မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ဧည့်မထဆန်အိတ် (၃) သိန်းကို ငလျင်ဘေးဒဏ်သင့် ဒေသတွေအတွက် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 31 March 2025
#ငလျင်ဘေးဒဏ်သင့်ဒေသ #ဧည့်မထဆန်အိတ်ရောင်းချပေး
#YMG/SW #Yangon_Times
Naypyidaw, 31 March 2025 – The State Administration Council (SAC) has declared a national mourning period following the catastrophic 7.7 magnitude earthquake that struck Myanmar on 28 March at 12:51 PM Myanmar Standard Time.
The earthquake has resulted in a significant loss of life and widespread destruction, prompting the government to designate 31 March to 6 April 2025 as a period of national mourning. During this time, the national flag will be flown at half-mast across the country as a sign of respect and solidarity with the victims and affected communities.
The announcement was formally issued today with the signature of Senior General Min Aung Hlaing, Chairman of the State Administration Council and Prime Minister of Myanmar.
#ymg/knl
#Local_News
Published_31 March 2025
▪️ နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် (the day of national mourning) ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့ မတ်လ ၃၁ ရက်တွင် သတ်မှတ်ကြေညာလိုက်သည်။
▪️ မတ်လ ၂၈ ရက် မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့်တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာ စကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများတွက် စာနာ နားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ် နေ့ရက်အဖြစ် ၃၁ - ၃-၂၀၂၅ ရက်မှ ၆ -၄ -၂၀၂၅ ရက်အထိ (၇)ရက်ကို သတ်မှတ်ကြေညာလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ရက်များအတွင်း နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူကြရန်ဖြစ်ပါသည် ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်မှတ်ဖြင့် ယနေ့ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published 31March 2025
▪️ အမေရိကန်သံရုံး၏ အတည်ပြုထုတ်ပြန်ထားချက်အရ မြန်မာ့ငလျင်ဘေးအတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၂ သန်း ကူညီမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့သည် အရေးပေါ် နားခိုစရာ၊ အစားအသောက်၊ ဆေးဝါးလိုအပ်ချက်နှင့် ရေရရှိနိုင်မှုအပါအဝင် ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများ၏ အပူတပြင်း လိုအပ်ချက်များကို သုံးသပ်ဖော်ထုတ်ရန် မြန်မာနိုင်ငံသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါအမေရိကန် ဒေါ်လာ၂ သန်းကူညီထောက်ပံ့ရာတွင်
မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးသည့်အဖွဲ့အစည်းများမှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိကာ အခက်အခဲကာလအတွင်း အသက်ဆုံးရှုံးမှုများနှင့် လမ်းပန်းဆက်သွယ်ရေး ပျက်စီးဆုံးရှုံးမှုများအတွက်လည်း အားလုံးနှင့်ထပ်တူ မိမိတို့ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
March 31, 2025 - Naypyidaw
Militants from the People’s Defense Force (PDF) attacked a power substation in Salin Township, Magway Region, early Monday morning, as Myanmar continues to grapple with electricity shortages following last week’s devastating earthquake, according to a statement from the country’s information team.
The attack took place around 6:00 AM at the Ta Nyaung substation, located approximately 5.5 kilometers northwest of Salin town. Security forces engaged the assailants in a firefight after the militants opened fire with the arms. The attackers reportedly retreated following the clash, and no casualties were reported.
This incident comes in the wake of a 7.7-magnitude earthquake that struck central Myanmar on March 28 at 12:51 PM local time, causing widespread power outages. The government has been working to restore electricity while also conducting disaster relief operations for affected communities.
The statement said that PDF groups are exploiting the post-disaster situation to carry out sabotage operations. The government claims that the militants are 'disrupting recovery efforts through various destructive means,' while civilians continue to struggle with ongoing hardships.
Authorities continue efforts to repair the damaged substation as blackouts persist across multiple townships in the region. The security situation remains tense as restoration work progresses.
