#World_News
Published 27 September 2025

▪️ အမေရိကန် လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဦးက နယူးယော့ခ်မြို့တရားရုံးတစ်ခုမှာ အမျိုးသမီးတစ်ဦးကို ကြမ်းပြင်သို့ တွန်းချခဲ့ပါတယ်။

▪️ ချီကာဂိုထိန်းသိမ်းရေးဌာနတစ်ခု အပြင်ဘက်မှာ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးဖြင့် လူစုခွဲခဲ့ပါတယ်။

▪️ ဘော့စ်တွန်နားတဝိုက်မှာ ဖမ်းဆီးမှုအတွင်း အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

▪️ သမ္မတဒေါ်နယ်ထရမ့်တို့ လူဝင်မှုတိုက်ဖျက်နေတဲ့အပေါ် အမေရိကန်မြို့ကြီးတွေမှာ တင်းမာမှုမြင့်တက်လာပြီး ကြာသပတေးနေ့နဲ့ သောကြာနေ့တို့မှာ ယခုလို ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။

▪️ အမေရိကန်မှာ နေထိုင်နေတဲ့ ရွှေ့ပြောင်းသူတွေကို ထရမ့်က ပမြောက်အများ နေရပ်ပြန်ပို့ဖို့ ကြိုးပမ်းနေရာ ပြစ်မှုမှတ်တမ်း မရှိသူတွေကိုပါ ဖမ်းဆီးနေပါတယ်။

▪️ နယူးယော့ခ်၊ ချီကာဂို၊ ဝါရှင်တန်နဲ့ ဒီမိုကရက်အားပေးမြို့များမှ လူတွေက ယခုရက်ပိုင်းအတွင်း ပြန်လည်ခုခံလာကြပါတယ်။

▪️ ဂွာတီမာလာမှ အမျိုးသမီးဆိုရင် အမြဲတမ်းနေထိုင်ခွင့်ရှိသူဆိုပေမယ့် လူဝင်မှုထိန်းသိမ်းရေးတွေက သူမကို ကြမ်းပြင်သို့ တွန်းချခဲ့ကြပါတယ်။

▪️ လူဝင်မှုထိန်းသိမ်းရေးအရာရှိတွေ မျက်နှာအုပ်ဝတ်ဆင်ခြင်း မရှိစေမယ့် ဥပဒေတစ်ခုကို ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဒီမိုကရက်ဘက်တော်သား ဂေဗင်နယူဆန်က လက်မှတ်ရေးထိုးလိုက်ပါတယ်။

▪️ ချီကာဂိုဆင်ခြေဖုံးအရပ်ရှိ လူဝင်မှုထိန်းသိမ်းရေးစခန်းတစ်ခုနားမှာ ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့အတွက် အရာရှိတွေက မျက်ရည်ယိုဗုံးတွေသုံးခဲ့ကြပါတယ်။

▪️ ခြံစည်းရိုးအနောက်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဒီလိုမျိုး ပစ်ခတ်စရာအကြောင်း မရှိဘူးလို့ လင်ကွန်းပတ်ပရက်စ်ဘီတာရီယန် ဘုရားကျောင်းမှ သင်းအုပ်ဆရာက ပြောသွားပါတယ်။

Source: Reuters