ရန်ကုန်တိုင်း ခရမ်း၊သုံးခွ မြို့နယ်တွေမှာ စိုက်ပျိုးတဲ့ ပဲတီစိမ်းကို တရုတ်ဝယ်လိုအားကောင်းတဲ့အတွက် လက်ရှိဈေးအရ တစ်တင်းကို ကျပ် ၈၆၀၀၀မှ ၈၇၀၀၀ကျပ် အထိဈေးမြင့်နေတယ် လာမယ့် ၂လပိုင်းနဲ့၃လပိုင်း လောက်မှဈေးကွက်ထဲ ပဲတီစိမ်း အသစ်တွေအ၀င်များလာမယ်။
Yangon Times/LW
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 27 January 2024
မလေးရှားနိုင်ငံ၏ ခရီးသွားဒေသတစ်ခုဖြစ်သော Cameron Highlands တွင် မြေပြိုမှုကြောင့် မြန်မာနိုင်ငံသား ၅ ဦး မြေကြီးပိမိကာ ၁ ဦးေ-သဆုံးခဲ့ပြီး ၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မလေး သတင်းဌာနများတွင် ဖော်ပြထားသည်။
Cameron Highlands ဒေသ တွင် ဇန်နဝါရီ လ ၂၆ရက် နံနက် ၂ နာရီခန့်က မြေပြိုမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများ နေထိုင်သည့်အိမ်အပေါ် ပြိုကျလာခြင်းဖြစ်ကြောင်းသိရသည်။
မြေပြိုမှုဖြစ်ပွားနေကြောင်း နံနက် ၂ နာရီ ၁၀ မိနစ်ခန့်က ကယ်ဆယ်ရေးအဖွဲ့များ သတင်းရရှိခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သတင်းတွင်ဖော်ပြထားသည်။
သေဆုံးသူသည် အသက် ၃၆ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးဖြစ်ပြီး ကျန်ရှိသော အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးမှာ မြေကြီးအောက်တွင် ဖုံး၍ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
(ဇန်နဝါရီ ၂၆ နေ့လယ်ပိုင်း)အထိ ပျောက်ဆုံးနေသော မြန်မာနိုင်ငံသားများကို ရှာဖွေကယ်ဆယ်နေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
လွန်ခဲ့သောရက်များကတည်း မှ Cameron Highlands ဒေသတွင် မြေပြိုမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။
Yangon Times/LW
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group


Published_ 27 January 2024
၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားဖိတ်စာကို မနက်ဖြန်ဇန်နဝါရီလ( ၂၈) ရက် ညနေ(၄)နာရီနောက်ဆုံးထားကာ လာရောက်ထုတ်ယူကြရန် အသိပေးချက်ထုတ်ပြန်လိုက်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှသိရသည်။
သတ်မှတ်ရက်အတွင်း ထုတ်ယူခြင်းမရှိရင် ဖိတ်ကြားခံရသူအမည်စာရင်းကနေ ပယ်ဖျက်သွားမည်ဖြစ်သည်ဟုဆိုသည်။
အကြောင်းအမျိုးမျိးကြောင့် ဖိတ်ကြားခံရသူကိုယ်တိုင် လာရောက်မထုတ်ယူနိုင်ပါက ကိုယ်စားလာရောက် ထုတ်ယူမယ့်သူကို ကိုယ်စားလှယ်လွှဲစာ၊ လာရောက်ထုတ်ယူသူရဲ့မှတ်ပုံတင်မိတ္တူ၊ ဖိတ်ကြားခံရသူရဲ့ မှတ်ပုံတင် မူရင်း(ဒါမှမဟုတ်) အစည်းအရုံးဝင်ကတ်မိတ္တူတို့ကို တင်ပြပြီး ထုတ်ယူနိုင်ကြောင်းသိရသည်။
