Published_ 16 May 2024

"မြန်မာအင်းတော်ကြီးကန် ငါးအမျိုးအစားများသရုပ်ဖော်လမ်းညွှန်စာအုပ်"ကိုတရုတ်သုတေသီ Mr. Chen Xiaoyong နှင့် မြန်မာပညာတော်သင်ကျောင်းသားများစု‌ပေါင်းရေးသားကာ တရားဝင်ထုတ်ဝေလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသိရသည်။

အဆိုပါစာအုပ်တွင် ငါးအမျိုးအစားပေါင်း ၉၇ မျိုး၏ ထူးခြားသော လက္ခဏာများ၊ ဇီဝဗေဒအချက်အလက်၊  လက်ရှိအခြေအနေနှင့် တည်ရှိရာနေရာအချက်အလက်များကို စုစည်းမှတ်တမ်းတင်ထားသည်ဟုဆိုသည်။

မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ အင်းတော်ကြီးကန်သည် အရှေ့တောင်အာရှဒေသ၌ အကြီးဆုံးရေကန်များအနက်တစ်ခု ဖြစ်ကြောင်း၊

၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း တရုတ်သိပ္ပံအကယ်ဒမီ ကူမင်းသတ္တဗေဒ သုတေသနဌာနမှ သုတေသီ Mr. Chen Xiaoyong နှင့် အဖွဲ့သည် မြန်မာနိုင်ငံရှိ ပြည်တွင်း သုတေသနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ငါးမျိုးစုံမျိုးကွဲမှုကို ပူးတွဲလေ့လာမှု ၅ ကြိမ်လုပ်ဆောင်ခဲ့ရာ ငါးမျိုးစိတ်ပေါင်း ၁၀၀ ခန့်၏ နမူနာ ၄၅၀၉ ခုကောက်ယူရရှိခဲ့ပြီး အဆိုပါ အရေးပါဂေဟစနစ်၏ ကြွယ်ဝသော ရေနေသက်ရှိများမျိုးစုံမျိုးကွဲမှုကို ပြသခဲ့ကြောင်း၊

 မကြာသေးမီက သုတေသီ Mr. Chen Xiaoyong နှင့်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံမှ ပညာတော်သင် ကျောင်းသားကျောင်းသူများဖြစ်ကြသည့် ကိုနေထက်နိုင်၊ မသင်းဆုတင်၊ မခင်ရတနာဌေးတို့နှင့် ပူးပေါင်းရေးသားတည်းဖြတ်ခဲ့သည့် မြန်မာအင်းတော်ကြီးကန် ငါးအမျိုးအစားများသရုပ်ဖော်လမ်းညွှန် (An Illustrated Guide to the Fishes of Indawgyi Lake in Myanmar) စာအုပ်ကို တရားဝင်ထုတ်ဝေခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်၌‌ ဖော်ပြထား ကြောင်းသိရသည်။

အဆိုပါစာအုပ်ကို ebookအနေဖြင့်လည်း သက်ဆိုင်ရာ websiteများတွင် ဝယ်ယူဖတ်ရူ နိုင်ကြောင်းလည်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group