#Local_News
Published 21 July 2025
▪️ ထိုင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ သံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် ထိုင်းနိုင်ငံဘုရင်မင်းမြတ် His Majesty King Maha Vajiralongkorn Phra Vajiraklaochaoyuhua ထံသို့ ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
▪️ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးဇော်ဇော်စိုးအား ထိုင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ၂၀၂၅ ခုနှစ် မတ်လအတွင်းက ခန့်အပ်ခဲ့တာပါ။
▪️ ထို့နောက် မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာအကြီးအကဲ ဖြစ်သူ Mr. Chakkrid Krachaiwong ထံ ၂၀၂၅ ခုနှစ်၊မတ်လ ၂၅ ရက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၌ ၎င်း၏ခန့်အပ်လွှာမိတ္တူကိုပေးအပ်ခဲ့ကာ ယခုမှသာ ထိုင်းနိုင်ငံဘုရင်မင်းမြတ်ထံ ခန့်အပ်လွှာပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
#Local_News
Published 21 July 2025
▪️ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အပတ်စဥ်ထုတ်ပြန်ပေးနေသည့် စားအုန်းဆီး အခြေခံလက် ကားရည်ညွှန်းဈေးမှာ ယခုတစ်ပတ်တွင် အနည်းငယ်ပြန်တက်လာကြောင်း သိရသည်။
▪️ ပြီးခဲ့သည့်နှစ်ပတ်ဆက်တိုက် တည်ငြိမ်နေသည့် စားအုန်းဆီလက်ကားဈေးမှာ ယခုတစ်ပတ်တွင် အနည်းငယ်ပြန်တက်လာခြင်းဖြစ်ပြီး ဇူလိုင်လ(၂၁)ရက်မှ (၂၇)ရက်အထိ တစ်ပတ်တာ ကာလအတွင်းရောင်းချရမည့် ရန်ကုန်အထိုင် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိသာ ကျပ်(၆,၀၅၅) ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် ဇူလိုင်လ(၇)ရက် မှ (၂၀)ရက်အထိ နှစ်ပတ်တာ ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိသာ (၆,၀၃၀) ကျပ်ဖြစ်ရာမှာ ယခုတစ်ပတ်တွင် တစ်ပိသာ ကျပ်(၆,၀၅၅) ဖြစ်လာသောကြောင့် တစ်ပိသာလျှင် ၂၅ကျပ်မြင့်တက်လာခြင်းဖြစ်သည်။
▪️ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန် ရည် ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
အခုနှစ်စိုက်ပျိုးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ်ဘီလီယံ ၇၀၀နီးပါး ထုတ်ချေးသွားမယ်လို့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေးက သိရပါတယ်။
#Local_News
Published 21 July 2025
#စိုက်ပျိုးစရိတ်ချေးငွေ #ထုတ်ချေး
#YMG/NN #Yangon_Times
ဘင်္ဂလားပင်လယ်အော်မှာမုန်တိုင်းငယ်ဖြစ်နိုင်တာကြောင့် နိုင်ငံအဝှမ်း မိုးကြီးပြီး မြစ်ရေတက်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ထုတ်ပြန်တဲ့ ဇူလိုင်လတတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်အရ သိရပါတယ်။
#Local_News
Published 21 July 2025
#မုန်တိုင်းငယ်ဖြစ်နိုင် #မိုးကြီးပြီးမြစ်ရေတက်နိုင်
#YMG/NN #Yangon_Times
#World_News