အကယ်ဒမီပေးပွဲဖိတ်ကြားခံရသူနှင့် ဖိတ်စာကို တိုက်ဆိုင်စစ်ဆေးပြီး နေပြည်တော်တွင် လုံခြုံရေး ရင်ထိုးတံဆိပ်များ၊လက်ကိုင်ဖုန်းယူခွင့်စတစ်ကာများနှင့် ယာဉ်ဝင်ခွင့်များထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဖိတ်ကြားခံရသူနှင့် တက်ရောက်မည့်သူ၏အချက် အလက်များကွာခြားနေပါက လုံခြုံရေး ရင်ထိုးတံဆိပ်များ၊လက်ကိုင်ဖုန်းယူခွင့်စတစ်ကာများကို လုံခြုံရေးအဖွဲ့ဝင်များက လုံးဝထုတ်ပေးမည်မဟုတ်ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 27 January 2024
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် Special Rupee Vostro Account (SRVA) ကို အသုံးပြုပြီး ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို လာမယ့် ဖေဖော်ဝါရီလမှာ စတင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် Special Rupee Vostro Account (SRVA)ကို အသုံးပြု၍ ရူပီး/ကျပ်ဖြင့် တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် Rupee/ Kyat Trade Settlement Mechanism အား ရှင်းလင်းတင်ပြခြင်းဆိုင်ရာ အစည်းအဝေးကို ဇန်နဝါရီ ၂၆ရက် ညနေ ၄ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၌ ကျင်းပခဲ့ရာတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံမှ အဓိက တင်သွင်းနေသည့် ဆေးဝါးနှင့် ကုန်စည်များအတွက် ပေးချေရသည့် အမေရိကန်ဒေါ်လာလိုအပ်ချက် လျော့နည်းသွားခြင်း၊ ကုန်သွယ်မှုအတွက် ငွေပေးချေမှု ပိုမိုလွယ်ကူစေခြင်း၊ ကုန်စည်စီးဆင်းမှု ပိုမိုအားကောင်းလာပြီး ထင်သာမြင်သာ ရှိလာစေခြင်း၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်းယင်းကဆက်လက် ပြောကြားသည်။
ရူပီး/ကျပ် ပေးချေမှုအတွက် ဆောင်ရွက်ခွင့်ပြုထားသည့်ဘဏ် (Designated Bank) များဖြစ်သည့် ယူအေဘီဘဏ်လီမိတက်နှင့် CB Bank PCL နှင့် Punjab National Bank တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်တို့မှ အဆင့်မြင့်အရာထမ်းများ၊ ရူပီး/ကျပ် ပေးချေမှုဆိုင်ရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဆောင်ရွက်ခွင့်ပြုထားသည့်ဘဏ် (Designated Bank) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group
မနက်ဖြန် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ (၁၁၈)နှစ်ပြည့်ပွဲတော်နောက်ဆုံးနေ့ဆက်လက်ကျင်းပမည် "မနက်ဖြန် ဇန်နဝါရီလ (၂၈)ရက်နေ့ဟာ ပွဲတော် နောက်ဆုံးနေ့ဖြစ်ပြီး ပွဲတော်ရက်အတွင်း ဖျော်ဖြေရေးအစီအစဉ်တွေအနေနဲ့ တိရစ္ဆာန်လိမ္မာလေးတွေနဲ့အတူ ဓာတ်ပုံရိုက်ကူးတာ၊ Magic Show နဲ့Music Band ဖျော်ဖြေတဲ့ အစီအစဉ်တွေပါဝင်ပါတယ်။" Yangon Zoo
Yangon Times/tthl
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group
' ရှမ်းပြည်နယ်၊ တောင်ပိုင်း ဆီဆိုင်မြို့နဲ့အနီးတဝိုက်က တိုက်ပွဲရှောင်တွေကြောင့် တောင်ကြီး အိမ်ခြံမြေဈေးကွက်ထဲမှာ အငှားအပြင် အဝယ်ပါလိုက်ပြီး ဆက်လက်လှုပ်ခတ်နေတယ်လို့ တောင်ကြီးအိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။ '
