Published_ 20 May 2024
လာမည့်(၂)ရက်အတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
အနောက်တောင်မုတ်သုံလေဝင်ရောက်လာမည်ဖြစ်၍မွန်၊ကရင်၊တနင်္သာရီဒေသများ နေရာကွက် ကျားမိုးထစ်ချုန်းရွာမည်ဖြစ်သည်ဟုဆိုသည်။
မေလ(၂၁)ရက်နံနက်အထိခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်သည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ် တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားသည်။
မေလ(၂၁)ရက်(၂၂)ရက်တို့တွင် ဘင်္ဂလားပင်လယ် အော်၌ လေဖိအားနည်းရပ်ဝန်းစတင်ပေါ်လာပြီး မေလ(၂၅)ရက်မှာ အိန္ဒိယကမ်းရိုးတန်းနှင့် မြန်မာမြစ်ဝကျွန်းပေါ်ဒေသသို့ဦးတည်နေသည်ဟု မြန်မာနှင့်နိုင်ငံတကာ မိုးဇလတိုင်းတာရေးစက်များ၏တိုင်းတာချက်များအရသိရပြီး ယခုအခါ မေလ(၁၉)ရက်တိုင်းတာချက်အရအိန္ဒိယကမ်းရိုး တန်းနှင့် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းဘက်သို့ ဦးတည်ချက်ပြောင်းသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန် ဖော်ပြချက်များအရ သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 20 May 2024
#Yangon_Times #YMG_News #Yangon_Media_Group