Published 21 July, 2025
▪️ ပြီးခဲ့တဲ့လ အစ္စရေးလ်နဲ့ တိုက်ခိုက်ခဲ့စဉ်က ပျက်စီးသွားတဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေကို အစားထိုးပြင်ဆင်ပြီးပြီလို့ အီရန်ရဲ့ Defah Press သတင်းဌာနက တနင်္ဂနွေနေ့မှာ ဖော်ပြထားပါတယ်။
▪️ ဇွန်လက အစ္စရေးလ်လေတပ်ဟာ အီရန်လေပိုင်နက်ကို အသာရခဲ့ပြီး လေကြောင်းကာကွယ်ရေးစနစ်များကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ကာ အီရန်တပ်များကလည်း အစ္စရေးလ်နယ်မြေထဲသို့ ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်နိုင်ခဲ့ပါတယ်။
▪️ "လေကြောင်းကာကွယ်ရေးစနစ်အချို့ ထိခိုက်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းဖြစ်ရင်းမြစ်များ အသုံးပြုထားကာ လေကြောင်းလုံခြုံရေးအတွက် ကြိုတင်သိမ်းဆည်းထားတဲ့ စနစ်များဖြင့် အစားထိုးပြီးဖြစ်ပါတယ်" လို့ အီရန်တပ်မတော် စစ်ဆင်ရေးလက်ထောက် မာမွတ်မိုဆာဗီက ပြောပါတယ်။
▪️ စစ်ပွဲမတိုင်ခင်တည်းက အီရန်ဟာ ပြည်တွင်းထုတ် တာဝေးပစ် လေကြောင်းကာကွယ်ရေးစနစ် Bavar- 373 တွေ ပိုင်ဆိုင်တဲ့အပြင် ရုရှားထုတ် S-300 စနစ်လည်း ပိုင်ဆိုင်ပါတယ်။
▪️ Defah Press ဖော်ပြချက်ထဲမှာတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်း နိုင်ငံခြားထုတ် လေကြောင်းကာကွယ်ရေးစနစ်တွေ အီရန်သို့တင်ပို့တဲ့အကြောင်းတွေ မပါဝင်ပါဘူး။
▪️ ပြီးခဲ့တဲ့ အောက်တိုဘာလ အစ္စရေးလ်ဘက်က အီရန်ဒုံးကျည်စက်ရုံတွေကို တိုက်ခိုက်ပြီးနောက် အီရန်ဟာ ပြန်လည်နလန်ထူပြီးကြောင်း ပြသတဲ့အနေနဲ့ ရုရှားထုတ် လေကြောင်းကာကွယ်ရေးစနစ်များဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။
#Source: Reuters
ရုရှားနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံတို့မှ ထုတ်လုပ်တဲ့ ဓာတ်မြေဩဇာများအား မြန်မာနိုင်ငံမှ ဝယ်ယူနိုင်ရေးနှင့် မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်ရေးတို့အတွက် ဆွေးနွေးဆောင်ရွက်လျှက်ရှိတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။
#Local_News
Published 21 July 2025
#ဓာတ်မြေဩဇာ #မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
#YMG/SW #Yangon_Times
#Local_News
Published 21 July 2025
▪️ ယနေ့နံနက်အစောပိုင်း ၀၀း၁၅ နာရီအချိန်ခန့်က မဟာဗန္ဓုလတံတားပေါ်တွင် ယာဥ်တိမ်းမှောက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်ခရိုင်အတွင်းရှိ မဟာဗန္ဓုလတံတားပေါ် တွင် ဒေါပုံဘက်သို့အသွား တံတားအတက်၌ TOYOTA TOWNACE စူပါကာစတန်ကားတစ်စီးမှ တံတားပလက်ဖောင်းကိုကျော်၍ ဓာတ်တိုင်အား၀င်တိုက်ကာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အခင်းဖြစ်ပွားရာနေရာသို့ ရှင်သန်ရေးကူညီမှုအသင်းကားနှစ်စီးဖြင့် သွားရောက် ကူညီပေးခဲ့ပြီး Dead Body အား ရှင်သန်ရေးကူညီမှုအသင်းသားများက ကူညီထုပ်ပိုးပြီး အသင်းကားဖြင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