#ymg/knl
#Local_News
Published_31 March 2025
▪️ လျှပ်စစ်ဓာတ်အားမရရှိ၍ ပြည်သူများ ခက်ခဲနေချိန် PDF က ဓာတ်အားခွဲရုံကို လက်နက်ငယ်များဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
▪️ ယနေ့ မတ်လ ၃၁ ရက် ယနေ့ နံနက် ၆ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၏ အနောက်မြောက် ဘက် မီတာ ၅၅၀၀ ခန့်အကွာရှိ တညောင်ဓာတ် အားခွဲရုံစက်ရုံမှ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
▪️ မတ်လ ၂၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်တွင် လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ရပြီး နိုင်ငံတော်အစိုးရ အနေဖြင့် လျှပ်စစ်ဓာတ်အားများ အမြန်ဆုံး ပြန်လည် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်လျက်ရှိသည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် ငလျင်ဒဏ်ကြောင့် ပြည်သူများ အတိဒုက္ခရောက်နေသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် PDF အမည်ခံအကြမ်းဖက်သမားများကအခွင့်ကောင်းယူ၍ အဖျက်အမှောင့်အနှောင့်အယှက်လုပ်ငန်းများကို နည်း လမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#Yangon_Times/PP
#Local_News
၃၁ မတ် ၂၀၂၅
▪️ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော် တပ်မတော်ဆေးရုံကြီးသို့သွားရောက်ကာ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများနှင့်နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များအား ဆေးဝါးကုသမှုပေးထားမှုအခြေအနေများကို ယနေ့သွားရောက်ကြည့်ရှုစစ်ဆေးကာ အားပေးစကားပြောကြားခဲ့ပါတယ်။
▪️ ဗိုလ်ချူပ်မှူးကြီးသည် ထိခိုက်ဒဏ်ရာကြောင့် ဆေးရုံတက်ကုသနေရသော ငလျင်ဘေးသင့် လူနာများကို တစ်ဦးချင်း လိုကလံတွေ့ဆုံပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အခြေအနေများနှင့် ကျန်းမာရေးတိုးတက်မှုများကို ရင်းနှီးနွေးထွေးစွာ မေးမြန်းကာ အားပေးစကားပြောကြားခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
▪️ ဗိုလ်ချုပ်မှူးကြီးက ဆေးဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများအား ဆေးရုံတက်နေရသည့် ငလျင်ဘေးသင့်လူနာများကို လိုအပ်တာမှန်သမျှဆောင်ရွက်ပေးဖို့ မှာကြားပါတယ်။
▪️ အဆိုပါ နေပြည်တော်၊ တပ်မတော်ဆေးရုံကြီး၌ ငလျင်ဘေးဒဏ်ဖြစ်ပွားပြီးနောက် ပိုင်းတွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ စုစုပေါင်း ၆၀၀ ဦးနီးပါးခန့်အား လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အရေးပေါ်ခွဲစိတ်ကုသမှုခံယူရန်လိုအပ်သူ ၃၀ ဦးကို အရေးပေါ် ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။
▪️ လက်ရှိအချိန်တွင် ငလျင်ဘေးဒဏ် ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ စုစုပေါင်း ၄၂ ဦးအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါတယ်။
#Local_News
Published 31 March 2025
▪️ ပြည်သူများ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပြတ်တောက်နေ၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းထောင်ကျော်ဖြင့် ဓာတ်အား အမြန်ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အသိပေးထားသည်။
▪️ မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်မှုကြောင့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
▪️ ထို့ကြောင့် ပျက်စီးချို့ယွင်းမှုဖြစ်ပေါ်ခဲ့မှုများအနက် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးလိုင်းများနှင့် ပင်မဓာတ်အားခွဲရုံ ပျက်စီးခဲ့မှုများကို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၁၃၄ ဦးဖြင့် လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ် ကျွမ်းကျင်ဝန်ထမ်းများအပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၄၂၆ ဦး စုစုပေါင်းဝန်ထမ်းအင်အား ၅၆၀ ဦးတို့ဖြင့် ဓာတ်အား အမြန်ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး နယ်မြေအတွင်း ပျက်စီးမှုများအား အမြန်ဆုံးပြင်ဆင်နိုင်ရေးအတွက် တိုင်းဒေသကြီး အတွင်းရှိ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများအပြင် ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၅၄၅ ဦးတို့ဖြင့် ဓာတ်အားအမြန် ပို့လွှတ်ဖြန့်ဖြူးနိုင်ရေး အင်အားစုဖွဲ့၍ ပြန်လည်ပြင်ဆင်တည်ဆောက်ခြင်း လုပ်ငန်းများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ထိုသို့ လျှပ်စစ်ဓာတ်အားများ အမြန်ဆုံး ပြန်လည်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး အရှိန် အဟုန်မြှင့်တင်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပြည်ထောင်စု ဝန်ကြီး ဦးစီး၍ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ဒုတိယဝန်ကြီးဦးစီး၍ လည်းကောင်း ပြုပြင်ပြင်ဆင်ခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက် မှုများ ဖြစ်ပေါ်လျက်ရှိနေသည့်အပေါ် ပြည်သူလူထုအနေဖြင့် နားလည်ပေးနိုင်ပါရန် သတင်းထုတ်ပြန် ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
March 31, 2025 - Naypyidaw
Senior General Min Aung Hlaing, Chairman of the State Administration Council and Prime Minister, conducted an inspection visit today to the Naypyidaw Tatmadaw (Armed Forces ) General Hospital to assess medical care being provided to victims of the recent earthquake.