Yangon Times/
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 27 January 2024
လာအိုနိုင်ငံသို့ မြန်မာလုပ်သားများသွားရောက်လုပ်ကိုင်သူများပြားလာပြီးစက်ရုံလုပ်ကိုင်ရန်ဟု ခေါ်ဆိုသူများလည်းရှိလာကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေသူများထံမှ သိရသည်။
ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးခြင်းကြောင့် ပွဲစားများနှင့်ချိတ်ဆက်၍ အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင်သွားရောက်လျက်ရှိရာ လာအိုနိုင်ငံသို့လည်း ယခုနှစ်ပိုင်းအတွင်းပိုမိုသွားရောက်လုပ်ကိုင်လာကြခြင်းဖြစ်ကြောင်း
သိရသည်။
'ကျွန်မတို့ကို all supervisor ကခေါ်တာပါ၊သူကအရင်က ကျမတို့ စက်ရုံကမဟုတ်ဘူး၊သူ့သူဌေးကလာအိုမှာစက်ရုံရှိတယ်၊ ဒီမှာကုန်ကြမ်းမရတော့သူ့စက်ရုံကလိုင်းသုံးလိုင်းကျွန်မတို့ရုံကိုရောက်လာတာ၊ သူ့နဲ့အတူပါလာတဲ့စက်တန်းတွေကတော့မပါဘူး၊လူရွေးခေါ်တာ၊ အခုကျွန်မတို့ဆီကပဲ သူငယ်ချင်း၁၃ယောက်ကိုခေါ်တယ် ၊ အခုအမေဆီလှမ်းခွင့်တောင်းပြီးပြီဆိုတော့ နက်ဖန်လိုက်မယ်ဆိုတဲ့အကြောင်းပြောမှာပါ'ဟု ရွှေပြည်သာစက်မှုဇုန်မှ အထည်ချုပ် စက်ရုံလုပ်ကိုင်သူမဝေဝေကပြောသည်။
အဆိုပါ လာအိုနိုင်ငံ၌ အထည်ချုပ်စက်ရုံလုပ်ကိုင်ရန် လေကြောင်းလိုင်းဖြင့်တရားဝင်သွားရောက်မည်ဟုပြောဆိုထားပြီး ဆေးစစ်ခြင်း၊ ပတ်စပို့ပြုလုပ်ခြင်းများပြုလုပ်ပြီးပါက သွားရောက်နိုင်ပြီဖြစ်ကြောင်း၄ကဆက်လက်ပြောသည်။
' အားလုံးပြီးရင်တော့ မတ်လလောက်သွားရမယ်လို့ပြောတယ်၊လစာကတစ်လကိုးသိန်းရမယ်လို့ပြောပါတယ်၊ဒီမှာလည်းဒီလပိုင်းတွေ အချိန်ပိုဆင်းရတာတွေမရှိတော့လစာအရင်လိုမရဘူးလေ၊သွားရင် အကျီလည်းမလိုဘူးနှစ်စုံပဲပါရင်ရတယ်ပြောတယ် ၊' ဟု မဝေဝေကဆိုသည်။
အလုပ်အကိုင် ရှားပါးခြင်းကြောင့် လာအိုနိုင်ငံသို့ ပွဲစားများနှင့် ချိတ်ဆက်၍ သွားရောက်သူများတွင် အမှန်တကယ် အလုပ်အကိုင် မရရှိသူများလည်း ရှိနေကြောင်း အလုပ်သမားအရေးဆောင်ရွက် သူများကဆိုသည်။
မြန်မာနိုင်ငံသည်လာအိုနိုင်ငံနှင့် နှစ်နိုင်ငံ အလုပ်သမားစေလွှတ်ခွင့်ကို တရားဝင်ဆောင်ရွက်ထားခြင်းမရှိသော်လည်း ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးခြင်းကြောင့် ပွဲစားများနှင့်ချိတ်ဆက်၍ တရားမဝင်သွားရောက်လျက်ရှိပြီး ကာစီနိုဝိုင်းများ၌ ဝင်ရောက်လုပ်ကိုင်နေသူများလည်းရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ အစိုးရအနေဖြင့် ထိုင်း၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများကိုသာ တရားဝင်လုပ်သားစေလွှတ်နေပြီးလာအိုနိုင်ငံ၌ မြန်မာလုပ်သား ၃,၀၀၀ ကျော်ရောက်ရှိ အလုပ်လုပ်ကိုင်လျှက်ရှိကာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများလည်းရှိကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group
Page 904 of 2280