#Local_News
Published 25 May 2024


▪️ မုန်တိုင်းမိုးကြောင့်  ရန်ကုန်တိုင်းတွင် သစ်ပင်လဲပြိုခြင်းများ၊ လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်ခဲ့ခြင်းများရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နှင့် YESC သင်္ဃန်းကျွန်းတို့မှ သိရသည်။

 

▪️ မေလ(၂၄) ရက်နေ့၊ ၁၃ ၀၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ အထက(၄)ကျောင်းဝန်းအတွင်း သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သိရသဖြင့် တာမွေမြို့နယ်မီးသတ်စခန်းမှ ရှင်းလင်းရေးလုပ်ငန်းမားဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

 

▪️ မေလ(၂၄)ရက်နေ့၊ ၁၄ ၄၅အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်၊ လှိုင်သီတာ(၅)လမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သိရသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ‌ဖော်ပြထားသည်။

 

▪️ မေလ(၂၅)ရက်တွင်(07:40)သင်္ဃန်းကျွန်းမြို့ရုံး ခွဲရုံ၏6.6kVပြည်သာယာဖီဒါသည်16/2ရပ်ကွက်တွင်းသစ်ပင်လဲပိမှုကြောင့်ယာယီဓာတ်အားပြတ်တောက်ခဲ့ပြီး09:35ဓာတ်အားပြန်ရနိုင်ခဲ့ကြောင်း သိရသည်။

 

▪️ တာမွေမြို့နယ်တွင်  မုန်တိုင်းသက်ရောက်မှုမကျ ရောက်ခင်မေလ(၂၄)ရက်မနက်ကတည်းက နေအိမ်၊တိုက်ခန်း၊ ဓာတ်ကြိုးများနှင့်မလွတ်သည့် သစ်ပင် ၊သစ်ကိုင်းများကို စည်ပင်သာယာရေးကော်မတီမှ ကြိုတင်  ခုတ်ထွင်ရှင်းလင်းထားကြောင်း တာမွေမြို့နယ်ဒေသခံများ ထံမှသိရသည်။

 

#tthl #Yangon_Times