မြန်မာနိုင်ငံက ငလျင်သင့်ပြည်သူ သုံးသိန်းကျော်အတွက်စားနပ်ရိက္ခာအထောက်အပံ့တွေကို တရုတ်နိုင်ငံက WFPမှ တဆင့် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 21 July 2025
#WFP #ငလျင်သင့်ပြည်သူများကိုတရုတ်လှူဒါန်း
#YMG/SW #Yangon_Times
#Local_News
Published 21 June 2025
▪️ မြန်မာနိုင်ငံမှထွက်ရှိသည့် ထောပတ်သီးမှ အခြေခံထုတ်လုပ်သော အလှကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ပြီဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
▪️ ထိုသို့တင်ပို့လိုသူများအနေဖြင့် တရုတ်နိုင်ငံ အလှကုန်ကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာစည်းမျဉ်း (CSAR) မှ ထုတ်ပြန်ထားတဲ့ Special Cosmetics နဲ့ General Cosmetic လျှောက်ထားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လိုက်နာဆောင်ရွက်နိုင်မည်ဖြစ်သည်။
▪️ ထို့အပြင် ထောပတ်သီး၊ ထောပတ်သီးနှင့် ဆက်စပ်သည့်တန်ဖိုးမြှင့်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက်လက်ရှိတွင် ထောပတ်သီးစိမ်းကို လတ်ဆက်သော သစ်သီးဝလံအဖြစ် တင်ပို့နိုင်ရေးအတွက် အန္တရာယ်ရှိ ဖျက်ပိုးများအတွက် လေ့လာအကဲဖြတ်ခြင်း (PRA) ကို အဝေးရောက်စနစ်ဖြင့် လေ့လာအကဲဖြတ်ခြင်း (Remote Video Inspection) ကျင့်သုံးဆောင်ရွက်ရန်လည်း နှစ်နိုင်ငံအကြား သဘောတူထားပြီးဖြစ်ကြောင်း သိရသည်။
▪️ ထောပတ်သီးနှင့် ဆက်စပ်သည့်တန်ဖိုးမြှင့်စားသောက်ကုန်များဖြစ်သည့် ထောပတ်သီးဆီ၊ဖျော်ရည်များ၊ အေးခဲသစ်သီးများကို GACC ၏ CIFER system မှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 21 July, 2025
▪️ ညအချိန်နှလုံးခုန်နှုန်း အခြေအနေနဲ့ ကျန်းမာရေးအခြေအနေတို့ကြား ဆက်စပ်မှုကြီးမားကြောင်း သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
▪️ ဘန်းတက္ကသိုလ်ဆေးရုံက ၁၃ နှစ်တာအတွင်း လူပေါင်း ၄,၁၇၀ ကို လေ့လာခဲ့ရာမှာ အိပ်နေစဉ် နှလုံးခုန်နှုန်းပြောင်းလဲခြင်းက လေဖြတ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဦးနှောက်အသိဉာဏ်ယိုယွင်းခြင်းစတဲ့ ကျန်းမာရေးအခြေအနေများရဲ့ အစောပိုင်းလက္ခဏာကို ပြသနေတယ်လို့ တွေ့ရှိလာပါတယ်။
▪️ ဒါဟာ နှလုံးခုန်ချက်ကြားမှာ ကြာမြင့်ချိန် အတက်အကျဖြစ်တဲ့သဘော ဖြစ်ပါတယ်။
▪️ နောက်ပိုင်းမှာ လေဖြတ်နိုင်ခြေရှိသူတွေမှာ နှလုံးခုန်နှုန်းပြောင်းလဲချက်က များနေပြီး စိတ်ဓာတ်ကျဝေဒနာ ခံစားရသူတွေမာတော့ ပြောင်းလဲချက်နည်းနေတာ တွေ့ရပါတယ်။
▪️ ကြိမ်နှုန်းပြောင်းလဲပြီး နှလုံးခုန်နှုန်းပြောင်းလဲချက် မြင့်တဲ့သူတွေမှာ နှလုံးသွေးကြောရောဂါ၊ ဟော်မုန်းရောဂါတို့လည်း ဖြစ်လာပါတယ်။
