Published_ 16 May 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အာလွန်ကဲအို ကစ်တီကွန် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ ပူးတွဲအစည်းအဝေးကို မေ ၁၅ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ၌ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလှိုင်၊ ထွန်းထွန်းနောင်၊ ဒေါက်တာစိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများ၊ အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn၊ ASEAN Coordinating Centre for Humanitarian Assistance on disaster management (the AHA Centre) မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Lee Yam Ming နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေး၌ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးနှင့် လက်ရှိဆောင်ရွက်လျက်သည့်ကိစ္စများ၊ အာဆီယံနှင့် အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စများကို ဆွေးနွေးခဲ့ကြပါတယ်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီးသည် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Park Royal Hotel ၌ အလုပ်သဘောညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရပါတယ်။
Ymg_mnn
##Local_News
#Published_ 16 May 2024
#Yangon_Times #YMG_News #Yangon_Media_Group