During the visit, the Senior General met with patients receiving treatment for injuries sustained in the disaster, including civilians, government employees, and military personnel along with their family members.
He met individually with hospitalized patients, asking about their injuries and recovery status while offering words of consolation.
Hospital authorities reported that approximately 600 patients have been treated since the earthquake struck, with 30 requiring emergency surgical procedures. Currently, 42 patients remain hospitalized and are continuing to receive medical care.
The Senior General was accompanied by senior military medical officers during the inspection tour. He instructed hospital administrators to ensure all necessary resources are available for patient treatment and recovery.
This visit comes as part of the government's response to the earthquake that affected central regions of Myanmar earlier this week. The military hospital has been serving as a one of the primary treatment centers for casualties from the disaster.
#ymg/knl'
#World_Science
Published 31 March 2025
▪️ ပိုးဟပ်ရဲ့နို့မှာ အာဟာရဓာတ် ကြွယ်ဝစွာပါဝင်ပြီး သဘာဝအလျောက်တွေ့ရတဲ့ အာနိသင်အရှိဆုံး ဖြည့်စွက်စာ ဖြစ်လာနိုင်တယ်လို့ သုတေသီများ ပြောနေကြပါတယ်။
▪️ ပိုးဟပ်နို့မှာ သာမန်ခြံထွက်နွားနို့တွေထက် အာဟာရဓာတ် ၃ ဆလောက် ပိုပြီးပါဝင်နေနိုင်တယ်လို့ ယူဆနေကြပါတယ်။
▪️ ပိုးဟပ်မျိုးစိတ်တစ်ခုဆိုရင် အကောင်ပေါက်တွေကို တိုက်ကျွေးတဲ့နို့မှာ အာဟာရဓာတ် အကြွယ်ဝဆုံးအရာတစ်ခု ဖြစ်တယ်လို့ အိန္ဒိယမှ Stem Cell Biology and Regenerative Medicineအင်စတီကျုမှ သုတေသီတွေက ပြောပါတယ်။
▪️ ဒီနို့မှာ မရှိမဖြစ် အမိုင်နိုအက်ဆစ်များ၊ အကျိုးပြုအဆီများ ပြည့်ဝနေပြီး ခွန်အားဓာတ် ပါဝင်မှုနှုန်းက သာမန်ခြံထွက်နွားနို့ထက် ၃ ဆပိုများကြောင်း International Union of Crystallographyဂျာနယ်မှာ ဖော်ပြထားပါတယ်။
▪️ Diploptera punctate လို့ခေါ်တဲ့ ပစိဖိတ် နွားချေးထိုးပိုးဟပ်မျိုးစိတ်ဟာ ပရိုတိန်းကြွယ်ဝတဲ့ နို့ကို ထုတ်လုပ်ပါတယ်။
▪️ တခြားပိုးဟပ်တွေနဲ့ မတူတာက ဥဥတာမျိုးမဟုတ်ဘဲ အကောင်လိုက်မွေးတာ ဖြစ်ပါတယ်။
