြုလုပ်
၃။ ကြက်သွန်နီဈေး မြင့်တတ်သော်လည်း ရန်ကုန်ဈေးကွက်တွင် အရောင်းဝယ် အနည်းငယ် သွက်နေဟုဆို
၄။ တောင်အာဖရိက သတ္တုတူးဖော်ရေးလုပ်ငန်း၏ ဘေးကင်းစိတ်ချရေးကို တိုးတက်လာစေသည့် AIနည်းပညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၂၀ ဖေဖော်ဝါရီ ၂၀၂၄
BRICS ငွေကြေးကိုမြန်မာနိုင်ငံက စိတ်ဝင်စားပြီး ယင်းအဖွဲ့အစည်းကို လေ့လာနေကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က Sputnik မီဒီယာကို အင်္ဂါနေ့(ဖေဖော်ဝါရီ၂၀ရက်)က ပြောကြားခဲ့သည်။
"၂၀၂၃ ခုနှစ် မေလမှစတင်၍ မြန်မာနိုင်ငံဟာ SCO [Shanghai ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း] တွင် ဆွေးနွေးရေးမိတ်ဖက်နိုင်ငံအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ BRICS နှင့်ယင်းရဲံ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ကျွန်တော်တို့ လေ့လာနေပါတယ်။ အဲဒီအပြင် BRICS နှင့် တစ်ခုတည်းသော BRICS ငွေကြေးခြင်းတောင်း ဦးစီးဦးရွက်ပြုဆောင်ရွက်နေမှုကိုလည်း စိတ်ဝင်စားပါတယ်" ဟု ဝန်ကြီးက Sputnik အင်တာဗျူးတွင် ဖြေကြား ခဲ့သည်။
၂၀၂၂ ခုနှစ် ဇွန်လတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က BRICS စီးပွားရေးဖိုရမ်တွင် အဓိက ထွန်းသစ်စနိုင်ငံကြီးငါးနိုင်ငံသည် အပြန်အလှန်ကုန်သွယ်မှုBRICS ငွေကြေးအပေါ်အခြေခံ၍ နိုင်ငံတကာ အရန်ငွေကြေးစနစ်တစ်ခု ထူထောင်သင့်သည်ဟု ပြောကြားခဲ့သည်။ ထိုသို့သော ငွေကြေးစနစ်တစ်ခုကို ဖန်တီးရန် အဖွဲ့အတွက် နှစ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်သော်လည်း နောက်ဆုံးရလဒ်အဖြစ် ပြိုင်ဖက်အနောက်နိုင်ငံ ဒေါ်လာစနစ်နှင့် BRICS ငွေကြေးခြင်းတောင်းတို့ ဟန်ချက်ညီမှုရရှိနိုင်ဖွယ်ရှိသည်။
၂၀၂၃ ခုနှစ်သြဂုတ်လတွင်ရုရှားကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ Sergey Katyrin က Sputnik သို့ပြောကြားရာတွင် နိုင်ငံ ၅၀ နီးပါးသည် BRICS တွင်ပါဝင်ရန် သဘောတရားအရ စိတ်ဝင်စားကြောင်းဖော်ပြခဲ့ပြီး ၁၇နိုင်ငံ သည်တရားဝင်လျှောက်လွှာတင်ထားပြီးဖြစ်သည်။
၂၀၂၃ ခုနှစ် စက်တင်ဘာလတွင်၊ ပထဝီနိုင်ငံရေးလေ့လာသုံးသပ်သူ Pepe Escobar က BRICS အဖွဲ့၏ အဓိက ထွန်းသစ်စနိုင်ငံကြီးများဖြစ်သည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများသည် အပြန် အလှန်ကုန်သွယ်မှုတိုးမြှင့်ပြီး ပိုမိုလွတ်လပ်လာစေရန်အတွက် နိုင်ငံသုံးငွေကြေးများနှင့်ငွေပေးချေရာတွင် ပေါင်းစည်း ငွေပေးချေမှု ယန္တယားစနစ်တစ်ခုကို အတူတကွလုပ်ဆောင်သင့်ကြောင်းSputnik သို့ ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁ ရက်တွင် အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ဆော်ဒီအာရေဗျတို့သည် BRICS ၏တင်းပြည့်အဖွဲ့ဝင်နိုင်ငံများဖြစ်လာခဲ့သည်။
Source- Sputnik
@ymg/knl
Page 900 of 2321