Published 16 May 2024

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် CANTER အမျိုးအစား(အဖြူရောင်)ယာဉ်ကို
JJ Expressယာဉ်မှ ဝင်တိုက်သဖြင့်ယာဉ်နောက်လိုက် အမျိုးသားတစ်ဦး‌ေ-သဆုံးသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည့်။

မေလ၁၆ရက် မနက်၄နာရီ၁၅မိနစ်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၃၈/၆)အနီးတွင် နေပြည်တော်မှ မန္တလေးသို့ မောင်းနှင်လာသော CANTER အမျိုးအစား(အဖြူရောင်)ယာဉ်ကို JJ Express (အဝါရောင်)ယာဉ်က နောက်မှ ဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် JJ Express(အဝါရောင်)ယာဉ် ပေါ်ပါ ရှိသည့် (၁၅)ဦးအနက်
အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်နောက်လိုက်အမျိုးသားတစ်ဦး (သေဆုံး)ခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်သည့်နေရာကို စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူနှင့်‌ေ-သဆုံးသူတို့ကို ဥမျှင်ကျေးရွာမှ ပရဟိတအသင်းပိုင်သူနာတင်ယာဉ်ဖြင့် တံတားဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group