▪️ နို့တိုက်ကာလမှာ မိခင်ပိုးဟပ်က နို့တိုက်ဖို့အတွက် ဝါဖျော့ဖျော့နို့တွေ ထုတ်လုပ်ပါတယ်။
▪️ နို့က အကောင်ပေါက်တွေရဲ့ ဗိုက်ထဲရောက်တဲ့အခါ အမိုင်နိုအက်ဆစ်၊ အဆီများ၊ သကြားဓာတ်များနဲ့ ပြည့်ဝနေတဲ့ အာဟာရခဲများ ဖြစ်သွားပြီး ဒါတွေဟာ စွမ်းအားနဲ့ ဆဲလ်ပြုပြင်မှုအတွက် အရေးပါပါတယ်။
▪️ နို့တိုက်သတ္တဝါတွေထဲမှာ ကယ်လိုရီအကြွယ်ဝဆုံးနို့လို့ သတ်မှတ်ထားတဲ့ ကျွဲနို့ထက်ပင် ပိုးဟပ်နို့က ၃ ဆပိုများတယ်လို့ သုတေသီများ တွေ့ရှိထားပါတယ်။
▪️ ဒါပေမဲ့ ပိုးဟပ်နို့ကို ရောင်းချထုတ်လုပ်ဖို့ကတော့ အများကြီးလိုပါသေးတယ်။
▪️ နွားနို့နေရာ အစားထိုးတာမျိုး ဖြစ်မလာနိုင်သေးပေမယ့် အနာဂတ်မှာ အရေးပါလာနိုင်ပါတယ်။
#Source: WION
#Local_News
Published_31 March 2025
▪️ အင်အားအလွန်ပြင်းထန်သော မတ်လ ၂၈ ရက် မြေငလျင်ကြောင့် စက်သုံးဆီအ ရောင်းဆိုင်အချို့တွင် အဆောက်အဦများ ပြိုကျပျက်စီးခြင်း၊ မြေအောက်သိုလှောင်ကန်များအပါအဝင် ဆီပန့်နှင့်ဆက်သွယ်ထားသော မြေအောက်ဆီပိုက်လိုင်းများ ပျက်စီး ချို့ယွင်းခြင်း၊ စက်သုံးဆီဖြန့်ဖြူးရာတွင်အသုံးပြု သည့် မီးစက်အချို့ ပျက်စီးချို့ယွင်းခဲ့သည့် အပြင် လျှပ်စစ်မီးလိုင်းများပြတ်တောက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ပျက်စီးချို့ယွင်းမှုများကိုအမြန်ဆုံးပြန်လည်ပြင်ဆင်ဆောင်ရွက်ရေး ကြီးကြပ် ဆောင်ရွက်ခဲ့ရာ ယနေ့ မတ်လ ၃၀ ရက်တွင် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်းရှိ အရောင်းဆိုင် စုစုပေါင်း(၁ဝ၅)ဆိုင်အနက် အရောင်း ဆိုင် (၉ဝ)ခန့်နှင့် မန္တလေးတိုင်း ဒေသကြီးစည်ပင်သာယာ ရေးနယ်နိမိတ်အတွင်းရှိ အရောင်းဆိုင် (၁၆၄)ဆိုင်တို့ ပြင်ဆင်ပြီးစီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
▪️ ယင်းကြောင့် ပြန်လည် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ကျန်အရောင်းဆိုင်များကို ဆောလျင်စွာဖွင့်လှစ်နိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ စက်သုံးဆီအရောင်းဆိုင်များ အနေဖြင့် မည် သည့် ပျက်စီးချို့ယွင်းမှုမျှမရှိဘဲ ပုံမှန်အခြေအနေအတိုင်း ဆက်လက် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စွမ်းအင် ဝန်ကြီးဌာနက သိရသည်။