▪️ ဒီလိုမျိုး ခန္ဓာကိုယ်လုပ်ဆောင်ချက်များ ပြောင်းလဲခြင်းနဲ့ လက္ခဏာများ ပေါ်ပေါက်လာခြင်းက အယ်ဇိုင်းမား၊ လေဖြတ်ခြင်းလိုမျိုး ရောဂါတွေကို စောစီးစွာ သိရှိကာကွယ်စေနိုင်မှာ ဖြစ်ပါတယ်။
▪️ ဒီလိုမျိုး နှလုံးခုန်နှုန်းအပြောင်းအလဲတွေကို စောင့်ကြည့်ဖို့ စက်ပစ္စည်းများတပ်ဆင်လာနိုင်ပါတယ်။
▪️ အိပ်စက်ခြင်းဆိုတာက ရေရှည်ကျန်းမာရေးအတွက် အဓိကထောက်တိုင်တစ်ခု ဖြစ်ပါတယ်။
▪️ ဒါကြောင့် အိပ်စက်စဉ်မှာ နှလုံးခုန်နှုန်းတည်ငြိမ်အောင် ထိန်းသိမ်းဖို့က ဦးနှောက်ကျန်းမာရေးအတွက် အထူးအရေးကြီးနေပါတယ်။
#Source: ANI
#World_Health
Published 21 July, 2025
▪️ နို့ထွက်ပစ္စည်း စားတာများရင် အိပ်စက်ခြင်းကို ထိခိုက်စေနိုင်တယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။
▪️ သုတေသီများက ကျောင်းသား ၁ ထောင်ကျော်ကို သူတို့ရဲ့ အိပ်စက်မှုအခြေအနေ၊ စားသောက်နေထိုင်မှုပုံစံတို့နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြရာ လက်တို့စ်မတည့်ခြင်းနဲ့ အအိပ်ပျက်ခြင်းတို့ကြား ဆက်စပ်နေတာကို တွေ့ရှိခဲ့ပါတယ်။
▪️ လက်တို့စ်ပါဝင်တဲ့စားစရာတွေက ဒိန်ခဲ၊ နို့၊ ရေခဲမုန့်တို့ ဖြစ်ပါတယ်။
▪️ ဒီထဲက ၃ ပုံ ၁ ပုံလောက်က အိပ်မက်ဆိုးတွေ ပုံမှန်မက်တယ်လို့ ဖြေကြားပြီး ၄၀ ရာခိုင်နှုန်းက နောက်ကျမှစားခြင်း၊ အချို့သောအစားအစာကြောင့် အိပ်စက်ခြင်းကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။
▪️ ဘယ်လိုအစားအစာတွေက အိပ်စက်မှုအပေါ် သက်ရောက်စေလဲဆိုတဲ့အကြောင်း မေးမြန်းခဲ့ကြပါတယ်။
▪️ လက်တို့စ်ဓာတ်မခံနိုင်သူတွေက အစာအိမ်အူလမ်းကြောင်း လက္ခဏာများ၊ အိပ်မက်ဆိုးများ၊ ကောင်းစွာအိပ်မပျော်ခြင်းတို့ ခံစားရတတ်ကြောင်း တွေ့ရှိလာပါတယ်။
▪️ အစားအစာတစ်မျိုးမျိုးကို မခံနိုင်တဲ့သူတွေမှာ မတည့်တဲ့အစာတွေကို သိရှိခြင်းဖြင့် ရှောင်ရှားနိုင်ပါတယ်။
▪️ အစားကို ကောင်းကောင်းမစားရင် ကောင်းစွာမအိပ်နိုင်ဘူးဆိုတာလည်း ဖြစ်နိုင်ပါတယ်။
▪️ တွေ့ရှိချက်တွေက တကယ်မှတ်ချက်ပြုနိုင်လားဆိုတာ ပိုမိုသိရှိရဖို့ လူအမျိုးမျိုးမှာ လေ့လာရဦးမှာဖြစ်ပါတယ်။
▪️ အစားအစာတွေက အိပ်မက်တွေအပေါ် သက်ရောက်မှုရှိလားဆိုတာ သေချာသိရဖို့ နောက်ထပ်လေ့လာချက်တွေ ပြုလုပ်ရမှာဖြစ်ပြီး ဒိန်ခဲနဲ့ အခြားစားစရာတွေ စားခြင်းဖြင့် လေ့လာချင်တယ်လို့ ဒီမွန်ထရီရယ်တက္ကသိုလ်မှ ဒေါက်တာတိုရီနီယဲဆင်က ပြောသွားပါတယ်။
#Source: MedicalXpress
၂၀ ဇူလိုင် ၂၀၂၅
နယူးယောက်ပြည်နယ်၊ ဝက်စ်ဘူရီမြို့ရှိ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုတွင် သံလိုက်စက် ကွင်းပဲ့တင်သံ ရုပ်ပုံဖော်စက် (MRI) ထဲသို့ ဆွဲငင်ခံရပြီးနောက် လောင်းအိုင်လန်မှ အသက် ၆၁ နှစ်အရွယ် ကိတ် မက်အဲလိစ်တာ သေဆုံးသွားကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။
အဆိုပါ ဖြစ်ရပ်သည် ဗုဒ္ဓဟူးနေ့က Nassau Open MRI တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မက်အဲလိစ်တာသည် သူ၏ဇနီးဖြစ်သူ Adrienne Jones-McAllister ဒူးကို စကင်ဖတ်ရန်အတွက် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။
ဇနီးဖြစ်သူAdrienne ၏ ပြောကြားချက်အရ သူမ၏ခင်ပွန်းသည် စကင်ဖတ်သည့် စားပွဲမှ သူမ မတ်တပ်ထရပ်နိုင်ဖို့ ကူညီရန်အတွက် MRI အခန်းထဲသို့ ဝင်ရောက်သွားစဉ် အားပြင်းသော သံလိုက်စက်ကွင်းတစ်ခုက စတင်အလုပ်လုပ်ခဲ့ကြောင်း သိရသည်။
"သူ့ကိုယ်လုံးက ပျော့ခွေသွားတယ်" ဟု News 12 Long Island သို့ သူမက ပြောကြားခဲ့သည်။ "ကျွန်မ လက်ထဲမှာ သူ ပျော့ခွေသွားတာ အခုထိ ကျွန်မ ဦးနှောက်ထဲမှာ စွဲနေတုန်းပဲ" ဟု ဆိုသည်။
Adrienne နှင့် တာဝန်ကျ MRI နည်းပညာရှင်တို့က မက်အဲလိစ်တာကို စက်မှ ဆွဲထုတ်ရန် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။
မက်အဲလိစ်တာသည် လေးလံသော သော့နှင့် သံကြိုးကြီးကို ဝတ်ဆင်ထားခဲ့ပြီး ယင်းသံကြိုးကြောင့် အားပြင်းသော MRI သံလိုက်စက်က သူ့အား စက်ထဲသို့ ဆွဲသွင်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စိုးရိမ်ရသည့် အခြေအနေကြောင့် သူ့ကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့သော် လည်း နောက်တစ်နေ့တွင် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။
Adrienne က သူမ၏ခင်ပွန်းသည် ကိုယ်အလေးချိန် လေ့ကျင့်ခန်းများအတွက် အလေးချိန် ပေါင် ၂၀ ရှိသော သံကြိုးကို ပုံမှန်ဝတ်ဆင်လေ့ရှိပြီး ယင်းဆေးဘက်ဆိုင်ရာ အဆောက်အအုံသို့လည်း ယခင်က ရောက်ဖူးကြောင်း ပြောကြားခဲ့သည်။
"အဲ့ဒီလူ (နည်းပညာရှင်) က အဲ့ဒီသံကြိုးကို ပထမဆုံးအကြိမ် မြင်တာမဟုတ်ဘူး။ သူတို့ အရင်ကလည်း အဲ့ဒီအကြောင်း ပြောဖူးတယ်" ဟု သူမက ဆိုသည်။
Nassau ကောင်တီရဲဌာန၏ လူသတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့က အဆိုပါ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ယခုအချိန်အထိ မည်သည့် စွဲချက်မှ မတင်ရသေးပေ။
အဆိုပါ ကြေကွဲဖွယ်ရာ ဖြစ်ရပ်အပြီးတွင် ဆေးဘက်ဆိုင်ရာ ပညာရှင်များက MRI ဘေးကင်းရေး လုပ်ထုံးလုပ်နည်းများ၏ အရေးကြီးပုံကို ပြောကြားခဲ့ကြသည်။
North Shore တက္ကသိုလ်ဆေးရုံမှ ဆရာဝန် Payal Sud က "အန္တရာယ်တွေက အလွန်ကြီးမားနိုင်ပါတယ်။ ဒါကြောင့် ဘေးကင်းရေး ကြိုတင်ကာကွယ်မှုတွေ အားလုံးကို ဘာကြောင့် လုပ်ထားရတာ လဲဆိုတာကိုလည်း ထောက်ပြနေပါတယ်" ဟု CBS New York သို့ ပြောကြားခဲ့သည်။
MRI စက်၏ ပြင်းထန်သော သံလိုက်စက်ကွင်းကြောင့် လူနာများအား MRI စကင်မဖတ်မီ လက်ဝတ်ရတနာများ၊ ခါးပတ်များ၊ အချို့အဝတ်အစားများ အပါအဝင် သတ္တုပစ္စည်းများ အားလုံးကို ဖယ်ရှားရန် လိုအပ်သည်။
"အဲဒါက သံလိုက်စက်ကွင်းရဲ့ အလယ်ဗဟိုကို ဝင်ဖို့ ကြိုးစားနေတဲ့ တော်ပီဒိုလိုမျိုးနှင့်တူသွားလိမ့်မယ်" ဟု ဆေးရုံ၏ ပုံရိပ်ဖော်ဝန်ဆောင်မှုဌာန ဒါရိုက်တာ Charles Winterfeldt က CBS New York သို့ ပြောကြားခဲ့သည်။
Source:hindustantimes.com
Page 345 of 2056