▪️ ထို့အပြင် ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရန်အတွက် ကြိုတင်စီမံထားသည့်အတိုင်း သီလဝါသိုလှောင်ကန်စခန်းများတွင် ရက်သတ္တပတ်(၁)ပတ်စာခန့် သိုလှောင်ထားရှိပြီး ဖြစ်သည့်အပြင် ဆီတင်သင်္ဘောများမှာလည်း အဆက်မပြတ်ဝင်ရောက်လျက်ရှိရာ Jetty များတွင် (၄)စီး၊ ပင်လယ်ဝတွင်(၃)စီး၊ လမ်းခရီးတွင်(၃)စီးနှင့် ပြည်ပနိုင်ငံများတွင် စက်သုံးဆီ တင်ဆောင်နေသည့်သင်္ဘော (၁၁) စီးဖြစ်သဖြင့် စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ် နိုင်မည် မဟုတ်ဘဲ ပုံမှန်ဖြန့်ဖြူးမှုများအပြင်လိုအပ်ပါက အရေးပေါ် Urgent ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်ထားကြောင်း သိရသည်။
▪️ ထို့ကြောင့် အများပြည်သူအနေဖြင့် လတ်တလောအခြေအနေကြောင့် စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ်မည်ဟု စိုးရိမ်စိတ်ဖြင့် မလိုအပ်ဘဲတန်းစီဝယ်ယူခြင်း၊ အပိုသိုလှောင် ထားခြင်း မပြုလုပ်ကြပါရန်နှင့် လိုအပ်သလောက် သာ ဝယ်ယူသုံးစွဲကြပါရန် စွမ်းအင်ဝန်ကြီးဌာနကအသိပေး နှိုးဆော်ချက် ထုတ်ပြန်ထားကြောင်း သိရသည်။
#Yangon_Times/PP
၃၀ မတ် ၂၀၂၅
လတ်တလောဖြစ်ပေါ်ခဲ့သည့် အခြေအနေကြောင့် နိုင်ငံနှင့်အဝှမ်း စက်သုံးဆီ ပြတ်လပ်မှုမရှိအောင် စနစ်တကျဆောင်ရွက်ထားပြီး ပြည်သူတွေအနေနှင့် စိုးရိမ်စိတ်ဖြင့် မလိုအပ်ဘဲတန်းစီဝယ်ယူခြင်း၊ အပိုသိုလှောင်ထားခြင်း မပြုလုပ်ကြပါရန် စွမ်းအင်ဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားပါတယ်။
ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရန်အတွက် ကြိုတင်စီမံထားသည့်အတိုင်း သီလဝါသိုလှောင်ကန်စခန်းများတွင် ရက်သတ္တပတ်(၁)ပတ်စာခန့် သိုလှောင်ထားရှိပြီးဖြစ်သည့်အပြင် ဆီတင်ယာဉ်များမှာလည်း အဆက်မပြတ်ဝင်ရောက်လျက်ရှိရာ JETTY များတွင်(၄)စီး၊ ပင်လယ်ဝတွင်(၃)စီး၊လမ်းခရီးတွင်(၃)စီးနှင့် ပြည်ပနိုင်ငံများတွင် စက်သုံးဆီတင်ဆောင်နေသည့် သင်္ဘော(၁၁)စီးဖြစ်သဖြင့် စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နိုင်မည်မဟုတ်ဘဲ ပုံမှန်ဖြန့်ဖြူးရေးများအပြင် လိုအပ်ပါကအရေးပေါ် Urgent ဖြန့်ဖြူးနိုင်ရန်အတွက် ဆီသယ်ယာဉ်များလည်း အဆင်သင့် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တယ်လို့လည်း အဆိုပါအသိပေးစာမှာ ဖော်ပြပါရှိပါတယ်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ အရောင်းဆိုင်များသို့ ဆီသယ်ယာဉ်(Bowser)များအဆက်မပြတ် ပို့ဆောင်ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ၂၉-၃-၂ဝ၂၅ ရက်နေ့တွင်နေပြည်တော်ရှိ အရောင်းဆိုင်များသို့ ဆီသယ်ယာဉ်(၂၂)စီးဖြင့် 92 Ron(၄၈,၅၉၉)ဂါလန်၊95 Ron(၁၂,၇၃၄)ဂါလန်၊ HSD(၂၂,၁၀၆)ဂါ လန်နှင့် PHSD(၂၈,၈၇၁)ဂါလန်တို့အားလည်းကောင်း၊ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရောင်းဆိုင်များသို့ ဆီသယ်ယာဉ်(၃၇၁)စီးဖြင့် 92 Ron(၃၀၆,၂၅၀)ဂါလန်၊ 95 Ron(၁၇၅,၀၉၂)ဂါလန်၊ HSD(၃၂၀,၇၀၆)ဂါလန်နှင့် PHSD(၄၅၅,၁၆၂)ဂါလန်တို့အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အရောင်းဆိုင်များသို့ ဆီသယ်ယာဉ်(၁၅၁)စီးဖြင့် 92 Ron(၃၆၇,၆၈၂)ဂါလန်၊ 95 Ron(၈၈,၂၇၃)ဂါလန်၊ HSD(၂၄၁,၆၂၂)ဂါလန်နှင့် PHSD (၃၅၂,ဝ၅၃)ဂါလန်တို့အားလည်းကောင်း၊ အခြားတိုင်းဒေသကြီး/ပြည်နယ်များရှိ .. အရောင်းဆိုင်များသို့ ဆီသယ်ယာဉ်(၄၁၈)စီးဖြင့် 92 Ron(၇၈၃,၉၅၀)ဂါလန်၊ 95 Ron(၁၄၅,၇၀၃)ဂါလန်၊ HSD(၅၁၈,၃၂၄)ဂါလန်နှင့် PHSD(၉၅၅,၉၃၆)ဂါလန်တို့အားလည်းကောင်း ပို့ဆောင်ခဲ့ပြီး ယနေ့တွင်လည်းယခင်သယ်ယူပို့ဆောင်မှုထက် ပိုမိုသယ်ယူပို့ဆောင်ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိနေကြောင်း သိရှိရပါတယ်။
မတ်လ ၂၈ရက် နေ့တွငလှုပ်ရှားခဲ့တဲ့ အင်အားအလွန်ပြင်းထန်သော မြေငလျင်ကြောင့်ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်တို့၏ အဆောက်အဦများ ပြိုကျပျက်စီးခြင်း/မြေအောက်သိုလှောင်ကန်အပါအဝင် ဆီပန့်နှင့်ဆက်သွယ်ထားသော မြေအောက်ဆီပိုက်လိုင်းများ ယိုယွင်းပျက်စီးခြင်း၊ စက်သုံးဆီ ဖြန့်ဖြူးရာတွင်အသုံးပြုသည့် မီးစက်အချို့ ပျက်စီးယိုယွင်းခဲ့သည့်အပြင် လျှပ်စစ်မီးလိုင်းများလည်း ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပေမယ့် အမြန်ဆုံးပြုပြင်မှုများဆောင်ရွက်ခဲ့တဲ့အတွက် အများစုကိုပြန်လည်ပြင်ဆင်ပြီး လုပ်ငန်းများလည်ပတ်နေပြီလို့လည်း အဆိုပါသတင်းထုတ်ပြန်ချက် က အသိပေးထားပါတယ်။
အဲဒါကြောင့် ယခုအခါ ယနေ့တွင် နေပြည်တော်အတွင်း အရောင်းဆိုင်(၁၀၆)ဆိုင်အနက် အရောင်းဆိုင် (၉၀)ခန့်နှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အရောင်းဆိုင်(၁၆၄)ဆိုင်အနက် အရောင်းဆိုင် (၁၀၀) ခန့် ပြင်ဆင်ပြီးစီးခဲ့ပြီး ပြန်လည်ဖွင့်လှစ်ရောင်းချလျက် ရှိနေပြီဖြစ်ပါတယ်။
ရန်ကုန်တိုင်းဓဒသကြီးအတွင်းရှိ အရောင်းဆိုင်(၂၁၇)ဆိုင်အနက် (၂၀၉)ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များရှိ အရောင်းဆိုင်များအနက် အကြောင်းအမျိုးမျိုးကြောင့်ယာယီ ပိတ်ထားသည့် အရောင်းဆိုင်အချို့မှလွဲ၍ အရောင်းဆိုင်အားလုံး ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း လည်း စွမ်းအင်ဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
#knl/ymg
Page 344 of 1938